23 July 2015

“စွပ်စွဲခံမြန်မာအလုပ်သမား၂ဦးအမှုတွဲအခြေအနေ”

                                       
၂၀၁၅ ခု ဇူလိုင် ၂၃
မြတ်ညို(အလွတ်သတင်းထောက်)

           ကော့စမွေတရားရုံးတွင် ယမန်နေ့ နံနက် ၈နာရီခွဲမှ စတင်၍ ထိုင်းနိုင်ငံတောင်ပိုင်း အမှတ်(၈) ရဲဌာနချုပ်အကြီး အကဲ တစ်ဦးတည်းသာ ရုံးတော်ပေါ်တွင် တရားလိုပြသက်သေအဖြစ်အစစ်ဆေးခံခဲ့ရာ ညဥ့် ၈နာရီခွဲမှ ပြီးစီးခဲ့သည်ဟု သိရှိရသည်။

           အမှတ်(၈) ရဲဌာနချုပ်မှ ရဲအရာရှိကြီး၏ တရားလိုပြ သက်သေထွက်ဆိုချက်တွင် ကျွန်းပေါ်တွင်ရှိသော (လုံခြုံရေးကယ်မရာ) CCTV ၁၇လုံးအနက် CCTV အလုံး ၁၂လုံးတို့မှ ပြစ်မှုဖြစ်စဉ်ပုံရိပ်ထင်ရာများကိုဆက်စပ်ပြသသည်။ ထို့နောက် DNA တွေ့ရှိချက်များအရ ယခုဖမ်းဆီးချုပ်နှောင်ထားသူ၂ဦး လူသတ်နိုင်ကြောင်းထွက်ဆိုသည်။

     ဘန်ကောက်မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီဝင် မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်က “တရားရုံး
လုပ်ထုံးလုပ်နည်းအရ သက်သေတစ်ဦးကိုသုံးမျိုးစစ်ရပါတယ်။ ၁)က သက်သေရဲ့ထွက်ဆိုချက်၊ ၂) ကတရားခံ ဘက်က ပြန်လှန်မေးမြန်းခြင်း၊ ၃) က ပြန်လည်ရှင်းပြခြင်းတို့ဖြစ်တယ်။ မနေ့က အမှတ်(၈) ရဲဌာနအကြီးအကဲက သူ့ရဲ့ထွက်ဆိုချက် တစ်ခုတည်းနဲ့ ကျနော်တို့ တစ်နေ့တစ်ည အချိန်ကုန်ခဲ့ပါတယ်။ ဒီနေ့တော့ တရားခွင် ပိုမိုစိတ်ဝင် စားစရာတွေ ဖြစ်ပေါ်မယ်လို့ ထင်ပါတယ်။ ကျနော်ကလည်း အမှုအတွက် အရေးကြီးတဲ့ အချက်တွေကို ထိုင်းရှေ့နေကိုတင်ပြထားပါတယ်” ဟုပြောသည်။

         ထိုစဉ်က ထိုင်းရဲတပ်ဖွဲ့က ဘာသာပြန်အဖြစ် အသုံးပြုခဲ့သော ကမာ ဆိုသူမှ မြန်မာပြည်မှ ကုလားလူမျိုးသည်   မြန်မာနိုင်ငံတွင်ရှိသည့် လူမျိုး ၁၃၅မျိုးတွင်လည်းကောင်း၊ တိုင်းရင်းသားဘာသာ စကား၈မျိုးရှိ သည့်အထဲတွင် တရားဝင်အသိအမှတ်မပြုသူကိုအသုံးပြုထားကြောင်း၊ အထူးသဖြင့် ရခိုင်နှင့် ကုလားတို့ ပြဿ     နာဖြစ်နေချိန်တို့ဖြစ်နေခြင်းသည် တရားခံဟုစွတ်စွဲခံထားရသူ ရခိုင်လူငယ်၂ဦးအတွက် အလွန်အန္တရာယ်ကြီးကြောင်း၊ ဘာသာပြန်လွဲမှားခဲ့ပါကလူငယ်၂ဦးအတွက်  သေဒဏ်ကျခံရနိုင်ကြောင်း၊ အထူးအရေးကြီးကြောင်း ရှေ့နေကြီး
 ဦးအောင်မျိုးသန့်က ပြောသည်။

       ယနေ့  ထိုင်းစံတော်ချိန် ၉နာရီ၁၅မိနစ်တွင် တရားရုံးတော်အတွင်းသို့ ၀င်ရောက်သွားကြပြီဖြစ်သည်။   ယနေ့တရားခွင်တွင် အမှတ်(၈)ရဲဌာနချုပ် ရဲအရာရှိအားစစ်ဆေးပြီး မှုခင်းဆိုင်ရာဆေးသိပ္ပံဌာနမှ DNA (မျိုးရိုးဗီဇ) စစ်ဆေးချက်များကို တင်ပြနိုင်ဖွယ်ရှိကြောင်းသိရသည်။

             ယခုအပတ် တရားခွင်ကို  ဇူလိုင်လ ၂၂၊ ၂၃ နှင့် ၂၄ ရက်တို့တွင် ကော့စမွေ တရားရုံးတွင် စစ်ဆေး မည်ဖြစ်သည်။ ကြားနာရာသို့ စွတ်စွဲခံထားရသည့် အလုပ်သမား၂ဦးတို့၏ မိခင်များ၊ ၎င်းတို့ကိုလိုက်လံပို့ဆောင်ပေးသော ရန်ကုန်အခြေစိုက် ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်အေးမောင် နှင့် မဟာချိုင် အခြေစိုက် အလုပ်သမားများအခွင့်အရေးကွန်ယက်မှ ၀ိုင်းဝန်းကူညီကြသူများနှင့် သတင်းဌာနအချို့တို့ကသတင်းထောက်များတက်ရောက်နေကြသည်။
              

       ၂၀၁၄ ခု နှစ် စက်တင် ဘာလ ၁၅ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း တောင်တရုတ်ပင်လယ်ပြင်ထဲ၌ရှိသော ကော့တောင်(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသား အသက် ၂၃နှစ်အရွယ် Hannah Witheridge နဲ့ David William Miller နှင့်အသက်၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား၂ဦး ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခံရမှု တွင် မြန်မာအလုပ်သမား ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့၂ဦးအား လူသတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စွပ်စွဲဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ 

       ဤလူသတ်မှုအတွက် ဘန်ကောက် မြန်မာသံရုံးမှ အထူးစုံစမ်းရေးကော်မတီဖွဲ့စည်း၍ ထိုင်းရှေ့နေများကောင်စီဖြင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက်ကူညီဆောင်ရွက်နေကြသည်။    ထိုင်းရှေ့နေများကောင်စီက ယမန်နှစ်အမှုလက်ခံစဉ် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းတရားစီရင်ရေးစနစ်ကို အစမ်းသပ်ခံသည့် ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့၏ မတရားသဖြင့်လုပ်ကိုင်ဆောင်ရွက်မှု အစဉ်အလာဆိုးများကို ယခုအမှုက အမြစ်လှန်ပစ်မည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုထားသည်။