27 July 2014

“MATနှင့် ATTF တို့ လူကုန်ကူးခံရသူတစ်ဦးအားကယ်ထုတ်”

           
၂၀၁၄ ဇူလိုင်လ ၂၇
မြတ်ညို(အလွတ်သတင်းထောက်)
               ငါးဖမ်းလှေတွင် လုပ်အားခမရပဲ အလုပ်လုပ်နေရသည့် ကော့သောင်းဆီအုန်းခြံအလုပ်သမားတစ်ဦး ယမန်နေ့က လွတ်မြောက် လာပြီဖြစ်ကြောင်း သိရှိရသည်။
          ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့ ခမုန်လှေဆိပ်မှ ငါးဖမ်းလှေအမှတ်(၂) ပေါ် တွင် ရောင်းစားခံ နေရကြောင်း ကော့သောင်းအခြေစိုက် မြန်မာအစိုးရလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ATTF မှ ရဲမှူး မင်းခိုင် မှ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ သတင်းပေးပို့ အကူညီ   တောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့နှင့် ညှိနှိုင်းစီစဉ်ေ ဆာင်ရွက်ခဲ့ကြသည်။




       “ယုဇနဆီအုန်းခြံ က မအေးဝင်း က အကူညီတောင်းလာတယ်။ သူ့ခင်ပွန်း ကျော်မျိုးခိုင် ကိုတစ်လ ဘတ် ၆,၀၀၀ ရမယ် ဆိုပြီး ပွဲစား က မေလ က တည်းကခေါ်သွားတာ၊ လုပ်အားခမရတဲ့အပြင် လူပြန်လွတ် ချင်လို့ရှိရင်ဘတ်ငွေ ၉,၅၀၀ ပေးရမယ် ဆိုပြီး ဖြစ်နေတယ်။ ပိုက်ဆံမပေးနိုင်ရင် နောက်ထပ် အလုပ်သမား ၃ယောက်ရှာပေးရမယ် လို့ပြောတယ်”  ဟု ရဲမှူး မင်းခိုင် က MAT သို့ သတင်းပို့ခဲ့ သည်။
          MAT အဖွဲ့သည် ကိုကျော်မျိုးခိုင် လှေပြန်အ၀င် ကို စောင့်နေခဲ့ကြသည်။ သို့ရာတွင် ကိုကျော်မျိုးခိုင် က ထွက်ပြေးသဖြင့် နယ်မြေရဲက ဖမ်းဆီးလိုက်သည်။
MAT အဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့် က “ကျနော် ရဲစခန်းက အရာရှိကြီး ကိုလှမ်းပြောတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ကသတင်းပို့ထားပြီးဖြစ်တယ်။ ဒါကြောင့် ကိုကျော်မျိုးခိုင် ကို စူရတ်  ကယ်ဆယ်ရေး စခန်းကိုပို့လိုက်တယ်။ ပြီးရင် နယ်စပ် ကို ပြန်ပို့မယ်လို့ပြောတယ်။ ထိုင်းဘက်မှာ လူကုန်ကူးတဲ့ပွဲစားတွေနဲ့ လူကုန်ကူး ခံရသူတွေကို ခိုင်းစေတဲ့ လုပ်ငန်း ရှင်တွေကို ပညာပေးတာ တို့၊ ပြစ်ဒဏ်ပေးတာ မျိုးတို့မရှိဘူး။ လူကုန်ကူးခံရတဲ့သူက တပြားမှမရပဲ လပေါင်းများ စွာကယ်ဆယ်ရေး စခန်းထဲမှာ အချိန်တွေက ကုန်အုံး မယ်။ ပြီးရင် ဘယ်တော့ ပြန်ပို့မယ်လည်း မသိရ ဘူး။ အခြားဖမ်း ဆီးပြန်ပို့ခံရသူတွေနဲ့ရောပြီးတော့ ပြန်ပို့ တယ်။ နယ်စပ် ရောက်တော့ ဒီအလုပ်သမားတွေကလူကုန်ကူးတဲ့ ဂိုဏ်း တွေလက်ထဲပြန်ရောက်တယ်။ လူကုန်ကူး ခံရတဲ့သူတွေ ထပ်ပြီး လူကုန်ကူးမခံရအောင် နှစ်နိုင်ငံအစိုးရ ထိထိရောက်ရောက် အစီအစဉ်ချ မှတ်သင့်တယ်” ဟုပြောသည်။



           ထိုင်းနှင့် မြန်မာအစိုးရတို့အား လူကုန်ကူးမှု အဆင့်၂သို့ အမေရိကန်အစိုးရက တစ်ဆင့်လျှော့သတ် မှတ် ကြောင်း မကြာမီက ကြေညာခဲ့သည်။ 



         

ထိုင်းငါးဖမ်းလှေနှင့် ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်ရုံတို့တွင်   မြန်မာ အလုပ်သမား အမြောက်အမြား မတရားခိုင်းစေခံနေရကြောင်း၊ လူကုန်ကူး ခံနေရကြောင်း၊ အမေရိကန်အစိုးရ၊ ယူကေနိုင်ငံမှ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော EJF တို့က အချက်အလက်အပြည့်အစုံတို့ဖြင့် ကြေ ညာချက် ထုတ်ပြန် ထားပြီးဖြစ် သည်။
            ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံနေရသည့်မြန်မာအလုပ်သမားများများ လွတ်မြောက်ရေးတို့အတွက်အကောင်အထည်ဖေါ်ဆောင်ရွက်မှုလျှင်မြန်လွယ်ကူနိုင် ရန်အတွက် မြန်မာအစိုးရလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲမှအရာရှိ တစ်ဦး   မြန်မာ သံရုံးတွင် ထားသင့်ကြောင်း ၂၀၁၂  ခုနှစ်ကတည်းက မြန်မာ လူကုန်တား တပ်ဖွဲ့မှူးအား MAT အဖွဲ့က အဆိုပြုတင်ပြထားခဲ့ကြောင်း သိရှိရသည်။