23 May 2012

“သစ်စက်အလုပ်သမား ၄၇ ဦး ယာယီပတ်စပို့ကိုင်ဆောင်ခွင့်ရပြီ”

  မေလ - ၂၃      ကိုတီး
ဆယ်ရက်ကျော်ကြာ ရာဘာတောထဲတွင် တိမ်းရှောင်နေခဲ့ရသည့် သစ်သားစက်ရုံအလုပ်သမားများ၄၇ဦးတို့အား ဘန်ကောက်   မြန်မာသံရုံး နှင့် BAT တို့ ပူးပေါင်း ကူညီမှုတို့ကြောင့် ယနေ့ တွင် ပြေလည်မှုရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
       မေလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်
satun မြို့နယ်၊langu နယ်မြေ၊ဝှေ့ဆိုင်ရပ်ကွက် တွင်ရှိသော woodwork. angust သစ်စက်မှ အလုပ်သမား ၄၇ ဦး တို့ ယာယီ ပတ်စပို့ လုပ်ပြီးပြန်အလာတွင် မိမိပတ်စပို့ကိုင်ဆောင်ခွင့် တောင်း  ခံခြင်း ကြောင့် လုပ်ငန်းရှင်က ပုလိပ်ကိုဖမ်းခိုင်းခဲ့သဖြင့် တစ်နေ့တာ ရဲစခန်းတွင် နေထိုင်ခဲ့ရပြီး ရာဘာတောထဲတွင် ခိုလှုံတိမ်းရှောင် ခဲ့ကြရသည်။
      ဘန်ကောက်မှ ရခိုင်အလုပ်သမ တစ်ဦးထံမှ ဖုန်းနံပါတ်ရရှိသဖြင့် သစ်သားစက်ရုံအလုပ်သမားများက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့  BAT သို့ စတင်အကူအညီေ တာင်းခံခဲ့ခြင်းဖြစ်သည်။
လိုအပ်သည့်သတင်းအချက်အလက်များနှင့် ဓါတ်ပုံများ ရရှိအောင်ကြိုးစားခဲ့ပြီး BAT က မြန်မာသံရုံးသို့
ထပ်ဆင့်အကူအညီတောင်းခံခဲ့သည်။ တပြိုင်တည်းတွင် ထိုင်းတောင်ပိုင်း အခြေစိုက်  ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း  သို့ လည်း အကူအညီတောင်းခံခဲ့သည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “ အလှမ်းကွာဝေးလွန်းတဲ့နေရာမှာ ဖြစ်နေတဲ့  အတွက်အတော်ပဲ ပြောလိုက် ရပါတယ်။ အလုပ်သမားတွေ ဆန္ဒ ပြည့်ဝ အောင်မြင်သွားတဲ့အတွက် ပင်ပန်းကျိုးနပ်ပါတယ်”ဟုပြောသည်။
အမျိုးသား ၃၃ ဦး အမျိုးသမီး ၁၄ဦးနှင့် ၃လအရွယ်ကလေးငယ်နှင့် ၅နှစ်အရွယ် ကလေးငယ် တစ်ဦးတို့သည်
အလုပ်ရုံနှင့် ကီလိုမီတာ ၂၀ ခန့် အကွာ ရာဘာတောထဲတွင်  မိတ်ဆွေများ၏ အကူအညီဖြင့် ဖြစ်ကတတ်ဆန်း စားသောက်နေထိုင်ခဲ့ကြရသည်။
      ဆက်သွယ် ဆောင်ရွက်သည့် အလုပ်သမား ကိုအောင်ဇေါ်မင်း က “ မြန်မာသံမှူး ဦးနိုင်ထွန်း နဲ့ BAT
ခေါင်းဆောင် ဦးကျော်သောင်း တို့ကို ဖုန်းထဲက နေပြီးကန်တော့ပါတယ်ဗျာ။ ကျနော်တို့ ဆုံးပြီးလို့ထင်ထား
ခဲ့တဲ့ ပတ်စပို့ကို ခု ပြန်ကိုင်ခွင့်ရပြီ” ဟု ၀မ်းမြောက်စွာ ပြောဆိုသွားသည်။

      ယာယီပတ်စပို့ အတွက် အနည်းဆုံး ဘတ်ငွေ ၈၅၀၀ မှဘတ်၁၁၀၀၀အထိအလုပ်ရုံတွင် ငွေ ပေးချေပြီး
 မေလ ၁၁ ရက်နေ့ က စူရတ်ဌာနီ စူရတ်မြို့တွင် သွားရောက် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။