30 July 2014

“MATနှင့် ATTF တို့ အင်ဒိုနီးရှားငါးဖမ်းလှေမှ လူကုန်ကူးခံရသူတစ်ဦးအား ကယ်တင်”

             
၂၀၁၄ ဇူလိုင်လ ၃၀
မြတ်ညို(အလွတ်သတင်းထောက်)

         အင်ဒိုနီးရှား၊ထိုင်းငါးဖမ်းလှေပေါ်တွင် တစ်နှစ်နီးပါး ရောင်းစားခံနေခဲ့ရသည့်လူငယ် တစ်ဦးအား ထိုင်းနယ်ခြား စောင့်ကော် မတီ၊  မြန်မာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့ATTF(ကော့သောင်း)နှင့် MATအဖွဲ့တို့ပူး ပေါင်း ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
        ဇူလိုင်လ ၂၈ ရက်နေ့က လွတ်မြောက် လာခဲ့ သော အသက် ၁၇နှစ်အရွယ် ကျော်ထက်အောင် သည် တနင်္သာရီတိုင်း မြိတ်မြို့မှ အဘဦးမြင့်သိန်း ၏သားဖြစ် သည်။ သူသည်  ထိုင်းနိုင်ငံတောင်ပိုင်းနခိုစီဌာမရမြို့ နယ် ခနုန်(ခနောင်)လှေဆိပ်လှေအမှတ်(၅)  ပေါ်တွင် ၂၀၁၃ စက်တင်ဘာလကတည်း ကစ၍(၁၁လကြာ) ရောင်းစားခံနေခဲ့ရသည်။
           ကော့သောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူး၏ ပေးပို့စာအရ မောင်ကျော်ထက်အောင် သည် ဘတ်ငွေ နှစ်သောင်းခွဲဖြင့်ရောင်းစားခံထားရပြီး တစ်နေ့ကို ၁၈နာရီထက်မနည်း အလုပ်လုပ်ရသည်။ ထိုငွေများ အတွက် ၂နှစ်လုပ်ဆပ်ရ မည်ဖြစ်သည်။ ထွက်ပြေးပါက ၆နှစ်လုပ်ဆပ် ရမည်ဖြစ်ပြီး ထွက်မပြေး နိုင်အောင်စောင့် ကြပ်နေသည်ဟုသိရသည်။ ငါးဖမ်းလှေသည်၁၅ ရက်တစ်ကြိမ် ကမ်းသို့ပြန်ကပ်ပြန် ကုန်များချသည်။ နာရီဝက် ခန့်နားပြီးသည်နှင့် ပင်လယ်ပြင်သို့ပြန်ထွက်ရသည်။
ကော့သောင်း ATTF မှ တပ်ဖွဲ့မှူး ရဲမှူးမင်းခိုင် က “'ဒီကောင်လေး ကိုကယ်ထုတ်ဖို့ ကျနော် လေး လကျော် စောင့်ခဲ့တာရတယ်။ ကျာ်ထက်အောင် ကျနော်တို့ဆီကိုရောက်ပါပြီ။ ဒီဘက်က ရောင်း လိုက်တဲ့ပွဲစားမတစ်ယောက်ကို လည်းကျနော်တို့ ခေါ်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။ ထိုင်းနယ်ခြားေ က်ာမတီ ကူညီပေးမှုထိရောက်ပါတယ်။ ကျနော် တို့ လက်ထဲကို ချက်ခြင်းတန်းရောက်လာတယ်။ ပူးပေါင်း ကူညီဆောင်ရွက် ပေးတဲ့ အတွက် MAT အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတ ယ်” ဟု ပြောသည်။ 
          မောင်ကျော်ထက်အောင်သည် ငါးဖမ်းေ လှ ကပ်ခါနီးတွင် စူရတ်ဌာနီတွင် နေထိုင်သော MAT အဖွဲ့၏ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့်ထံသို့ ဖုန်းဆက်သွယ်ခဲ့သည်။ MAT က ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အကြောင်းကြားထားခဲ့သည်။ တပြိုင်တည်းတွင် ဦးအောင်မျိုးသန့်က ထိုင်းမြန်မာ နယ်ခြား ကော်မတီမှ ဦးဝီလ(ခ)(ဖိမာန်) ကိုအချိန်မီ အကြောင်းကြားကာ အကူညီတောင်းခံ ခဲ့သည်။ ဦးဝီလ က တစ်ဆင့်ခနောင်ရဲစခန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့သည်။
           ဦးအောင်မျိုးသန့် က “ခနောင်က ရဲတွေဝင်ခေါ်လို့မောင်ကျော်ထက်အောင်နဲ့ အတူသူဌေးရဲ့ ကိုယ်စား လှယ်တစ်ဦးနဲ့ ဗမာပွဲစားမ တစ်ဦးပါတယ်။ ရဲစခန်းမှာ ဘာပြောလဲဆိုတော့ ကျနော့်ကို ရောင်းစား တဲ့သူ ထောင်ကျနေပြီလို့ပြောတယ်။ ကျနော် ရောင်းစားခံရတာမဟုတ်ဘူး။ အိမ်ပြန်ချင်တာပါလို့ ပြောတာ။ ကျနော်တို့ အလုပ် လုပ်တဲ့လူတွေ ဘာလုပ်ရမှန်းမသိဖြစ်သွားကြတာ။ နယ်ခြားကော်မတီကကြားဝင်ပြီး ပြန်ပို့ပေးပါ ပြောလို့အဆင် ပြေသွားတယ်။ ပြန်လမ်းမရှိတဲ့ အင်ဒိုနီးရှားငါးဖမ်းလှေမှာ ရောင်းစားခံထားရတဲ့ ကလေးတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက်တော့ဝမ်းသာတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ မြန်မာအစိုး ရဆက်သွယ် ဆောင်ရွက်မယ်ဆို ရင်၊ သံရုံးက တာဝန်ရှိသူတွေ ဖုန်းကိုင်ဖို့ လိုသလို ကျနော်တို့ဟာ မြန်မာ အစိုးရက တစ်စုံတစ်ခု အသိအမှတ်ပြု ထားတာတော့လိုမယ်။ မဟုတ်ရင် ဒေသခံအာဏာပိုင်တွေနဲ့ အလုပ် လုပ်တဲ့အခါ ကျနော်တို့အခက်အခဲကြုံပါ တယ်” ဟု ပြောဆိုသည်။
            ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူများအား ကယ်ထုတ်ကြရသည့်နယ်မြေတိုင်းသည် ထိုင်းသူဌေး များ၊ ထိုင်းလူမိုက်များ၊ မြန်မာပွဲစားများနှင့် ဒေသခံပုလိပ်များ စည်းကြပ် ထားသည့်နယ်မြေများဖြစ်ကြသည်။ ယခုဖြစ်ရပ်၌ မိမိတွင် ခိုင်မာသည့် အထောက်အထားတစ်စုံတစ်ခုမရှိသဖြင့် ရဲစခန်းသို့ မလိုက်နိုင်ခဲ့သဖြင့် မြန်မာပွဲစားမ နှင့် ထိုင်းသူဌေး လူယုံတို့ ပြောခိုင်းသည့် စကားကိုသာ လူကုန်ကူးခံရသည့် မောင်ကျော် ထက်အောင် ပြောဆိုခဲ့ရခြင်းဖြစ်သည်။ ကူညီသူများလိုက်ပါခွင့်မရခဲ့သဖြင့် တစ်နှစ်နီးပါး အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ဆုံးရှုံးခဲ့ရကြောင်း ဦးအောင်မျိုးသန့် ကထောက်ပြသည်။

           ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ယခု ကယ်တင်မှုအထိ ၇လ ကာလအတွင်း လူကုန်ကူးခံမှုနှိမ်နင်းခြင်း ၂၅ကြိမ် အတွင်း လူကုန်ကူးခံရသူပေါင်း ၉၈ဦးအား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ လူကုန်ကူးကြသည့်ဂိုဏ်းသား ၁၀ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။