24 May 2012

“ပိုက်ကွန်စက်ရုံအလုပ်သမား လုပ်အားခ ဘတ် ၂သန်းကျော်ဆုံးရှုံးခံရ”




မေ ၂၄ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံအလယ်ပိုင်း khon kaen(ခေါင်းကဲင်မြို့)မှာ ရှိတဲ့ (ဒေချာဖမ်းနစ်) DECHAPANICH  FISHING NET FACTORY LTD PART  ငါးဖမ်းပိုက်ကွန် ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အလုပ်ရုံ က မြန်မာအလုပ် သမား ၇၃၈ ယောက် တို့ကို ထိုင်းအာဏာပိုင်တွေက မနေ့က ထိုင်းမြန်မာနယ် စပ်ကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီးဖြစ် ပါတယ်။
 ကလေးအလုပ်သမား ၃၅ ဦးအပါအ၀င် အမျိုးသား ၄၀၁ဦးနဲ့ အမျိုးသမီး ၃၀၂ ဦး တို့အပါအ၀င်ဖြစ် ပါတယ်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ က အလုပ်ရုံသို့ ထိုင်းပုလိပ်များက ၀င်ရောက်ဖမ်းဆီးမယ်လို့ သတင်းရရှိ
တာကြောင့် အလုပ်သမားတွေကို လုပ်ငန်းရှင်က  အခြားတစ်နေရာသို့ ရှောင်တိမ်း ပြောင်းရွှေ့ ထားခဲ့ပါတယ်။ တစ်ညအိပ်ပြီးတဲ့နောက် ထိုင်းအာဏာ ပိုင်များက လာရောက်ဖမ်းဆီးခဲ့ပြီး ခေါင်းကဲင် အကျဉ်းထောင်မှာ ၁၀ ရက်ကျော်ကြာ ထောင်ကျခံခဲ့ကြတာပါ။
တရားမ၀င် နိုင်ငံအတွင်း ၀င်ရောက်မှုနဲ့ ထောင်ကျခံခဲ့ရပြီး  ခေါင်းကဲင် အလုပ်သမား ကာကွယ်စောင့် ရှောက်ရေးရုံးက အလုပ်ရှင်ဆီက တောင်းပေးမယ်လို့ ပြောခဲ့ပေမယ့် အလုပ်သမား တွေရဲ့လုပ်အားခ ဘတ် နှစ်သန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။တစ်ဦးချင်းစီ တစ်နေ့ ၂၀၀ဘတ်နုန်းနဲ့ ၁၆ ရက်  စာ အားလုံးပေါင်း ဘတ်  ၂သန်းကျော် ဖြစ်လို့လို့ အလုပ်သမား ကိုညာက ပြောပါတယ်။


ဘန်ကောက်ဝတ်တလုံးကျောင်းက မြန်မာရဟန်းေ တာ်ဦးဇောတိက မြန်မာသံရုံးကို အကူအညီတောင်းခံ ခဲ့ပါတယ်။ မြန်မာသံရုံးကလည်း အလုပ်သမားတွေ   ထောင်ဝင်စာတွေ့ ဖို့ စားစရိတ်တွေနဲ့  နယ်စပ် ကို  ရောက် ရင်နယ်ခြားစောင့်တတ် မှာ တစ်ဦးကို ဘတ်ငွေ ၁၅၀၀ နဲ့ ဘတ် ၂၀၀၀  စီ မရွေးရရအောင် ကူညီဆောင်ရွက်ပေးခဲ့တာဟာ မြန်မာသံရုံး အနေ နဲ့ ပထမဦးဆုံး ကူညီမှုဖြစ်တယ်လို့ နယ်စပ်က လူေ တွပြောဆိုကြပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ တရားမ၀င် အလုပ် သမား ကို ခိုင်းစေ တဲ့ ထိုင်းလုပ်ငန်းရှင်တွေဟာ ဒဏ်ငွေတစ်သိန်းနဲ့ ထောင်ဒဏ် ၃နှစ်ကျခံရမယ်လို့ ပြဌာန်း ထားပေမယ့်  လုပ်ငန်းရှင်တွေ ကိုပြစ်ဒဏ်ပေးတာနှစ်ပေါင်း ၃၀ အတွင်းတစ်ခါ မကြားဖူးဘူးလို့  အလုပ်သမား အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
၂၀၁၀ ခု စက်တင်ဘာလကဆန်းကလည်း ဒီအလုပ်ရုံမှာ ပတ်စပို့ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၁၃၀၀
လုပ်အားခတွေ သန်းချီပြီး ဆုံးရှုံးခဲ့ရသလို ယခုလည်း ထပ်မံဆုံးရှုံးကြရတယ်လို့ အလုပ်သမားတွေ ပြောပြ
ချက်အရသိရပါတယ်။ခင်ဗျာ။