08 July 2014

“ပို့လို့ရတာအကုန်ပို့၊ ကူးလို့ရတာအကုန်ကူး”



                                   “ဘုရားမှောင်ခိုကုန်ကူးမှု”
                  မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြတဲ့ တိုင်းပြည်ပီပီ  ရွာတိုင်းမှာ ကျောင်းကန်ဘုရားရှိတတ်ကြပါတယ်။ ရွာကြီးနဲ့မြို့တစ်ချို့က ဘုန်းတော် ကြီးကျောင်းတွေမှာ ရှေ့ခေတ် လက်ရာ အနုသုခုမ လက်ရာမြောက်တဲ့ (သံ၊ ကြေး၊ သစ်) တွေနဲ့ ထုလုပ်ထားတဲ့ ပန်းဆွဲအမျိုးမျိုး၊ ရုပ်ထုအ မျိုးမျိုး တွေရှိတတ်ကြပါတယ်။ နှစ်ပေါင်းရာနဲချီရှိတဲ့ အဲဒီရှေ့ဟောင်းလက်ရာတွေကို ယိုးဒယားနိုင်ငံက ဈေးကောင်းပေးပြီးဝယ်တာကြောင့်လွန်ခဲ့တဲ့ နှစ်၃၀လောက်ကတည်း
က ရှေ့ဟောင်းပစ္စည်း မှောင်ခိုဈေး ကွက်ကြီးဟာ မြ၀တီမှာ ကြီးထွားခဲ့ပါတယ်။

            ယနေ့တိုင် ဘုရားခိုးမှုတွေ ဖြစ်နေတာကို ကြည်ခြင်းအားဖြင့် သိသာနိုင်ပါ တယ်။ဘုန်းတော်ကြီးကျောင်းတွေမှာ ရှေ့တုန်းကရှိခဲ့တဲ့ ကြေးထည်၊ ကြွေထည်၊ 
 မြေထည်တွေနဲ့ ကျောက်ထည်ပစ္စည်းတွေ အားလုံး ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီဖြစ် တယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀င်းဝင်းယိုင် အရပ်မှာရှိတဲ့ ရှေ့ဟောင်းပစ္စည်း၊   ရှေ့ဟောင်း ဘုရားအရောင်းဆိုင်တွေမှာ မြန်မာပြည်က ကြွလာတဲ့ ဘုရားဆင်းတု   တော်တွေနဲ့ အရုပ်အမျိုးမျိုးတွေ ပြည့်သိပ်လို့။


                                        “ဆင်ကုန်ကူးမှု”
           ဟော….ဆင်ကုန်ကူးမှုက ထပ်ပေါ်လာပြန်တယ်။ ဗြိတိန်နိုင်ငံအခြေစိုက် TRIFFI လို့ခေါ်တဲ့  (wildlife trafficking ) တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှုစောင့်ကြည့်   ရေးအဖွဲ့က အစီအရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခု(၃နှစ်တာကာလအတွင်း) မြန်မာနိုင်ငံထဲက  "ဆင်" အကောင်ရေ (၈၀)    လောက်ကို စနစ်တကျဖွဲ့စည်းထားတဲ့ ဆင်မှောင်ခိုဂိုဏ်းအဖွဲ့က ထိုင်းနိုင်ငံသို့   ရောင်းချ ခဲ့တယ်လို့ ဆိုပါတယ်။ နှမျောဖို့ကောင်းလိုက်တာ။ ၀မ်းနည်းဖို့ကောင်း လိုက်တာ။ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်နေပါတယ်ဆိုတဲ့ မြန်မာစစ်တပ်က ဘယ်ဂျောင်မှာ အိပ်နေကြတာတုန်း။ အချုပ်အခြာအာဏာကို စောင့်ထိန်းပါတယ်ဆို တဲ့ အစိုးရက ဘယ်မှာသဝေထိုးနေကြတာလဲလို့ သာမေးလိုက်ချင်တော့တယ်။


            ဖမ်းချင်ရင် စိတ်ကြွဆေး၃လုံး ထုတ်တန်းမှာ ဖွက်ထားတာတောင် ရှာလို့ရ တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုတာကော ဆင်ကောင်ကြီး သယ်ထုတ်တာ မမြင်ဘူးဆိုတာ မဖြစ်နိုင်။ အယင်နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ဖွား အဖိုးတန် ဆင်ရတနာေ တွ ထိုင်းနိုင်ငံကို ကုန်ကူးခံနေခဲ့ကြရတာပါ။ ဒီအစီရင်ခံစာ အဆိုအရ ထိုင်းနိုင်ငံ အတွင်းသို့ ကုန်ကူးနေသမျှ တောရိုင်းတိရိစ္ဆာန် ၆၀ ရာခိုင်နုန်းဟာ မြန်မာနိုင်ငံကလို့ အသေးစိတ်ဆိုထား ပြန်ပါတယ်။ မြန်မာနိုင်ငံမှာသက်ရှိရောသက်မဲ့ပါ လုံးခြုံမှုမရှိ၊ စိတ်ချရမှုမရှိတာဟာ၊ ဘာကြောင့်လဲ။ ဘယ်သူ့ကြောင့်လဲ။ ဘယ်လောက်ကြာခဲ့ပြီလဲ၊ ဒီလို တိုင်းပြည်ရတနာတွေကို ဘယ်အချိန်ကာလအထိ ပစ်စလက်ခပ် ထုတ်ရောင်းနေ ကြအုံးမှာလဲ။

              သစ်နဲ့ ကျောက်မျက်ရတနာတွေ မှောင်ခိုကုန်ကူးမှုကိုတော့ လူတိုင်းသိပြီး သားဖြစ်ကြပါတယ်။ ဘုရား၊ သစ်၊ ဆင်နဲ့ ဂက်စ်တို့ကို အတုံးလိုက်အတစ်လိုက်အပြင်   မြေကြီးကိုတောင် ကားအစီးပေါင်းများ စွာနဲ့ တင်ပြီးတော့ ကုန်ကူးနေတာပါ။ ရှိသမျှ အကုန်ရောင်းနေတဲ့ အစိုးရလက်ထဲမှာ လူလာ ဖြစ်ကြရတဲ့ မြန်မာအမျိုးသမီးတွေကို အိမ်ဖေါ်အဖြစ်ထုတ်ရောင်းနေတာကို ကာကွယ်တားဆီးနိုင်ဖို့ဆိုတာ ဝေးလိုက် တာမှ မိုင်းပေါင်း ကုဋေပါပဲ။


     စင်ကာပူကုန်တိုက်တစ်ခုမှာ အမှိုက်လှဲ၊ ကြမ်းတိုက်၊ ကလေးအရုပ်ကိုနို့တိုက် သရုပ်ပြပြီး အောက်သက်ကြေတဲ့ မြန်မာအိမ်ဖေါ်ဆိုပြီး လေလံပွဲလို ရောင်းတာကို ခံနေကြရတာကို အယ်ဂျာဇီယား သတင်းကထုတ်လွှင့်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ   ပြည်တွင်း အေးဂျင်စီတစ်ခုက စင်ကာပူကို အိမ်ဖေါ် အလုပ်သမ၂၀၀ ဦး အကြွေးပို့ မယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ကြတယ်။ ပြီးတာနဲ့ အေဂျင်စီများ အဖွဲ့ချုပ် ဥက္ကဌ ဦးမင်းလှိုင် က တရုတ်နိုင်ငံကို တရားဝင် အလုပ်သမ ပို့မယ်လို့ ထုတ်ဖေါ်ကြေ ညာပြန် တယ်။ တပြိုင်းတည်းမှာပဲ ပြည်သူ့လွှတ်တော်ထဲမှာ တရုတ်နိုင်ငံက ကမ်း လှမ်းလာရင် ထိုင်း၊ မလေးရှား စင်ကာပူနဲ့ ကိုးရီးယားလို အလုပ်သမားတင်ပို့မယ်လို့ ဆိုပြန်တယ်။

            နေ့စဉ်ထုတ် မြန်မာအစိုးရသတင်းစာမှာတော့တရုတ်မယားအဖြစ် ရောင်းစားမယ့် မြန်မာ မိန်းကလေးတွေကို နေ့တိုင်းနီးပါး ဖမ်းမိတာကို ဖတ်ရတယ်။ အခြေအနေ   တွေဟာ လုံးဝဆန့်ကျင်နေ တယ်။ ဖြစ်နိုင်ရင်တရားဝင် တရုတ်မယားပို့ဆောင်သည့်   အေဂျင်စီများ အဖွဲ့ဆိုတာ ဖြစ်လာကောင်းဖြစ် လာနိုင်ပါတယ်။ အောင်သွယ် ကုမ္ပဏီ တစ်ခုက တရုတ်နယ်စပ်မှာ “တရုတ်မယားအလိုရှိသည်” ဆိုတဲ့ လက်ကမ်းစာစောင်   ဝေငှခဲ့တာ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အိမ်နီးခြင်း တရုတ်နိုင်ငံရဲ့ဝါးမြိုမှုကို မဆိုင်သလိုနေလို့မဖြစ်ကြတော့ဘူး။ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ကာကွယ် သင့်တာကို ကာကွယ်ကြရတော့မယ်။


                                       “ပေတံလေးချောင်း”             အကြောင်းအရာတစ်ခုကိုအလေးနက်ထားစဉ်းစားကြရတဲ့အခါတိုင်းမှာ (၁) ဖြစ်ချင်တာ (၂) ဖြစ်သင့်တာ(၃) ဖြစ်နိုင်တာနဲ့ (၄) ဖြစ်နေတာဆိုတဲ့ အချက်လေး ချက် အပေါ်မှာ အခြေခံပြီး တွက်ဆရင် အမှားအယွင် နည်းပါးနိုင်တယ်လို့ မှတ်သား ဖူးပါတယ်။
           အသွင်းပြောင်းအစိုးရ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့ကာလက သုံးနှစ်ေ ကျာ်ကြာခဲ့ပြီဖြစ်တယ်။ ဦးသိန်းစိန် ဘယ်လောက်အထိ ဇောချွေးပြန်နေမှန်း နိုင်ငံရေး ကို  စိတ်ဝင်စားသူတိုင်း သိနိုင်ကြပါတယ်။ အလားတူ ဒီလူဒီမူနဲ့ တိုင်းပြည် ဆက်သွား လို့မရနိုင်မှန်းကိုလည်း သိနေကြပါတယ်။ အကြံပေး ဒေါက်တာ ဆယ်ချီပြီး ၀ိုင်းရံ ထား   ပေမယ့်တိုးတက်မှုက မိုးပျံပူပေါင်းလောက်တောင်ဖြစ်မလာတဲ့အနေအထားကို လည်း သိမြင်နေကြပြီဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ တိုင်းပြည်အပြောင်းအလဲ ကို ဘယ်နည်းနဲ့သွား ကြမလဲဆိုတာထက် အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကိုသာ အဓိက ထားနေပုံရတယ် လို့ ရှေ့မီနောက်မီ ပညာရှင်တွေက မှတ်ချက်ပေးနေကြပါတယ်။
            ဆင်းရဲတွင်းက လွတ်အောင်ပြောပြော၊ အလယ်တန်းအထိ အခမဲ့ပညာ သင်ကြားရေးပဲ ဆိုဆို တကယ့်လက်တွေ့ကတော့ ဖွတ်ကျားပဲဖြစ်တယ်။ တိုင်းပြည် လူဦးရေအများဆုံးသော တောင်သူ လယ်သမားတွေဆီက လယ်ယာမြေတွေကို အခွင့်ထူးခံတွေအတွက် သိမ်းဆည်းထားခြင်းဟာ အဓိက ပြယုဒ်ပဲဖြစ်တယ်။ ဒီပြဿ     နာကိုရိုးရှင်းစွာ  မရှင်းလင်းနိုင်သရွှေ့ ပြောင်းလဲနေပါတယ်လို့ ဖင်ပိတ်ပြီး အော်စေအုံး   တော့ သွေးအံပြီးသာသေသွားမယ်။ တိုင်းပြည်ကတော့ အကောင်းဘက်ကို တစ် လက်မ တောင် မရွှေ့နိုင်သေးပါ။

     “ထမင်းဝတဲ့အလုပ်အကိုင်မရှိသေး”
          တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတွေ ထမင်းမ၀ကြဘူး။ ဒီလိုပြောရင်ငတ်သေ တဲ့မသာ မြန်မာပြည် မှာ မရှိဘူးဆိုပြီး ခါးထောက်ပြီးငြင်းအုံးမယ်။ ဘွဲ့ရတွေ အတွက် ထမင်းစားလောက်တဲ့ အလုပ်အကိုင် မရှိသေးဘူး။ ဦးသိန်းစိန် မင်းလုပ် အုပ် ချုပ်တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ လေးသန်း ထက်မနည်း ရှိနေတဲ့ ပြည်ပက လုပ်ငန်းေ ပါင်းစုံ အတွေ့အကြုံရှိနေကြတဲ့ မြန်မာအလုပ်သမားတွေ တစ်ယောက် တစ်လေမှ ၀င်လုပ် စရာအလုပ် မရှိသေးဘူး။ ပြည်ပကိုပဲ မြန်မာတစ်နိုင်ငံလုံးက နည်းအမျိုးမျိုးနဲ့ ထွက်ခွာနေကြဆဲဖြစ်ပါတယ်။
            အယင်ကာလတွေတုန်းက တရားမ၀င် ထွက်ခွာအလုပ်လုပ်နေကြတာကို လူကုန်ကူးမှု ပပျောက်အောင်ဆိုပြီး MOU ဆိုတာကို ၂၀၀၉ ခုနှစ်မှာ ထိုင်းနဲ့မြန်မာ စတင် အကောင်အထည်ဖေါ်ခဲ့ကြ တယ်။ MOU စည်းကမ်းတွေရဲ့အားနည်းချက်တွေ ကို သိလာပြီလို့ အလုပ်သမားညွန်ကြားရေးမှူးချုပ်က ဆိုတယ်။ ဒါပေမယ့် ဘယ်လိုေ ကာင်းအောင်လုပ်ကြမလဲ၊ ဆိုတာခုထိထုတ်ဖေါ်ပြောဆိုတာမရှိသေးဘူး။ ကောင်းမွန် သေသပ်တဲ့အစီအမံတွေ မဖြစ်သေးခင် စင်ကာပူကုန်တိုက်မှာ အောက်သက်ကျေ တဲ့ မြန်မာအိမ်ဖေါ်ဆိုပြီး လူမြင်ကွင်းမှာ သရုပ်ပြပြီး လေလံပစ်နေပြီ။ 

             သားယောက်ျားပဲမွေးတဲ့ တရုတ်ရဲ့ပေါ်လစီအရ ယခုအချိန်မှာ တရုတ်နိုင်ငံ ရဲ့ဇနီးမယားလို အပ်ချက် ကသန်းပေါင်းများစွာတောင်းဆိုနေပြီ။  သွေးသားပျော်တော်ဆက်ပြီး လယ်ကူလီလုပ်ဖို့ ရသမျှ မိန်းကလေးကို အလိုရှိနေပြီ။ တနည်းအားဖြင့် သွေးသားဆာလောင်မွတ်သိပ်မှုနဲ့ အခိုင်းအစေ အထူးလိုအပ်နေတဲ့ တရုတ်နိုင်ငံကို.....တစ်ခါ အေဂျင်စီများ အဖွဲ့ချုပ် ဥက္ကဌကြီး က တရားဝင်အလုပ်သမ ပို့အုံးမယ်ဆိုတာ၊ ကျနော် တို့ကတော့ သက်ပြင်းချရုံမှတစ်ပါးမတတ်နိုင်။
                                      “ဘယ်လိုလုပ်ကြမလဲ”
          တိုင်းပြည်မှာ အလုပ်မရှိ၊ ပြည်ပကိုထွက်ကိုထွက်ကြရမယ်၊ တရားဝင် ဖြစ်   အောင်ဆိုပြီး MOU နဲ့ တစ်သိန်းလောက်ပို့ထားတဲ့ ထိုင်းနိုင်ငံမှာ ဘာကြောင့်ပြဿ နာတက်နေကြတာလဲ။ အကြောင်းခံကဘာလဲ။ လူကြောင့်လား၊ မူကြောင့်လား၊ အား နည်းချက်ကဘာလဲဆိုတာကို သေသေချာချာစီစစ်ပြီး အထိအပွန်း အနည်းဆုံး၊ ဥပဒေတွေ ပြဌာန်း၊ နည်းလမ်းကောင်းတွေချမှတ်ပြီးမှ ပို့ကြပါလို့ အကြံပြုချင်ပါတယ်။
             အထူးနှိုင်းယှဉ်စရာတစ်ခုကတော့   ထိုင်းနိုင်ငံဆိုတာ အသားအရည်တူ၊ ဘာသာတူ၊ အစားအစာ တူပြီး ထိုင်းစကားတတ်တဲ့ မြန်မာတွေနဲ့ နေရာတိုင်းမှာ အလုပ်လုပ်နေကြတဲ့ တိုင်းပြည်ဖြစ်တယ်။ အကူညီ ပေးမယ့်အဖွဲ့အစည်းတွေလည်း အတော်အတန်ရှိပါတယ်။  ဒါတောင်မှ လူကုန်ကူးခံရသူတစ်ယောက် လွတ်မြောက်ဖို့ ဆိုတာ အတော်ခက်ခဲပါတယ်။ အိမ်ပြန်မယ်ဆိုရင်လည်း မြန်မာနိုင်ငံကို တစ်ညအိပ် ကားစီး ရင်ရောက်ပါတယ်။

    တရုတ်နိုင်ငံဆိုတာအကျယ်ကြီး။ ကူညီမယ့်သူလည်းမရှိ၊  အခြားအရာတွေလည်း မတူတဲ့တိုင်းပြည်ဖြစ် တာကြောင့် တရုတ်နိုင်ငံထဲကိုလူကုန်ကူးခံရလို့ ကတော့ ရေထဲ မှာ ဂဲလုံးကို ပစ်ချလိုက်သလို ပလုံ…ဖြစ်သွားမှာဖြစ်တာကြောင့် စဉ်းစဉ်းစားစားလုပ် ကြပါလို့ အကြံပြုလိုက်ပါရစေ။     ။

                                                            ကျော်သောင်း