09 July 2015

“မဟာချိုင်အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းကြီးကိုလက်ရဖမ်းဆီးမိ"



၂၀၁၅ ဇူလိုင်လ ၉
မောင်ခွန်ခက်တီး
          မဟာချိုင်မြို့ကော့စမွတ်ရပ်ကွက်မှ မြန်မာလူကုန်ကူးမှုဂိုဏ်းခေါင်းဆောင်နှင့် ပွဲစား၎ဦးတို့အား လက်ရဖမ်းဆီးနိုင်ခဲ့ပြီး၊ လူကုန်ကူးခံခဲ့နေရသည့်မြန်မာအလုပ်သမား ၆၄ဦးတို့အား ယမန်နေ့နှင့်ယနေ့တို့တွင် ထိုင်းအစိုးရတပ်ဖွဲ့ဝင်များနှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့ဝင်တို့ ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့ကြသည်။

         မွန်တိုင်းရင်းသား ဆန်းမိုးအောင် ဆိုသူသည် ဇူလိုင်လ၁ ရက်နေ့က မြန်မာသံရုံးသို့ ထွက်ပြေးလွတ်   ပြောက်လာခဲ့ပြီးအကူညီတောင်းခံခဲ့သည်။ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက လိုအပ်သည့် စာရွက်စာတမ်းများပြင်ဆင်ပေးပြီး MAT အဖွဲ့ရုံးသို့ စေလွှတ်ပေးလိုက်ပါသည်။

         ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီနှင့်ပူးပေါင်း မဟာချိုင်ခရိုင်၊ အတွင်းရှိ ထိုင်းစစ်တပ်သို့ ပထမ သွားရောက် အကူညီတောင်းခံခဲ့ကြပါသည်။ ၄ရက်ခန့်စောင့်ဆိုင်းနေခဲ့သော်လည်း အကြောင်းမထူးသဖြင့် ထိုင်းဘုရင့် ကွန်မင်ဒို အထူးရဲတပ်ဖွဲ့နှင့် ထူးထူးခြားခြားဆက်သွယ်ရရှိခဲ့ပြီး အနီကပ် စုံစမ်းမှုကို ၂ရက် ထပ်မံပြုလုပ်ခဲ့ကြပါသည်။

ကိုဆန်းမိုးအောင်က “ ဗမာပွဲစားတွေက အလုပ်သမားတွေကို အလုပ်ရုံတွေကိုပို့တယ်၊ ကောင်မလေးချော
ချောလေးတွေကိုလည်း အဓမ္မပြုကျင့်တယ်၊ ထွက်ပြေးရင် ပုလိပ်နဲ့ပြန်ဖမ်းတယ်။ သူတို့ထားသလိုနေရတာ။
သူတို့ချက်ကျွေးတာနဲ့စားရတာပါ။ ဗမာအချင်းချင်းဆက်ဆံတာ ၀ယ်ထားတဲ့ကျွန်လိုပဲ။ ကျနော့်အမျိုသမီး
က ရုပ်နဲနဲချောတယ်လေ၊ အဲဒါ ယိသဲသဲလာလုပ်သေးတယ်ပွဲစားတွေက။ ကျနော်တို့ကို ကူညီပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ" ဟုပြောသည်။

           မြန်မာလူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် မှာ ဦးမောင်ထုံ ဆိုသူဖြစ်ပြီး မွန်ပြည်နယ်-ကျိုက်မရောမြို့ နယ် ကော့ဝမ်ကျေးရွာမှဖြစ်ကြောင်းသိရသည်။
   MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က   မနေ့  စစ်သားဝင်ဖမ်းတုန်းက အလုပ်သမား ၅၇ ယောက်
ကိုရတယ်။ ပွဲစားတွေထွက်ပြေးကြတယ်။ ဒီနေ့ ရဲကွန်မန်ဒိုအဖွဲ့နဲ့MAT အဖွဲ့ဝင်ဖမ်းတဲ့အခါ ဂိုဏ်းဆောင် အပြင် ပွဲစား၎ယောက်နဲ့နောက်ထပ် လူကုန်ကူးခံနေရသူ၇ယောက်ကိုပါရပါသေးတယ်။ ဒီဂိုဏ်းကို အချက် အလက် ယူရတာမလွယ်ဘူး။ သူစိမ်းဝင်လို့မရဘူး။ သူစိမ်းကားလည်းဝင်မရဘူး။ လမ်းထိပ်မှာမြန်မာလူကုန် ကူးဂိုဏ်းက မဟာချိုင်ပုလိပ်ကိုစောင့်ခိုင်းထားတာ။ ဒီဂိုဏ်းက မြန်မာနယ်စပ်က နေ့တိုင်း လူသွင်းနေတဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပါ။ ၇နှစ်အထိ သူတို့ဆီမှာ အကြွေးဆပ်နေရသူတောင်ရှိပါသေးတယ်။  လူကုန်ကူးတဲ့
ထိုင်းနဲ့မြန်မာ ဂိုဏ်းတွေ ထိုင်းနိုင်ငံအတွင်းမှာ အများကြီးရှိပါသေးတယ်" ဟုပြောသည်။
ထို့အပြင် နောက်ထပ် မြန်မာလူကုန်ကူးဂိုဏ်းကြီး၂ဂိုဏ်းနှင့် ပြည့်တန်ဆာအဖြစ် ရောင်းစားခံနေရသည့်
မြန်မာမိန်းကလေး၃၀ခန့်ကို ကယ်တင်ရန် စရိတ်လိုအပ်နေကြောင်း MAT အဖွဲ့ကပြောသည်။

             မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT သည် အလွန်သေးငယ်သည့် အဖွဲ့စည်းဖြစ်သော်လည်း ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၄ကြိမ်တွင် လူကုန်ကူးခံရသူပေါင်း၁၃၉ဦးတို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ ပွဲစားပေါင်း ၆ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၅ခုနှစ် အတွက်းယခုအကြိမ်သည် အလုပ်သမားအမြောက်အများဆုံးကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မေလ၅ ရက်နေ့က လည်း မဟာချိုင် ပုဇွန်အလုပ်ရုံတစ်ရုံမှ လူကုန်ကူးခံနေကြရသောမြန်မာအလုပ်သမား အလုပ်သမ ၄၄ဦးတို့ကိုလည်းကယ်တင်နိုင်ခဲ့ကြပါသည်။