08 January 2013

“တစ်နေ့လုပ်အားခဘတ်၃၀၀ တိုးပေးမည် နယ်စပ်လမ်းကြောင်းများအားအထူးစောင့်ကြည့်”



ကိုတီး(ထိုင်းဘာသာပြန်)ဇန်န၀ါရီလ ၈
 လက်ရှိ ၀န်ကြီးချုပ်ရင်လတ်ချီနာဝပ် မဲဆွယ် စဉ်ကာလတုန်းက ပြောခဲ့သည့် စကား အတိုင်း နှစ် သစ်ကူးပြီးနောက်ပိုင်းထိုင်းအလုပ်သမားများနှင့်   ရွှေ့ပြောင်းအလုပ် သမားများအား လုပ်အားခ တန်းတူသတ်မှတ်မည်ဖြစ်သဖြင့် နယ်စပ်ဒေသ လမ်းကြောင်း များအား လုံခြုံစွာစောင့်ကြပ်ရန် ယမန်နေ့ ကညွှန်ကြားလိုက်ကြောင်း ထိုင်းရပ် သတင်းတွင် ရေးသားထားသည်။
 ညွန်ကြားရေးမှူး ကမွန်စံ က ထိုင်းမြန်မာ နယ်စပ် ၏ အရှည်ဆုံးနေရာဖြစ်သော စံခလူရီ  သည် ကီလိုမီတာ ၃၇၁ ရှည်လျားပြီး ဂိတ်ပေါက်ပေါင်း ၄၂ နေရာတို့ အား စောင့်ကြည့်ရမည်ဟု ဆိုသည်။

အထူးတာဝန်ပေးထားသည့်နေရာများမှာ (၁)စံခဘူရီ (၂) စလဘူရီ (၃)ထောင်ဖာဖုန်း (၄) ဆိုင်ယို့ (၅)စီစ၀ပ် (၆) မခန်သေ့ယျ တို့ ဖြစ်ကြောင်း နှင့် ထိုင်းရဲကားများကို ပိုမိုသတိထား စစ်ဆေးရမည်ဖြစ်ကြောင်း  သတင်းစာတွင် ရေးသားထားသည်။