၂၀၁၅ ဇူလိုင်လ
၅ ရက်
ကိုတီး

ထိုင်းနိုင်ငံတောင်ပိုင်း ဘန်ကောက်မြို့တောင်ဘက်
ကီလိုမီတာ၂၅၅ အကွာတွင်ရှိသော နခိုစီဌာမရမြို့ နယ်၊ ပါပနန်းလှေဆိပ် ကော့ပဆေ့ လှေအမှတ်
၁၀ ငါးဖမ်းလှေပေါ်တွင် ၂နှစ်ကျော်ကြာရောင်းစားခံနေရသော ရခိုင်အလုပ်သမား၂ဦးနှင့် ၅နှစ်ကျော်ကြာရောင်းစားခံနေရသည့်
နေရပ်လိပ်စာမသိ ဗမာလူငယ်တစ်ဦးတို့အား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့
DSI နှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေး ကော်မတီဝင်၊ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်း၍ ယနေ့ညနေ ၈နာရီခွဲအချိန်ခန့်က အောင်မြင်စွာ
ကယ်တင်နိုင်လိုက်ပြီဖြစ်သည်။

ယနေ့ ကယ်ထုတ်နိုင်လိုက်သူ၂ဦးမှာ ရခိုင်ပြည်နယ်၊
မြေပုံမြို့နယ်၊ ရေနီကြီးကျေးရွာမှ အသက် ၅၄နှစ်အရွယ် ဦးဘိုသိန်းကြည် ဆိုသူနှင့်
အသက်၃၀နှစ်အရွယ် ကိုထွန်းနိုင်ဆိုသူတို့ဖြစ်ကြသည်။ မိမိ အမည်၊ နေရပ်ကို မပြောနိုင်သော
အသက် ၂၈ နှစ်အရွယ်ခန့် ဗမာအလုပ်သမားလူငယ်အား နက်ဖြန်တွင် ခေါ်ယူရမည်ဖြစ်သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီနှင့်အတူ ထိုင်း အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့
DSIအပြင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD တို့နှင့်ပူးပေါင်းကာ
ထိုင်းနိုင်ငံအတွင်းလူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိကကူညီဆောင်ရွက်သည့် စေတနာ့ဝန်ထမ်း မြန်မာအလုပ်သမားအဖွဲ့ငယ်တစ်ခုဖြစ်ပါသည်။
MATအဖွဲ့သည်၂၀၁၅ ခုနှစ်
၇လအတွင်း လူကုန်ကူးမှုနှိမ်နင်းခြင်း၁၄ကြိမ်တွင်လူကုန်ကူးခံရသူပေါင်း ၇၅ ဦးတို့အားကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။