23 July 2014

“အစိုးရ မူဝါဒ အလုပ်သမားများတိတိကျကျသိရှိမှုအားနည်း”



                
၂၀၁၄ ခု ဇူလိုင်လ ၂၃ ရက်

မောင်ပေါ်ထွန်း
ထိုင်းစစ်အစိုးရ လုပ်ပေးနေသည့် ယာယီနေထိုင်ခွင့်ထောရော38/1   (ပန်းရောင်ဘတ်) အနေအထား များအား မြန်မာအလုပ်သမားများ အပြည့်အ၀သိရှိနားလည်မှု မရှိေ သးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ တစ်ဦးက ပြော သည်။
          ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ တွင်နေထိုင်သော ထိုင်းနိုင်ငံ   ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့် က “သံရုံးမှာ မကြာခင်က ပြလုပ်တဲ့ အလုပ်သမား စါ ရင်း ကောက်မယ့် အဖွဲ့ဝင်ဆယ်ဦးထဲမှာ ကျနော်ပါတယ်။ ဒါကြောင့် ကျနော် မနေ့က စူရတ်က ဘတ်လုပ်တဲ့ နေရာကိုသွားတယ်။ သံရုံးက တရားဝင်စာပို့ထားတာမရှိတဲ့အတွက် အလုပ်သမားတွေကို စါရင်းေ ကာက်လို့မရဘူး။ အဆိုးဆုံးအခြေအနေကတော့ အလုပ်သမားတွေက ဘတ်လုပ်ရင်တစ်နှစ်စာလို့ ထင်နေ ကြတယ်။ ဘာလုပ်ပြီးရင် ဘာလုပ်ရ မယ်ဆိုတဲ့ အစိုးရလုပ်နေတဲ့ အစီအ စဉ်ကို မသိကြဘူး။ ခုလုပ်နေတဲ့ ဘတ်ကဒ်က ၂လ,သာနေထိုင်ခွင့်ရှိပြီး   မြန်မာနိုင် ငံသားဖြစ်ကြောင်း စီစစ်ရမယ်၊ ပြီးရင် ပတ်စပို့လုပ်ရမယ် ဆိုတာကို ကျနော် စာရွက် နဲ့ရေး ထားတာကို ဝေငှခဲ့တယ်။ ကျနော်နဲ့သိတဲ့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက အရာရှိ တစ်ဦးကလည်း လက်ကိုင်မိတ်နဲ့  အော်ပေးပါတယ်” ဟုပြောသည်။
           
         ဇူလိုင်လ ၁၄ ရက်နေ့ရက်စွဲဖြင့် နေပြည်တော်  အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင် လက်မှတ်ရေးထိုး၍ မြန်မာအလုပ် သမားများ၏ အချက်အလက်၂၇ချက် ဖြည့်ရန် တာဝန်ပေးထားခြင်းနှင့် သံရုံးကော်ကော်မတီဆယ်ဦးတို့၏ အချက်၁၀ချက်ပါ စါရင်းကောက်ခံ   ခြင်းမှာမတူကြောင်း ဘန်ကောက် အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် က ဆိုသည်။
“ ဘန်ကောက်သံရုံက ယာယီကော်မတီဆယ်ဦး စါရင်းကောက်မှာက အချက် ၁၀ချက်ပဲပါတယ်။ သံရုံးက လုပ်တာက အထောက်အထားတစ် ခု အမြန်ရအောင် ကြားခံဆောင်ရွက်ပေးတာဖြစ်ပြီးတော့ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနညွန်ကြားတာက ပတ်စပို့စာအုပ်ကြီးထုတ်ပေး
ရေး လမ်းစဉ်အတိုင်းဖြစ်တယ်” ဟုပြောသည်။
         သံရုံးမှ တာဝန်ပေးထားသည့် ကော်မတီ ဆယ်ဦးစါရင်းကောက် ခံခြင်းလုပ်ငန်းစဉ်နှင့် နေပြည်တော်အလုပ်သမားညွန်ကြားရေးမှူး ညွန်
ကြားချက်များအတွက် ထိုင်းအစိုးရထံသို့ တရားဝင် သတင်းပို့ထားခြင်း မရှိသဖြင့် ကော်မတီများနှင့် မြန်မာဝန်ထမ်းများမှာ အခက်ကြုံနေကြရ   ကြောင်း ကော့သောင်း အစိုးရပတ်စပို့ ရုံးမှ မြန်မာအာဏာပိုင်များအမြဲ တမ်းအသုံးပြုနေသည့် အကြီးတန်းမြန်မာဘာသာပြန် တစ်ဦးကပြော သည်။
            ထိုင်းနိုင်ငံတွင်သိန်းချီ၍ သက်တမ်းကုန်နေသည့် ပတ်စပို့များ အသစ်ပြန်လုပ်ရေးအတွက် အဓိက ကြန့်ကြာနေခြင်းမှာ မြန်မာအလုပ် သမားအများစုတွင်  မြန်မာနိုင်ငံသားစီစစ်ရေးကဒ် နှင့် အိမ်ထောင်စု (သန်းခေါင်စါရင်း) ကြောင့် ဖြစ်ကြောင်း အလွှာပေါင်းစုံ က မြန်မာအစိုး ရအား တင်ပြခဲ့ပြီးဖြစ်သည်။
          ဘန်ကောက် အခြေစိုက်  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော် အလုပ်သမားဒုဝန် ကြီး၊ ညွန်ကြားရေးမှူးချုပ်တို့နဲ့ အယင်လက တွေ့တုန်းက တင်ပြဖူးပါ တယ်။ ခက်နေတာကို လွယ်အောင် ဘယ်လိုလုပ်ကြမလဲ။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစါရင်းမရှိပဲ အယင်တုန်းက ပတ်စပို့လုပ်ခဲ့လို့ ထိုင်းမှာ အလုပ်သမားနှစ်သန်းတောင်လုပ်ခဲ့ပြီ၊  အစိုးရသတ်မှတ်ချက် အတိုင်း ပတ်စပို့ အသစ်လဲတာ ခုမှ ထောင်ကဏန်းပဲပြီးသေးတယ်။ အချိုး   တော်တော်ကွာနေတယ်။ အလုပ်သမားတွေ လုံလုံခြုံခြုံနဲ့ နေထိုင် လုပ်ကိုင်လို့ရတဲ့စာအုပ်ကို လုပ်သင့်တယ်။ နိုင်ငံတကာကိုသွားလို့ရတဲ့ သာမန် နိုင်ငံကူးလက်မှတ်အမျိုးအစား ထိုင်းရောက်အလုပ်သမားတွေ အတွက်မလိုအပ်ဘူး။ ငွေတတ်နိုင်လို့ အခြားတိုင်းပြည်ကိုသွားချင်သူေ တွ မြန်မာပြည်ပြန်လုပ်ကြပါလိမ့်မယ်လို့ အကြံပြု ဆွေးနွေးခဲ့ပါတယ်၊ ခုထပ်ပြီး ညွန်ကြားရေး မှူးက အယင်အတိုင်းပဲစာထပ်ထုတ်တယ်။  ကျွဲပါးစောင်းတီးပေါ့၊ ကျနော်တို့ အကြံပြုတာကို လက်မခံဘူး ဆိုတာပြ တာပဲ”  ဟုပြောသည်။
          
           မှတ်ပုံတင်နှင့် အိမ်ထောင်စုစါရင်းမရှိ၍  ပတ်စပို့အသစ်လဲရန် ခက်ခဲနေသည့်အလုပ်သမားအချို့ စာအုပ်အဟောင်းများကို ပစ်၍ ပန်းရောင်ဘတ်ကဒ် ၀င်ရောက်လုပ်နေသူများရှိကြောင်း သိရှိရသည်။   နှစ်ပါတ်ခန့် အတွင်းထိုင်းအစိုးရဖွင့်လှစ်ထားသည့် ပန်းရောင် ဘတ် ကဒ် ထုတ်ပေးသည့်  စင်တာများတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း သိန်းချီ၍ မှတ်ပုံတင်ခဲ့ပြီးဖြစ်သော်လည်း အလုပ်သမားစါရင်း တစ်ခုမှ မရောက်သေးကြောင်း ဆယ်ဦးကော်မတီ ထံမှသိရှိရသည်။