11 April 2016

ပွဲစားများအဖွဲ့ချုပ်မှ ရွှေလုပ်သားအဖွဲ့သို့ ပြင်းထန်စွာ ကန့်ကွက် သတိပေးခြင်းဟု ဖော်ပြ


နေ့စွဲ ။ ။ ၂၀၁၆ ခု။ ဧပြီလ ၁၁ ရက် တနင်္လာနေ့ ။
အကြောင်းအရာ။ ။ ´မောင်ပေါ်ထွန်း ဟူသော ကလောင်အမည်ဖြင့် ရွှေလုပ်သား Facebook တွင် MOEAF အဖွဲ့ ချုပ်အား ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်ကာ “ပွဲစားနဲ့ အစိုးရပေါင်းစားခဲ့ကြတဲ့ MOU စားခွက်ကို အတာရေနဲ့ ဆေးကြောပစ်ပါ” ဟူ၍ ရေးသားမှုကို ပြင်းထန်စွာ ကန့်ကွက် သတိပေးခြင်း´
အထက်အကြောင်းအရာပါ စာကို ရွှေလုပ်သား facebook တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၅၂ မိန်စ်အချိန်က တင်ခဲ့ပါသည်။

ထိုစာပါ အချက်အလက်များ အကြောင်းအရာများမှာ ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ (လွှတ်တော်)
ကော်မတီကိုလည်းကောင်း။ အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိကြီးများနှင့် MOEAF ကိုလည်ကောင်း ဂုဏ် သိက္ခာ ညှိုးနွမ်းစေရန်အတွက် တဘက်သတ် ပုတ်ခတ် စွပ်စွဲသည့် ရေးသားချက်များသာ ဖြစ်ကြောင်း ဦးစွာ သိစေ အပ်ပါ သည်။'


(က) MOEAF သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရထံတွင် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်း တရပ် ဖြစ် သည်။ ထို့ကြောင့် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ဥပဒေများကို လိုက်နာရသည်။ အဆိုပါ စည်းမျဉ်း စည်းကမ်း များကို ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူခြင်းခံရပါသည်။

(ခ) အထူးသဖြင့် ( ၄/ ၄/ ၂၀၁၆ ) ရက်နေ့ က MOEAF မှ တာဝန်ရှိသူ လူကြီးများသည် နေပြည်တော်သို့ သွားရောက် ကာ အစိုးရသစ်၏ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ လွှတ်တော် ကော်မတီများနှင့်
တွေ့ဆုံ ဆွေးနွေးခဲ့သည် မရှုစိမ့် မနာလိုသော စိတ်ဖြင့် ပုတ်ခတ် ဝေဖန်ထားသည်ကို တွေ့ရ့သည်။

(ဂ) အထက် ရည်ညွှန်းစာပါ အကြောင်းအရာကို ရေးသားသူ မောင်ပေါ်ထွန်းသည် MOEAF ကို ရန်သူသဖွယ် တိုက်ခိုက် ရေးသားသည့်စာ ဖြစ်သည့်အလျှောက် အဆိုပါ စာတွင် သူ မကျေနပ်သူများကို နာမည်နှင့်တကွ ဖော်ထုတ် ရေးသားထား သည်ကို တွေ့ရသည်။ လူတဦးချင်းကို တိုက်ခိုက်သည့် ကိစ္စအတွက် တဦးချင်းက ဖြေရှင်းကြပါလိမ့်မည်။

(ဃ) ကျွနှ်ုပ်တို့ MOEAF သည် မောင်ပေါ်ထွန်း ဆိုသူ စွပ်စွဲသကဲ့သို့ အခြေအမြစ်မရှိ လမ်းဘေးပွဲစား အဖွဲ့မဟုတ်ချေ။ ကိုယ်ပိုင် ကုမ္ပဏီများ တည်ထောင်ထားသူများ စုပေါင်း ဖွဲ့စည်း တည်ထောင်ထားသည့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း တရပ် ဖြစ်သည်။

(င) မောင်ပေါ်ထွန်း ဆိုသူ၏ စွပ်စွဲ အပုတ်ချ ရေးသားထာချက်များ သည် ကျွနှ်ုပ်တို့ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ များစွာ ထိခိုက် နစ်နာစေသည်။

ထို့ကြောင့် မောင်ပေါ်ထွန်း အမည်ဖြင့် ရေးသားသူကို လည်းကောင်း။ရွှေလုပ်သား facebook အကောင့် ပိုင်ရှင်ကို လည်း ကောင်း ကျွနှ်ုပ်တို့ MOEAF မှ ယင်းတို့၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဤသဘောထားကို ထုတ်ပြန် ကြေညာပါသည်။

ထို့ပြင် ဤလုပ်ရပ်အတွက် အီလက်ထရောနစ် ဥပဒေအရ မကြာမီ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သက်ဆိုင်သူများကို သိစေအပ်သည်။

MOEAF (ရုံးချုပ်) ရန်ကုန်