30 May 2012

HRDF လုပ်ရပ် အလုပ်သမားများနှင့်အဖွဲ့အစည်းအချို့တို့ ကန့် ကွက်ရှုပ်ချ


မေ ၃၀  မြတ်ညို(အလွတ် သတင်းထောက်)   မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည် နှင့် မဟာချိုင် အခြေ စိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးကွန်ယက် MWRN ရုံး တွေ့ဆုံပွဲ စီစဉ်မှု လုပ်ရပ်အပေါ် ဒေသအခြေ စိုက်အင်ဂျီအိုများ၊ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် အလုပ်သမားများက မကျေမနပ်ဖြစ်နေကြ   ကြောင်းသိရှိရသည်။
  ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ကမ္ဘာ့ စီပွားရေး ဖေါ်ရံသို့ တက်ရောက်ရန် ခေတ္တ ရောက်ရှိနေသည့်
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း မဟာချိုင် အလုပ်သမားများနှင့်တွေ့ဆုံရန် စီစဉ်သည့် HRDF
 အဖွဲ့ လုပ်ရပ်အပေါ် အများက ပြစ်တင်ရှုတ်ချနေကြသည်။
မဟာချိုင် စီဝိချိုင် အမှတ် ၅ ဆေးရုံကြီးတွင် ဘာသာပြန်အဖြစ်၈နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် ကိုဇေါ်ဦး က“မဟာချိုင်က အလုပ်သမားတွေရဲ့ ကျမ္မာရေး ကိစ္စရပ်တွေကို ကျနော် ဒေါ်စုကို တင်ပြ ချင် တယ်။
ဒီကမြန်မာတွေ ကျမ္မာရေးနဲ့ပါတ်သက်ပြီး ဘယ်လို ကြုံတွေကြရလဲဆိုတာ ပြောပြခွင့်မရဘူး။ ဆေးရုံက တာဝန်ရှိတဲ့သူတွေနဲ့ အတူ ဒေါ်စုကိုလက်ဆောင်ပေးရင်း နုတ်ဆက်ဖို့ လာတာ ကျနော်တို့ကို ရုံးထဲဝင် ခွင့်မပြုဘူး၊ဒီအတွက်တော့ အတော်ခံစားရတယ်ဗျ” ဟုပြောသည်။

မဟာချိုင်အခြေစိုက် ကျမ္မာရေး အင်ဂျီအိုတစ်ခုမှ တာဝန်ခံလူကြီးတစ်ဦးက ဆယ်နှစ်ကျော် ကြာ အသက် အန္တရာယ် ဖြင့် မြန်မာအလုပ်သမားအရေး များကို ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက် အနေဖြင့်  အလုပ်သမား အခြေအနေများအား တင်ပြခွင့် မရ ရှိခြင်းနှင့်မိမိတို့လေးစားသော ခေါင်းဆောင်   ဒေါ်အောင်ဆန်း စုကြည်အားတွေ့ဆုံ ခွင့် မရရှိ သည့်အတွက်၎င်း အချိန်အနည်းငယ်သာ အလုပ် သမားအရေးလုပ်သည်ဆိုသူများ၏ ယခုကဲ့သို့  လူလည်လုပ်ခြင်းကို မကျေနပ်ကြောင်း ပြောသည်။
  အလုပ်သမားအရေးကူညီဆောင်ရွက်သည့် ကိုခိုင်ကြီးကလည်း “ဒီအဖွဲ့ကိုင်တွယ်နေတဲ့ ၂၀၁၁ ခု ဧပြီလဆန်း က တလာကုန့်မှာ ကားတိုက်လို့ မြန်မာအလုပ်သမား၉ဦးသေဆုံးခဲ့တယ်။ ဘယ်သူအတွက်မှ နစ်နာကြေးတစ်စုံတစ်ခုမရသေးဘူး။ ခု မေလ၂၆ ရက်နေ့က ပုဇွန်အလုပ်ရုံက အသက် ၂၀ အောက် အမျိုး သမီးအလုပ်သမား၎ ယောက် ပြန်လာတယ်။ထိုင်ယူနစ် ရှေ့မှာထိုင်းပုလိပ်ယောင်ဆောင်ပြီး ခေါ်သွားတယ်။
အဓ္ဓမပြုကျင့်တယ်။ ဒါက ထိုင်းပုလိပ်တွေက အရပ်ဝတ်နဲ့ လည်းဖမ်းတတ်တာမို့ မြန်မာအလုပ်သမားတွေက
လည်း ပုလိပ်ထင်ပြီးကြောက်လို့လိုက်သွားရတယ်။ မုဒိမ်းကျင့်လည်းခံရ တစ်ယောက်ကို ဘတ်၂၀၀၀ စီနဲ့ 
မိသားစုတွေက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာသွားရွေးရတယ်။ အခန်းပိတ်လှောင်ပြီး ခိုင်းစေခံနေရတဲ့ အလုပ်သမားတွေ ထောင်သောင်းချီပြီး မဟာချိုင်မှာရှိနေတယ်။ မဟာချိုင်ကဘယ်အဖွဲ့မှ မလုပ်ရဲကြဘူး၊
ဒါတွေကို ဒေါ်စုသိအောင် ပြောချင်တယ်” ဟုပြောသည်။
မြန်မာသတင်းထောက်များဝင်ရောက်တွေ့ဆုံ သတင်းယူခွင့်မရမပြုခြင်း ဒေါ်စုနှင့်အခြားအဖွဲ့အစည်းများ၊
အသင်းအဖွဲ့များနှင့်တွေ့ဆုံခွင်မပြုပဲ စီစဉ်သူများ စိတ်ကြိုက်ရွေးထားသူများနှင့်သာ တွေ့ဆုံခွင့်ပြုသည့်
အပေါ် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် က“HRDF ဒါရိုက်တာ အန်ဒီဟော ကို ပြောချင်တာက ဘန်ကောက်မှာရှိတဲ့ Action Network for Migrent  တို့ Migrent Working Groupဆိုတာတွေရှိတယ်၊ ဒီအဖွဲ့တွေဟာ အလုပ်သမား ကိစ္စအတော်များများကို လွှမ်းခြုံနိုင်တယ်။ သူတို့တွေနဲ့ပေါင်းလုပ်သင့်တယ်။ သူ ဘာကြောင့် ပေါင်းမလုပ်တာလဲဆိုတာ စဉ်းစားရခက်တယ်၊ ဒီကွန်ယက်တွေနဲ့ လုပ်သင့်တယ်” ဟုပြောသည်။
မြန်မာနှင့်ကမ္ဘာ က လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသည့် ဒေါ်စုအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦးက
အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်လုပ်တာထက်  တကယ့်အသက်နဲ့ ရင်းပြီးတော့လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမား ခေါင်းဆောင်များနှင့် မြန်မာအလုပ်သမားအရေးနဲ့ဒုက္ခသည်အရေးတွေကို ဆယ်စုနှစ်ပေါင်း များစွာက လုပ်ကိုင်ခဲ့သည့် ထိုင်းလူကြီးများနှင့်လည်းတွေ့ဆုံသင့်ကြောင်း စီစဉ်သူများကို စာရေးသားပေးပို့ ခဲ့ကြောင်း ဦးထူးချစ် ကပြောသည်။
      ဆယ်စုနှစ်ချီ၍ပင်လယ်ကူးသင်္ဘောသားများနှင့်ငါးဖမ်းလုပ်သမားများ၊လူကုန်ကူးမှုတိုက်ဖျက်ရေးများကို
စိုက်လိုက်မတ်တတ် ဆောင်ရွက်နေသည့် ထိုင်းအခြေစိုက် ပင်လယ်ပျော်များသမဂ္ဂ SUB ဥက္ကဌ ဦးသူရ က လည်း လူထု ခေါင်းဆောင်တစ်တစ်ယောက်အား အခန်းကျဉ်းထဲ ထမင်းစားဖိတ်သလိုမျိုး လုပ်သွားကြောင်း မိမိတို့ အဖွဲ့လည်း မဟာချိုင်မှာ လုပ်ငန်းအချို့ရှိနေဆဲဖြစ်ကြောင်း ဘယ်လိုအတွေးအခေါ်နဲ့လုပ်သလဲ နားလည်လို့မရကြောင်း မဟာချိုင်မှာ အထင်ကရ အဖွဲ့အစည်းတစ်ခုဖြစ်သည့် LPN အဖွဲ့သည်ပင်လျှင် အချိန်နှောင်းပြီးမှ သိခွင့်ရရှိခဲ့ကြောင်းပြောဆိုသွားသည်။