10 July 2014

"ဆရာစနေသားကိုလေးစားတယ်ဗျာ"





     ကျနော်၂၀၁၄ခုနှစ်မှာ ပြည်တွင်းကိုခဏခဏသွားဖြစ်တယ်။ ပြည်တွင်းထုတ်
ဂျာနယ်တစ်ချို့ကို ဆောင်းပါးတစ်ချို့ရေးပို့ဖြစ်ပါတယ်။
    ဒီနေ့ထုတ်မြန်မာအလင်းသတင်းစာမှာ ဆောင်းပါးရှင် စနေသား က ဇွန်လ ၁၈ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးကို ဝေဖန်ရေးထားတာကို ဖတ်ရတယ်။ နိုင်ငံပိုင်သတင်းစာတစ်စောင်မှာ ဘာမှမဟုတ်တဲ့ ကျနော့်လို လူ ကို တခုတ်တရ ဝေဖန်ပေးတာ အလွန်ကျေးဇူးတင်ပါတယ်။
             နိုင်ငံပိုင်သတင်းစာဆိုလို့….၄၊ ၇၊ ၂၀၀၆ ခုနှစ်က ကြေးမုံသတင်းစာ မှာ“တပြည်သူမရွှေထား(သို့) တိုင်းပြည်အန္တရာယ်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ကို မောင်စေတနာ Ba,Bed ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးကို  “တိုင်းပြည်ကို ဖျက် ရိုးဒ်မက်(၇)ချက်”ဆိုပြီးတုန့်ပြန်တဲ့ဆာင်းပါး တစ်ပုဒ်ကို ခါကာဘိုရာဇီ ၀က်ဘ်ဆိုဒ်မှာ ချက်ခြင်းကျနော် ရေးခဲ့ဖူးပါတယ်။ ဒါက နိုင်ငံပိုင်သတင်းစာနဲ့ ကျနော် ရှိခဲ့ဖူးတဲ့ သံယောဇဉ်ဖြစ်ပါတယ်။
           နှစ်ပေါင်းငါးဆယ်ကျော်ကြာ မျက်စိနားတွေအကုန်ပိတ်ထားရာကနေ သမ္မတကြီး ဦးသိန်းစိန် တက်လာပြီးတဲ့နောက်မှာ လွတ်လပ်စွာ ရေးသားထုတ်   ဝေခွင့်ပြုခဲ့တယ်။ အကျိုးဆက်က တိုင်းပြည်ရဲ့ရတနာအကုန်လုံးကို အာဏာ ရှင်တွေရောင်းစားသွားပြီ၊ အဖိုးတန်ပိုင်ဆိုင်မှုဟူသမျှ အာဏာပိုင် အသစ် အဟောင်းတွေ နဲ့ ခရိုနီတွေလက်ထဲမှာဆိုတာ စင်ပေါ်မှာတင်ပြသလို ပြည်သူ   တွေသိမြင်ခွင့်ရခဲ့ပြီ။
        ဘယ်နေရာကြည့်ကြည့် လယ်တွေကိုသိမ်း၊ ကုမ္ပဏီဟူသမျှအာဏာပိုင် နဲ့ခရိုနီပိုင်၊ တိုရှင်းပြောရရင် စားစရာမရှိတဲ့လူထုနဲ့ ထားစရာမရှိတဲ့ လူတစ်စု ဆိုတာကို အားလုံးသိလာခဲ့ကြပြီဖြစ်တယ်။ ဒီအခြေအနေဟာ နှစ်ငါးဆယ်   ကျော် မြန်မာနိုင်ငံရေးအတွက် စစ်သားဟောင်းကြီး သမ္မတ ဦးသိန်းစိန်   ရေးတဲ့သမိုင်းမှတ်တမ်းထဲမှာ အတောက်ပြောင်ဆုံးပါ။
       ဆရာ စနေသားကို ပြောချင်တာကတော့ ခုမှမျက်စိဖွင့်ခွင့်ရတဲ့ လူထုကို အမှန်အတိုင်း သိသထက်သိပြီး လူစဉ်မှီတဲ့ နိုင်ငံသားတွေဖြစ်အောင် ကူညီေ ပးပါ။ အမွဲဆုံးတိုင်းပြည်ဖြစ်တာထက် အသိဉာဏ်မွဲသွားတဲ့၊ ကိုယ်ကျင့် ပျက် စီးသွားခဲ့ကြပြီဖြစ်တဲ့ မြန်မာလူထုကို ကျနော်တို့နဲ့အတူ မှန်ကန်တဲ့သတင်း အချက်အလက်တွေကို ၀ိုင်းဝန်းပေးကြပါစို့လို့ မေတ္တာရပ်ခံပါတယ်ဗျာ။
      အမှန်အတိုင်းတင်ပြပါ။ အမှားအမှန်ကိုလူထုဆုံးဖြတ်ပါစေ။ ငှက်ပျောသီး စားထားလို့  ဗိုက်အဆာပြေနေတာကို ၀အောင်စားထားပြီလို့ လက်တစ်လုံး
ခြား လုပ်တဲ့ခေတ်ကို ထားခဲ့ကြတော့မယ်ဗျာ။ ကိုယ့်အိမ်ထဲကို ခွင့်ပြုချက်မရ ပဲ ဘယ်လက်နက်ကိုင်မှ ၀င်လာလို့မရ၊ လာဖမ်းလို့မရတဲ့ လုံခြုံတဲ့ခေတ်
တရားဥပဒေစိုးမိုးတဲ့ခေတ်ကို ရောက်အောင် ၀ိုင်းတွန်းကြမယ်ဗျာ။
     စာရေးဆရာအားလုံး၊ သတင်းစာဆရာအားလုံးကို လေးစားလျှက်။

                                    ကျော်သောင်း
                                    ဘန်ကောက်