ကိုတီး
၂၀၁၂ ဒီဇင်ဘာ ၃၀
ထိုင်းမြန်မာနယ်စပ် ရနောင်မြို့တွင်းရှိသော ဘန်ချဖိုင်ခေါ် အနှိပ်ခန်းတစ်ခု တွင်ရောင်းစားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့အား ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းဆောင် ရွက်မှုဖြင့် ဖမ်းဆီးကယ်တင်နိုင်ခဲ့ကြောင်း ခေါင်စွတ် သတင်းတွင်ရေး သားဖေါ်ပြထားသည်။
မြန်မာနိုင်ငံ နေပြည်တော်မှတဆင့် ကော့သောင်းလူကုန်တား အဖွှဲ့က ထိုင်းနယ်ခြားစောင့်တပ်အမှတ်(၂၅)ကို အကူညီတောင်းခံခဲ့သဖြင့် တပ်ခွဲ ၂၅၂၁ က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရနောင်းမြို့ ဘာနွန်ရပ်ကွက် အမှတ်(၄) ဆိုင်အမှတ် ၁၄၅/၆၇-၆၈ ဖက်ကဆင်လမ်းတွင်ရှိသော ဘန်ချဖိုင်ခေါ် အနှိပ်ခန်းတစ်ခုကို ဝင်ရောက် ရှာဖွေရာတွင် ဆိုင်ရှင် ထိုင်းနိုင်ငံသား နိုင်စုမ်ဖုန်း (အသက်၅၃နှစ်) နှင့် ဇနီးဖြစ်သု မြန်မာနိုင်ငံသူ မတင်စိုး (အသက် ၄၀နှစ်)နှင့်မြန်မာအမျိုးသမီး ၆ ယောက် တို့ကို ဖမ်းဆီးခဲ့သည်။
မတင်စိုးနေသော ၄ ထပ်မြောက် အခန်းထဲတွင် ထိုင်းလက်ဝှေ့ ကြည့်နေသော ဘုန်းကြီးမြန်မာ ဘုန်းတော်ကြီး နှစ်ပါးကို မသင်္ကာ၍ စစ်ဆေးမည်ဖြစ်သည်။
အမျိုးသမီး ၆ ယောက်ထဲတွင် အသက် ၁၈ နှစ်အောက် ၂ ယောက်ပါရှိသည်။ မိမိသဘောနှင့် လာရောက် အလုပ်လုပ်နေသူ ၃ဦးအား တရားမ၀င်အရေးယူမည်ဖြစ်သည်။ မတင်စိုး၏ ထွက်ဆိုချက်အရ မိန်းကလေးများ၏ မိဘများကို ကျပ်ငွေ ၃သိန်း နှင့် ဘတ်ငွေ ၂၃၀၀၀ ခရီးစားရိတ် အပြီးစီး နှင့် ခေါ်ဆောင် လာခဲ့ကြောင်းထွက်ဆိုပါသည်။ မတင်စိုးကို လူကုန်ကူး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွား မည်ပာု khaosod news တွင် ရေးသားဖေါ်ပြထားသည်။