06 February 2017

“NLD အစိုးရလက်ထက်အလုပ်သမားဝန်ကြီးဌာနစွမ်းဆောင်ရည်ညံ့ဖျင်း”



                
၂၀၁၇ ဖေဖေါ်ဝါရီလ ၆ ရက်
ရွှေလုပ်သား
 

          ပြည်တွင်းပြည်ပအလုပ်သမားအရေးအရာကိစ္စရပ်တို့အား နိုင်နင်းစွာစီမံခန့်ခွဲမှုမပြုနိုင်သော အလုပ် သမားဝန်ကြီးဌာ၏ စွမ်းဆောင်ရည်မှာ ခေတ်နှင့်အမီမလိုက်နိုင်ပဲအလွန်ညံ့ဖျင်းကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူများကပြောသည်။

        လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အား၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့်
 နေ့တဓူဝ ဖြစ်ပေါ် နေသည့် ပြည်တွင်းအလုပ်သမားအရေးအရာကိစ္စရပ်များကိုလည်း မဖြေ ရှင်းနိုင်သကဲ့သို့ ငါးသန်းထက် မနည်း ရှိသည့် ထိုင်းရောက်အလုပ်သမားများအရေးကိစ္စရပ်တို့ ကို လည်း မဖြေရှင်းနိုင်ပေ။


         ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာ ၉သိန်းနီးပါးနှင့် ၄နှစ်ဗီဇာကုန်ထား သည့်မြန်မာအလုပ် သမား ၆သိန်းကျော်ကို မြန်မာအစိုးရက၂၀၁၆ ခုနှစ် စက်တင်ဘာလက တည်းက Certificate Identity…CI လုပ်ပေးမည်ဆို၍ မြန်မာအလုပ်သမားများ ၀မ်းမြောက် ခဲ့ကြပါသည်။ ထိုမှစ၍ ဟိုလ,ဖွင့်နိုး၊ ဒီလ,ဖွင့်နိုးဖြင့် ယခု အခါ ၂၀၀၇ ခုနှစ်ဖေဖေါ်ဝါရီလ ပထမပတ်သို့ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ 

          ၂၀၀၇ ခု ဇန်န၀ါရီလတွင် နေထိုင်ခွင့် ကုန်ဆုံးခဲ့သည့်အလုပ်သမားများမှာ ဘတ်သက် တမ်းဆက်၍မရသဖြင့်နေထိုင်ခွင့်ကုန်ဆုံးကာ တရားမ၀င်အလုပ်သမားများဖြစ်သွားခဲ့ကြရ သည်။ ဖေဖေါ်ဝါရီလ ၂၂ ရက် နေ့တွင် နေထိုင်ခွင့် ကုန်ဆုံးကြမည့် သိန်းချီသည့် အလုပ်သမား များမှာ တစ်နှစ်စာနေထိုင်ခွင့် သက်တမ်းတိုးခ အတွက် ဘတ်ငွေ ၆,၀၀၀ ခန့် အကုန်အကျခံ၍ လုပ်ကိုင်နေကြရပြီဖြစ်ပါသည်။ 

        မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ပဲခူးမြို့မှ ၀င်းကို ဆိုသည့် အလုပ်သမားက “ တစ်နေ့က ကျနော့် အမေဆုံးတယ်။ ကျနော်ပန်းရောင် ဘတ်ကဒ်နဲ့ ထောက်ခံစာလုပ်ဖို့အတွက် အမေ့အလောင်းမမီနိုင်တော့ဘူး။ CI စောစောစီးစီးလုပ်ပေးခဲ့ရင် ကျနော့်အမေ အ,သုဘကို ကျနော် သွားသင်းဂြိုဟ်ခွင့်ရမယ်။ ကျနော် တစ်ဘ၀ လုံးအတွက် စိတ်ထိခိုက်မဆုံးဘူး” ဟုပြော သည်။

  မြန်မာအလုပ်သမားဝန်ကြီးဌာန၏ ကြိုတင်ပြင်ဆင်မှုအားနည်းမှုတို့ကြောင့် ဖမ်းဆီးခံရခြင်း၊ ပွဲစားများ၏ လိမ်လည်မှုများကိုခံခြင်းများကိုကြုံတွေ့နေကြရသည်။ 

          ပွဲစားများဖြင့် ချိပ်ဆက်၍ မြန်မာပြည်သို့ ပတ်စပို့ထုတ်၊ ဗီဇာပြောင်းလဲပါက အနည်းဆုံး ဘတ်ငွေ ရှစ်ထောင်၊ ကိုးထောင်ပေးချေနေကြရပြန်သည်။

         မြန်မာသံရုံးတွင်ဖွင့်လှစ်ထားသည့် ပတ်စပို့ထုတ်ပေးရေးစခန်းတွင် လည်း အနည်းဆုံး ၆လခန့်ကြာ တတ်သဖြင့် အလုပ်သမားများ စိတ်ပျက်ကြရသည်။ လက်ရှိ မြန်မာအလုပ်သမား ၀န်ကြီးဌာသည် ခုံသမ္မာဓိကောင်စီဖွဲ့စည်းခြင်းကိစ္စ၊  ပြည်တွင်းအလုပ်သမားများ လုပ်အားခ လစာကိစ္စ၊ အလုပ်သမားများအား အလုပ်ထုတ်ပယ်သည့်ကိစ္စ၊ နိုင်ငံခြားသားအလုပ်သမားများ ခန့်ထားရေးကိစ္စ၊ လုပ်ငန်းခွင်ထိခိုက်အန္တရာယ် ကာကွယ်ခြင်းများနှင့် ကျွမ်းကျင်လုပ်ငန်းခွင် အဖြစ် ဖန်တီးနိုင် ခြင်းမရှိသည်ကိုတွေ့ရှိရပါသည်။


       လူထုရွေးချယ်တင်မြှောက်ထားသည့်NLDအစိုးရသည်လာဘ်စားမှုတိုက်ဖျက်မည်ဟု
 ကြွေးကြော်ခဲ့သော်လည်း လာဘ်စားသူကစားမြဲ၊ လက်တွေ့မကျသည့် အခမ်းအနားများ ကို လုပ်ပြမြဲပင်ဖြစ်သည်။ အထူး သဖြင့် ထိုင်းနှင့် မလေးရှားနိုင်တို့မှထုတ်လုပ်သည့် တရားမ၀င် တယ်လီဖုန်းဆင်းကဒ်ရောင်းချခဲ့မှုများနှင့် တရားမ၀င် အာမခံရောင်းချခဲ့မှုများအပြင်၊   မြ၀တီေ ကျာက်လုံးကြီးစခန်းတွင် စမတ်ကဒ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်တွင် ငွေအပိုကောက်ခံနေခြင်း များ၊ ဘန်ကောက် အလုပ်သမားသံအရာရှိက အလုပ်သမားခေါ်စာအတွက် လာဘ်ငွေယူမှု များကို အထောက်အထားအပြည့်အစုံတို့ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ MAT အဖွဲ့က တိုင် ကြားခဲ့သော်လည်း စစ်ကြောခြင်းမပြုပဲ လစ်လျူရှုထားဆဲဖြစ်သည်။

           ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “နိုင်ငံခြားတိုင်းပြည်မှာ တရားဝင်နေ ထိုင်အလုပ်လုပ်ခွင့်ဆိုတာ အသက် တစ်မျှ အရေးကြီးပါတယ်။ အလုပ်သမားဝန်ကြီးဌာနဟာ ဒီလောက်အရေးကြီးတဲ့ကိစ္စကိုအလျှင် အမြန်အကောင်အထည်မဖေါ်ပဲ အချိန်ရွှေ့နေတယ်။ အထူးသဖြင့် CI ထုတ်မယ့်ကိစ္စ ထိုင်း အစိုးရက ပုံစံတစ်မျိုးပြောင်းသွားရင် မြန်မာအလုပ်သမား တွေနစ်နာကုန်မယ်။ အလုပ်သမား နစ်နာရင် တိုင်းပြည်ဝင်ငွေလည်းဆုံးရှုံးမှာပဲ။ ငါးသန်းသောမြန်မာအလုပ်သမားတွေအတွက် ဘာလုပ်သင့်တယ်ဆိုတာ အမေစုနဲ့ ကျနော်တို့ ၂၀၁၆ ခု ဇွန်လ ၂၅ ရက်နေ့က အချက် အလက်တွေတင်ပြခဲ့ပါတယ်။ အခု ၈လကြာသွားပြီး၊ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ မူဝါဒတစ်စုံတစ်ရာ တိုးတက်ပြောင်းလဲတာမတွေ့ရသေးဘူး။” ဟုပြောသည်။
 
         လက်ရှိအချိန်တွင် အလုပ်သမားတို့သည် ငွေပေး၍ နယ်ကျော်ထောက်ခံစာတောင်းရ။ အချို့နယ်မြေ များတွင် ထောက်ခံစာတောင်း၍ နယ်မြေအလုပ်သမားဝန်ကြီးဌာနက ထုတ်မေ ပးပါ။ ထို့အပြင် ပန်းရောင် ဘတ်ကဒ်မှ ပတ်စပို့သို့ မြန်မာသံရုံးတွင် ပြောင်းထားသူများ ကို   ထောက်ခံစာတောင်းမရပဲ နယ်ကျော်လျှင် လည်းပုလိပ်ဖမ်းဆီးခြင်းကိုခံကြရပြန်သည်။ 

         ထိုင်းရောက်မြန်မာအလုပ်သမားများ၏အခြေအနေမှာ ယခင်စစ်အစိုးရလက် ထက်က အတိုင်းသာ ရှိသေးကြောင်း အလုပ်သအားရေးကျွမ်းကျင်သူများကဆိုကြသည်။