16 May 2012

“တစ်နေ့ ၁၀ဘတ်သာရရှိသည့် အခန်းပိတ်လှောင်ခိုင်းစေခံ မြန်မာအလုပ်သမားများလွတ်မြောက်ပြီ”

  ဆန်းဦး
မေ  ၁၅
ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် စွယ်မမ ဆန်းထစ် ပုဇွန် အလုပ်ရုံတွင် အခန်းပိတ်လှောင် ခိုင်းစေခံ နေရသည့် မြန်မာအလုပ်သမား ၁၄၆ ဦးတို့အား လူကုန်ကူးမှု ဆောင်ရွက်သူများက ယမန်နေ့က ကယ်တင် နိုင်လိုက်ကြောင်း သိရှိ ရသည်။
အလုပ်သမားများတို့သည် ပြင်ပသို့ သွားလာခြင်း၊ ဆက်သွယ်ခြင်း လုံးဝမပြုရပဲ၊ နေ့စဉ် နံနက် ၃နာရီတွင် အိပ်ရာမှ ထရ ကာ ၄နာရီတွင် အလုပ်စတင် ၀င်ရောက်ရသည်။ ညနေတွင် အစောဆုံး ၈နာရီဖြစ်ပြီး ပုံမှန် ဆယ်နာရီမှ ၁၂ အတွင်း လုပ်ကိုင်ကြရေ သ်ာလည်း တစ်နေ့လုပ်အားခ ၁၀ ဘတ်သာရရှိကြကြောင်း အလုပ်သမားများကပြောသည်။
    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT- ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD - ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့Uniap-မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ေ ရး အဖွဲ့၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED  စသည့် အဖွဲ့များ ပူးပေါင်း ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ပဲခူးမြို့တိုင်း က၀မြို့နယ်  ကျား တက်ရွာ မှ  ကိုမြင့်ဦး ဆိုသူအား ရွေးထုတ်ရန်အ တွက် မိသားစုဝင်များက BAT အဖွဲ့သို့ ဘတ်ငွေ ၁၄၀၀၀ ပေးပို့ပြီး အကူအညီတောင်းခံခဲ့သည်။ အလုပ်ရုံမှ ပွဲစားအား ရွေးထုတ်နေပုံအား VDO ရိုက်ကူးမှတ်တမ်းတင် ထားခဲ့သည်။ အခြားလိုအပ်သည့် အချက်အလက်များအား ရယူပြီး BAT က အထက်ပါ အဖွဲ့ အစည်းများသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
BAT တာဝန်ခံ ဦးကျော်သောင်း က “ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာတွေ သောင်း သိန်းချီပြီး အခန်းပိတ်လှောင်
ခိုင်းစေခံနေရတာတွေရှိနေပါတယ်။ အထူးသဖြင့် ငါးဖမ်းလှေနဲ့ ပင်လယ်အစားအစာ ထုတ်လုပ်တဲ့နေရာတွေ
မှာပေါ့လေ၊ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်တယ်၊ကူညီတယ်ဆိုတဲ့ အလုပ်က အချိန်တွေ ငွေတွေ
အများကြီးကုန်ပါတယ်။ စွန့်စားရတယ်၊ အဆင်မပြေရင် ပစ်သတ်ခံရနိုင်တဲ့ အလုပ်ဖြစ်တယ်။ အမြစ်ပြတ်
အောင် လုပ်နိုင်သူက မြန်မာအစိုးရနဲ့  ထိုင်းအစိုးရပဲဖြစ်တယ်၊ နည်းလမ်းတွေရှိပါတယ်” ဟုပြောသည်။
အလုပ်ရုံတွင် နေထိုင်ပြီး အလုပ်သမားများ၏ လုပ်အားခများအား ထုတ်ယူလျှက် မ၀ရေစာကျွေးပြီး ရိုက်နှက် ခိုင်းစေနေသည့် မြန်မာပွဲစား ကိုမိုးဝေ ဆိုသူမှာ မြန်မာနိုင်ငံသို့ ခေတ္တ သွားရောက်နေသဖြင့် လွတ်မြောက် သွားခဲ့သော်လည်း ၎င်းလက်ထောက်ပွဲစား ကိုကျော်စိုးကို ခြောက်လုံးပြူးတစ်လက် နှင့် အတူ ဖမ်းဆီးရရှိ ခဲ့သည်။

တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသော်လည်း ပွဲစားခမကျေပဲ လုပ်ဆပ်နေခဲ့ရသော ပဲခူးမြို့သူ မဝေ က“သမီးတို့ အလုပ်ချိန်က လည်းများ အာဟာရ လည်း ချို့တဲ့တော့ အလုပ်က မတွင်၊ ပိုက်ဆံထွက် တာ နည်းတော့ ပွဲစားဆီမှာ ၁၅ ရက်တစ်ကြိမ် အရိုက်ခံရတယ်၊ ပွဲစားက ခုံပေါ်ကထိုင်းတယ် သမီးတို့ က ဆောင့်ကြောင့် ထိုင်ပြီး ဘယ်ဘက် ကိုရိုက်မယ်ဆိုရင် ဘယ်ဘက်ပါးကို ထိုးပေးရတယ်၊ ညာလက်ကိုရိုက်မယ်ဆိုရင် ညာဘက် ပါးကိုထိုးေ ပးရတယ်။ သူတို့ ကျွေးတဲ့အရိုးနဲ့ ခရမ်းသီး၊ဗူးသီးတို့နဲ့ အစားအစာရေလုံပြုတ်တွေကို မစားချင်လို့ လဘက် သုတ်ကလေး သုတ်စား တာတွေ့ လို့   ပိုက်လုံးနဲ့ ရိုက်လို့ သမီးနုတ်ခမ်းကွဲသွားတာ သေရာပါ အနာရွတ်ရ သွားတယ်” ဟုပြောသည်။
အလုပ်ရုံထဲတွင် အလုပ်သမား ၁၄၆ ဦး ရှိနေသော်လည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိပြီး ကယ်တင်သူများ
အား ဖမ်းဆီးချုပ်နှောင်မည့်သူများဟု  ယူဆဟန်တူသည့် အလုပ်သမား ၆၄ ဦးတို့ မယောင်မလည်ဖြင့် အလုပ်ရုံထဲတွင် ကျန်ရစ် နေခဲ့သည်။
 ကယ်ဆယ်ရေးပူးပေါင်း အဖွဲ့များ လာရောက် မကယ်တင်နိုင်ခဲ့ပါက ကိုအောင်ပိုင်(ကျိက်ထို) ကိုနေမျိုး(သထုံ) မိုးထက်(ဖြူး) အေးချမ်းကို(ရန်ကုန်) တို့လေးဦးအား ညနေပိုင်းတွင် ငါးဖမ်းလှေသို့ ရောင်းချရန်စီစဉ်ထား
ကြောင်း ကိုနေမျိုးကပြောသည်။
 ကယ်ဆယ်ရေး အဖွဲ့များခေါ်ထုတ်လာခဲ့သည့် အလုပ်သမားအမျိုးသမီး ၃၄ ဦးအားနွန်ထဘူရီ အမျိုးသမီး ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ကာအမျိုးသား ၄၈ဦးတို့အား ပထုံဌာနီ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင် လိုက်ပြီးဖြစ်သည်။ အခန်းပိတ်လှောင် ခိုင်းစေခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ လိုအပ်သည့် စစ်ဆေး
မှုများပြုလုပ်ပြီးနောက် နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်သည်။  လုပ်ငန်းရှင်ထိုင်းအမျိုးသားနှင့် မြန်မာပွဲစား ကိုကျော်စိုး တို့ကိုမူ ပစ်မှုထင်ရှားပါက လူကုန်ကူးမှုဥပဒေအရ   ထောင်ဒဏ်ချမှတ်ခံရမည် ဖြစ်ကြောင်းသိရှိရသည်။