16 January 2013

ထိုင်းနိုင်ငံအစိုးရ၀န်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်


 (တရားဝင်ဘာသာပြန်မဟုတ်ပါ)
ထိုင်းနိုင်ငံအစိုးရ၀န်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်

http://www.thaigov.go.th                                             ဇန္န၀ါရီလ(၁၅)ရက်၊ ၂၀၁၃ ခုနှစ် 

ယနေ့နံနက် ၀၉း၀၀ နာရီ၊ ထိုင်းနိုင်ငံအစိုးရအိမ်တော် ဒုတိယထပ်ရှိအစိုးရ၀န်ကြီးများအဖွဲ့အစည်းအဝေးခန်းမတွင် ၀န်ကြီးချုပ် နန်စာဝ်ရင့်လတ်ချီန၀တ်မှဥက္ကဌအဖြစ်ဦးဆောင်၍အစိုးရအစည်းအဝေးကိုကျင်းပခဲ့ပါသည်။၎င်းအစည်းအဝေးမှ အောက်ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့ပါသည်။
   
14. အကြောင်းအရာ။       ။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်နေထိုင်၍ အလုပ် လုပ်ကိုင်နိုင်ရန် အထူးခွင့်ပြုချက်ပေးခြင်း၊

ဒီဇင်ဘာလ(၂၆)ရက်နေ့၂၀၁၂ခုနှစ်တွင်ကျင်းပခဲ့သော ထိုင်းနိုင်ငံရှိတရားမ၀င်ရွှေ့ပြောင်းအလုပ် သမားများ စီမံခန့်ခွဲရေးကော်မတီ (ကောဘောရော)အစည်းအဝေးအမှတ် ၃/၂၅၅၅ ဆုံးဖြတ်ချက်ဖြစ်သော ထိုင်းနိုင်ငံ အတွင်းတရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြားနိုင်ငံသားရွှေ့ပြောင်း အလုပ်သမား များ နှင့်၎င်းတို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက် ကလေးများအား အထူးအခွင့်အရေးအဖြစ်(၁၂၀) ရက် နေထိုင်စေပြီး၊ မိမိတို့နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity)ပြု လုပ်နိုင်ရန်နှင့်ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်သူများဖြစ်လာစေရန် မိမိတို့အလုပ်လုပ်လျက်ရှိသောအလုပ်ရှင်ဖြင့်ဆက်လက်၍ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန်၊ အလုပ်သမားဝန်ကြီးဌာနမှတဆင့်တင်ပြလာချက်ကို  ၀န်ကြီးများအဖွဲ့မှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချ အတည်ပြုလိုက်ပါသည်။


 1) ပြည်ထဲရေးဝန်ကြီးဌာနမှ အောက်ပါအတိုင်းဆောင်ရွက်ရန်၊
                                    (1) ထိုင်းနိုင်ငံအတွင်းတရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက် ကလေးများအား အထူးအခွင့်အရေးအဖြစ် (၁၂၀) ရက်နေထိုင်ခွင့်ပြုပြီး၊ မိမိတို့နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity)ပြု၍ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်သူများဖြစ်လာစေရန်၊  အလုပ်ရှင်များမှတာဝန်ယူခြင်းအားဖြင့် မိမိတို့အလုပ်လုပ်လျက်ရှိသော အလုပ်ရှင်ထံ တွင် တရားဝင်ဆက်လက်၍အလုပ် လုပ်ကိုင်နိုင်ရန်၊ အတွက်ကြော်ညာချက်ထုတ်ပြန်ရန်ဖြစ်သည်။ ၁၉၇၉ ခုနှစ် လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေ၊ ပုဒ်မ(၅၄)အားအသုံးမပြုဘဲ၊ ပုဒ်မ ၁၂ (၃)အား အမှီပြု၍ ယာယီနိုင်ငံကူးလက်မှတ်နှင့် (Certificate of Identity ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများအား နေထိုင်ခွင့်ဗွီဇာ (Non-Immigrat-LA) တံဆိပ်တုံးထု၍ (၂) နှစ်နေထိုင်ခွင့်နှင့်နောက်ထပ်(၂)နှစ်ထက်မပိုသော နေထိုင်ခွင့်ပြု၍ ကိုယ်ကာယဖြင့်လုပ်ကိုင် သောအလုပ်များအား လုပ်ကိုင်ခွင့်ပေးရန်ဖြစ်သည်။ (ယခင်ပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာချက်မှ အကြုံးမ၀င်သော)
                                               (2) နေထိုင်ခွင့်ဗွီဇာအတွက် အခကြေးငွေသတ်မှတ်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity) ရရှိပြီးသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ တို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက် ကလေးများအားအတွက် မှီခိုနေထိုင်ခွင့်ဗွီဇာခကို တစ်ကြိမ်လျင်ဘတ် (၅၀၀)နှုန်းဖြင့်ကောက်ယူရန်နှင့်နောက်ထပ်တစ်ကြိမ် အတွက်ဘတ်ငွေ ၅၀၀ စီကောက်ခံရန်ရမည်။ နေထိုင်ခွင့်ဗွီဇာသက်တမ်းမှာ အမိ (သို့) အဖတို့ရရှိထားသောသက်တမ်းအတိုင်းပေးရမည်။ 

                               2) လူဝင်မှုကြီးကြပ်ရေးရုံးမှ မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ အတွက် နေထိုင်ခွင့်ဗွီဇာ (Non-Immigrant-LA) တံဆိပ်တုံးထုပေးပြီး(၂)နှစ်တာနေထိုင်ခွင့်ပြုရန်၊ နှင့်ယာယီနိုင်ငံကူး လက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity) ရရှိပြီးသော ၄င်းရွှေ့ပြောင်းအလုပ်သမားများ တို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက်ကလေးများအားအတွက် (၂)နှစ်တာမှီခိုနေထိုင်ခွင့်ဗွီဇာကို လူဝင်မှုကြီးကြပ်ရေး ရုံးများ(သို့) အလုပ်သမားရှာဖွေရေးဌာနမှသတ်မှတ်ထားသောနေရာတွင် တစ်ဆိမ်တုံးရိုက်နှိပ်ပေးရန်၊ ဗွီဇာကြေးငွေ အတွက် ၀န်ကြီးဌာနစည်းမျဉ်းမှသတ်မှတ်ထားသောပုံမှန်ဗွီဇာခအတိုင်းမကောက်ခံသေးဘဲတစ်ကြိမ်လျင်ဘတ် (၅၀၀)နှုန်း ဖြင့်ကောက်ယူ ရန်နှင့်နောက်ထပ်တစ်ကြိမ်အတွက်(၅၀၀)ဘတ်ကို ကောက်ခံသွားရန်၊

                         3) ကျန်းမာရေးဝန်ကြီးဌာနမှ- အလုပ်ရှင်များမှအလုပ်သမားရှာဖွေရေးဌာနထံအလုပ်လုပ်ခွင့်ပြုရန် တင်ပြတောင်းခံထားသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ (လူမှုဖူလှုံရေးအာမခံ မပြုလုပ်ရသောအလုပ်အမျိုးအစားတွင်လုပ်ကိုင်နေသောအလုပ်သမားများအပါအ၀င်)နှင့်၎င်းတို့အားမှီခိုနေသော ကလေးများအပါအ၀င်အားလုံးတို့အား ကျန်းမာရေးဆေးစစ်မှုပြုလုပ်သွားရန်၊           

                         4) အလုပ်သမားရှာဖွေရေးဌာနမှအောက်ပါအတိုင်းဆောင်ရွက်သွားရန်၊                                                                                       (1) အလုပ်ရှင်နှင့်ရွှေ့ ပြောင်းအလုပ်မားများအတွက် လုပ်ဆောင်ရာတွင် အဆင်ပြေ လွယ်ကူစေမည့် နေရာဒေသများတွင် တစ်နေရာတည်းဖြင့်လုပ်ငန်းစဉ်အားလုံးဆောင်ရွက်နိုင်မည့် (One Stop Service) စခန်းများအား လိုအပ်သလိုဖွင့်လှစ်သွားရန်၊
                                           (2) အလုပ်ရှင်များထံမှ ၄င်းတို့ငှားရမ်းမည့် ရွှေ့ ပြောင်းအလုပ်မားအမည် စာရင်းရွှေ့ ပြောင်းအလုပ်သမားတင်သွင်းခွင့်လျှောက်လွှာ demand letter, ကိုတာနှင့်အတူ အလုပ်ငှားရမ်းစာချုပ်နှင့် အလုပ်သမားရှာဖွေရေးဌာနမှသတ်မှတ်သောအခြားလိုအပ်သည့် စာရွက်စာတမ်းများအား တစ်လတာကာလအတွင်း ကောက်ယူ၍ သက်ဆိုင်ရာနိုင်ငံများသို့ပေးပို့သွား၊
                                        (3) အလုပ်ရှင်မှ မိမိတို့ထံတွင်အလုပ်လုပ်နေသော အလုပ်သမားများ သတ်မှတ်ထားသော (One Stop Service) စခန်းများတွင်ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထားစာရွက် (Certificate of Identity) သွားရောက်ပြုလုပ်နိုင်ရန်အတွက် သတင်းအချက်အလက်များဖြန့်ဝေသွားရန်
                                        (4) ၂၀၀၈ ခုနှစ်နိုင်ငံခြားသားအလုပ်လုပ်ကိုင်မှုအက်ဥပဒေ၊ ပုဒ်မ -၉ အရ (သော်ထော်.၂) လျှာက်လွှာပုံစံဖြင့်အလုပ်လုပ်ခွင့်အတွက်လျောက်ထားခြင်းကို လက်ခံသွားရန်နှင့်အခကြေးငွေကိုဥပဒေသတ်မှတ်ချက် အတိုင်းကောက်ခံသွားရန်၊                                                              
                                        (5) အလုပ်သမားများအား အလုပ်လုပ်ခွင့်ပေးသွားရန် - ဆေးစစ်ရာတွင်မအောင်မြင်သော အလုပ်သမားများအားအလုပ်လုပ်ခွင့်ရုပ်သိမ်းပြီး ဆေးစစ်ခပြန်အမ်းရန်နှင့်သက်ဆိုင်ရာဌာနများမှလိုအပ်သလို ဆောင်ရွက်သွားနိုင်ရန်အတွက်သတင်းပို့သွားရန်၊
                                        (6) အလုပ်လုပ်ခွင့်ရရှိသောအလုပ်သမားများအား ဇီဝကိုယ်ရေးကိုယ်တာအချက်အလက် (Bio Data) ကောက်ယူနိုင်ရန်အတွက် မျက်နှာဓါတ်ပုံရိုရန်နှင့်လက်ဗွေများကောက်ယူသွားရန်၊
                                   
                            5)   နိုင်ငံခြားရေးဝန်ကြီးဌာနမှအောက်ပါအတိုင်းဆောင်ရွက်သွားရန် - ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity) ရရှိပြီးသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက် ကလေးများအား ယာယီနေထိုင်ခွင့်ဗွီဇာ (Non-Immigrant-LA) ထုတ်ပေးနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးရုံးအား အခွင့်အဏာ ပေးအပ်သွားရန်၊

                            6) လူမှုဖူလှုံရေးရုံးမှ ၂၀၀၈ ခုနှစ်နိုင်ငံခြားသားအလုပ်လုပ်ကိုင်မှုအက်ဥပဒေ၊ ပုဒ်မ -၉ အရ အလုပ်လုပ်ပိုင်ခွင့်ရရှိထားသောရွှေ့ပြောင်းအလုပ်သမားများအားဥပဒေအတိုင်းလူမှုဖူလှုံရေးအာမခံရရှိ နိုင်အောင် ဆောင်ရွက်သွားရန်၊ လူမှုဖူလှုံရေးအာမခံဝယ်ယူရန်ခွင့်မပြုသည့် အလုပ်အကိုင်အမျိုးအစားတွင်လုပ်ကိုင်နေသူ အလုပ်သမားများအတွက် ထိုင်းအလုပ် သမားများနည်းတူ အလုပ်ရှင်မှတာဝန်ယူကာ ကျန်းမားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသော ကျန်းမာရေးအာမခံ(သို) ပုဂ္ဂလိကအမခံဂုပ္မဏီများမှရောင်းချသော ကျန်းမာရေးအာမခံကို ၀ယ်ယူနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ပေးသွာရန်၊

                         7)ာရေးဝန်ကြီးဌာနမှ မြန်မာ၊ လာအိုနှင့် ကမ်ပူးခြား နိုင်ငံသားတရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများ အထူးနေထိုင်ခွင့်အချိန်ပေးစဉ်အတွင်း တရားဝင်ဖြစ်လာစေရန် လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်မှုများ အတွက်နှင့်ဇီဝကိုယ်ရေးကိုယ်တာအချက်အလက်(BioData) ကောက်ယူနိုင်ရန်အတွက်လိုအပ်သောဘာငွေ  ထောက်ပံ့မှုေ
ပးသွားရန်၊

                         8) ထိုင်းနိုင်ငံပြည်သူ့ရဲဌာနချုပ်နှင့်သက်ဆိုင်ရာဌာနများမှ ဤသို့လုပ်ဆောင်ရန်သွားရန် -
(1)            ထိုင်းနိုင်ငံအစိုးရဆုံးဖြတ်ချက်ချပြီးသည့်နေ့ရက်မှစ၍မြန်မာ၊လာအိုနှင့်ကမ်ပူးခြား နိုင်ငံသား တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများ အထူးနေထိုင်ခွင့်အချိန်ပေးစဉ်နှင့်လုပ်ငန်းစဉ်များအဆင့်ဆင့် ဆောင်ရွက်နေချိန်တွင် အလုပ်ရှင်များတရားဥပဒေနှင့်အညီဆောင်ရွက်သွားနိုင်ရေးအတွက် သင့်လျော်သလို အခွင့်ပေးသွားရန်၊  
(2)     ခွင့်ပြုထားသော အထူးနေထိုင်ခွင့်အချိန်ကုန်လွန်သွားပြီးနောက်ပိုင်း အလုပ်သမား အသစ်များ တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်ခြင်းမရှိရန်နှင့် ၄င်းအလုပ်သမားတို့အားငှားရမ်းထားသော အလုပ်ရှင်များ၊  ခေါ်ဆောင် လာသူများနှင့်နေရာထိုင်ခင်းပေးထားသူများအား မိမိတို့အားပေးအပ်ထားသောအခွင့်အာဏာများ အတိုင်း တိတိကျကျ လုပ်ဆောင်သွားရန်၊