23 July 2014

“ရနောင်းဈေးသည်များထိုင်းစစ်တပ်အစီအစဉ်ကိုဆန္ဒပြအောင်မြင်”




၂၀၁၄ ခု ဇူလိုင် ၂၃
မြတ်ညို(အလွတ်သတင်းထောက်)


           ရနောင်းဈေးသည်များ၂ရက်တိုင်တိုင် အရောင်းအ၀ယ် မဖြစ် သဖြင့် ကော့သောင်းနှင့်ရနောင်း ပဲ့ထောင်လှေ အစီအစဉ်အား မူလ အတိုင်း ပြင်ဆင်ပြေးဆွဲပေးရန်အတွက်ဆန္ဒပြကြရာ အောင်မြင်ခဲ့
 ကြောင်းသိရ သည်။
           မြန်မာနယ်စပ် ကော့သောင်းမြို့မှ ထိုင်းနယ်စပ် ရနောင်းမြို့ သို့ နေ့စဉ် အရောင်းအ၀ယ်ပြုသူများနှင့် အသွားအပြန်ဈေးဝယ်သူများ သည် ကော့သောင်းမှ မြန်မာပဲ့ထောင်လှေများဖြင့်သာ အသွားအလာပြု ကြသဖြင့် ရနောင်းမြို့မှထိုင်းနိုင်ငံသားများ မကျေမနပ်ဖြစ်ခဲ့သည်မှာကြာ ပြီဖြစ်ကြောင်း မြန်မာပဲ့ထောင်လှေ ပိုင်ရှင်တစ်ဦးကပြောသည်။
       ရနောင်းမြို့ခံ ပဲ့ထောင်လှေသမားများက ထိုင်းစစ်တပ်အားစီနီယာ အတိုင်းပဲ့ထောင်လှေများ ပြေးဆွဲခြင်းပြုလုပ်ပေးရန် တောင်းဆိုသဖြင့်
 ဒေသခံစစ်တပ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းပဲ့ထောင်များ ထွက်ပြီးမှ   မြန်မာလှေများထွက်ရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ
ပဲ့ထောင်သမားများကပြောသည်။
ထိုင်းဈေးသည်တစ်ဦး က“ မြန်မာဘက်က ဈေးလာမ၀ယ်တာ၂ရက်ရှိပြီ၊ ပန်းတွေ၊ ငါးတွေ၊ အသားတွေ ပုပ်ကုန်လို့လွှင့်ပစ်ရတယ်။ စုံစမ်းကြည့်   တော့ထိုင်းပဲထောင်သမားတွေက မောင်ပိုင်စီးထားတာ။ ဈေးသူ
 ဈေးသားနဲ့ လှေဆိပ်က ဈေးဆိုင်တွေ အကုန်လုံး ဆန္ဒပြကြတယ်။ ခုတော့ အယင်အတိုင်းပြန်ဖြစ်သွားပြီ” ဟု ထိုင်းဘာသာဖြင့်ပြောသည်။
         ကော့သောင်းမြို့ အောင်မင်္ဂလာမှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက“ကျမတို့က ဈေးဝယ်ပြီးမှ ပြန်ရတာ။ အချိန်ကနောက်ကျတဲ့ အခါများတယ်။ ပြန်ချင်တဲ့အချိန်ပြန်တယ်။ ကျမတို့မှာ ရွှေတွေ ငွေတွေ ပါတယ်။ ကိုယ့်မြို့က စိတ်ချရတဲ့ ပဲ့ထောင်နဲ့ပဲပြန်မှာပေါ့။ ထိုင်းတွေက   ဆေးသမားတွေများတယ်လေ။  ဘယ်လိုပြန်ရဲမလဲ။ အယင်နေ့က ထိုင်းပဲ့ထောင်နဲ့စီးရမယ်ဆိုလို့ ကျမတို့ ကော့သောင်းတစ်မြို့ လုံးက   ဈေးသယ်တွေ ဈေးသွားမ၀ယ်ပဲ ညီညီညွတ်ညွတ်နေလိုက်ကြတယ်။ ထိုင်းအချင်းချင်းဆန္ဒပြလိုက်တော့ ပွဲပြတ်သွားတယ်” ဟု ပျော်ရွှင်စွာဖြင့်  ရွှေလုပ်သားအွန်လိုင်းသတင်းဆိုဒ်သို့ ပြောသည်။