16 July 2015

“၁၆ နှစ်အရွယ်ထိုင်းအမျိုးသမီးကိုသတ်၍မြန်ပြည်သို့ထွက်ပြေးသူကိုဖမ်းမိ”

                   
၂၀၁၅ ခု  ဇူလိုင်လ ၁၆

ကိုတီး
              ဘန်ကောက်မြို့ဘန်ဖီနယ်မြေ ဘန်ချလုံရပ်ကွက်အဆောင်၂ တွင်နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူအား သတ်ဖြတ်ပြီး မြန်မာပြည်သို့ထွက်ပြေးတိမ်းရှောင်သော မြန်မာတစ်ဦးအား မဲဆောက်အ၀င် ပွော့ပာင်ဖွန်အမှတ်၎ စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးမိလိုက်ကြောင်း ထိုင်းရပ်သတင်းတွင် ဖေါ်ပြထားသည်။

          သံဂဟေဆော်မြန်မာအလုပ်သမား အသက်၂၆ နှစ်အရွယ် မောင်ထွန်းနိုင် ဆိုသူသည် ထိုင်းအမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ကျနေသူဖြစ်သည်။  အသက်၁၆နှစ်အရွယ်ရှိသော မယားပါသမီး အလယ် တန်းကျောင်းသူ အသက်၁၆နှစ်  အရွယ်အား ဇူလိုင်လ  ၁၂ ရက်နေ့ ညဥ့်အမှောင်တွင် နေထိုင်ရာ အခန်း ထဲတွင် သတ်ဖြတ်ခဲ့ပြီး  မော်ချစ်ကား ဂိတ်မှ မြန်မာပြည်သို့ထွက်ပြေးခဲ့သည်။

       ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့နှင့် မှုခင်းအထူးရဲတပ်ဖွဲ့သည် မဲဆောက်ကားလမ်းတလျှောက်သတင်း ပေးပို့ထားခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁နာရီအချိန် အတွင် ထိုင်းအထူး ထောက်လှမ်းရေး CID က
စစ်ဆေးရေးဂိတ်အမှတ်၎တွင် ဖမ်းဆီနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးစဉ်တွင်သူ  မသတ်ကြောင်းငြင်းဆိုသည်
ဟု ထိုင်းရဲ တပ်ဖွဲ့ ကပြောဆိုကြောင်း ထိုင်းရပ်သတင်းတွင်ရေးသားထားသည်။ 



ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းရွှေဆိုင်အား မြန်မာလူမျိုးများလုယက်မှုများတွင်လည်းကောင်း၊ ထိုင်းလူမျိုးများအား သတ်ဖြတ်မှုများတွင်လည်းကောင်း၊ အဓမ္မပြုကျင်မှုများတွင်လည်းကောင်း  တရားခံဟုယူဆရသည့် မြန်မာ အပါဝင်နိုင်ငံခြားသားများအား၊ ထွက်မပြေးနိုင်အောင် စစ်ရဟတ်ယာဉ်၊ အနံ့ခံခွေးများနှင့် ဖမ်းဆီး လေ့ရှိသည်။ သို့ရာတွင် မြန်မာအမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု၊ မြန်မာများသတ်ဖြတ်ခံရမှုများကိုမူ အမှုမှန်ပေါ်ပေါက်အောင် ဖေါ်ထုတ်အရေုးယူခြင်းမျိုး အထူးနည်းပါးကြောင်း MAT အဖွဲ့က ထောက်ပြသည်။