14 May 2012

"ယာယီပတ်စပို့ကိုင်ဆောင်ခွင့်တောင်းသဖြင့် ပုလိပ်ကိုဖမ်းခိုင်း၊အလုပ်သမားများထွက်ပြေးနေရ''

မေ ၁၄
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်  satun မြို့နယ်၊langu နယ်မြေ ၊ဝှေ့ဆိုင်ရပ်ကွက် တွင်ရှိသော woodwork. angust Angsuton co,ltdသစ်စက်မှအလုပ်သမားများယာယီပတ်စပို့ကိုင်ဆောင် ခွင့်  တောင်း သဖြင့် အလုပ်ရုံတာဝန်ရှိသူများက ပုလိပ်များ အားတစ်နေ့ဖမ်းခိုင်းပြီး  နောက်  အလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
မေလ ၁၂ ရက်နေ့ နံနက်တွင် အလုပ်ရုံသို့ပြန်ရောက်ပြီး ပတ်စပို့အား အလုပ်ရုံမှ သိမ်းထားသဖြင့်အလုပ်သမားများက မကျေနပ်ေ ကြာင်း   ပြောဆိုကြသည်။ ထို့ကြောင့် နံနက် ၉နာရီကျော်ခန့် တွင် နယ်မြေ ပုလိပ် များ အားခေါ်ယူပြီး ဖမ်းဆီးခိုင်းခဲ့သည်။ ညနေ၈နာရီခန့် တွင်   ပြန်ခိုင်းသဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ ကြသည်။ ယခုအခါ အလုပ်ရုံ နှင့် ကီလိုမီတာ ၂၀ ခန့် အကွာတွင်ရှိသော မိတ်ဆွေများ အလုပ်လုပ်သည့် ရာဘာခြံ တစ်ခုတွင် ပုန်းလျှိုးနေထိုင်နေကြ ရ ဆဲဖြစ်ပါသည်။
      အလုပ်သမားများအား ဦးဆောင်နေသူ ကိုသီဟ က “ ကျနော်တို့   လုပ်အားခနဲ့ လုပ်ထားတဲ့ပတ်စပို့ကို ကိုင်ခွင့်ရချင်တယ်။ အနီးအနား က မိတ်ဆွေတွေဆီကိုသွားလာချင်တယ်။ အဲဒါကို ပုလိပ်ကိုဖမ်းခိုင်းတယ်။ ခုကျနော်တို့ ရာဘာတောထဲမှာ ပုန်းရှောင်နေရတယ်။ အယင်နေ့တွေက အလုပ်ရုံမှာ ကျနေခဲ့သူတွေက
စားသောက်စရာတွေလာပို့လို့ရတယ်။ ဒီနေ့ မှာ ကျနော်တို့ ဆီကို သူတို့ လာခွင့်မရတော့တာကြောင့် ကျ
နော်တို့ စားရေးသောက်ရေးခက်နေကြပြီး၊ ကလေးတွေလည်းပါတယ်” ဟုပြောသည်။ 
       မြန်မာအလုပ်သမား ၄၇ ဦး နှင့် ၃လအရွယ်ကလေးငယ်နှင့် ၅နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ သည် ရာဘာခြံထဲတွင် ပုန်းရှောင်နေကြရကြောင်း အလုပ်သမားများက ပြောသည်။
ယာယီပတ်စပို့ အတွက် အနည်းဆုံး ဘတ်ငွေ ၈၅၀၀ မှ ဘတ်  ၁၁၀၀ အထိ ပေးချေပြီး အလုပ်သမား ၆၀ကျော် မေလ ၁၁ ရက်နေ့က  စူရတ်ဌာနီ စူရတ်မြို့တွင် ယာယီပတ်စပို့ သွားရောက် လုပ်ကိုင်ခဲ့ကြ သည်။
      မိဘများ ထွက်ပြေးလာကြသဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်း သုံးဦးနှင့် အလုပ်ရုံတွင် လသားအရွယ် ကလေးငယ် သုံးလေးဦး ကျန်နေခဲ့သေးသည်။ ကျန်နေခဲ့သည့် အလုပ်သမား ၁၅ ဦးခန့် တို့ က လိုအပ်သည် များ ပေးပို့ နေသည်များကိုလည်း လုံးဝ ပိတ်ပင်လိုက် သဖြင့် ထွက်ပြေးနေသည့် အလုပ်သမာများမှာ အစား အသောက် အခက်အခဲကြုံလာနိုင်သဖြင့်စိုးရိမ်နေကြသည်။
       အလုပ်သမားများပိုင်ဆိုင်သည့်ယာယီပတ်စပို့များကိုင်ဆောင်
ခွင့် ရရှိရေးအတွက်ဘန်ကောက်အခြေစိုက်ထိုင်းနိုင် ငံရောက်ြ မန် မာ  နိုင်ငံသားများအဖွဲ့ BAT နှင့်လုပ်ဖေါ်ကိုင်ဘက်အဖွဲ့ အစည်း  များကြိုးပမ်း   နေကြ ကြောင်း သိရှိရသည်။