၂၀၁၆ ခု ဧပြီလ
၂၈ ရက်
မင်းဘခက်
         ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ
ရာဘာ စက်ရုံတစ်ခုတွင် မတော်တဆ ထိခိုက်မိ၍ လက်တစ်ဘက် ဆုံးရှုံးသွားခဲ့ရသည့်
ရခိုင် အလုပ်သမားတစ်ဦး  နစ်နာကြေး ဘတ်ငါး သိန်းကျော်
ရရှိခဲ့ပြီဖြစ်သည်။
       ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊
လက်ပံပြားကျေးရွာမှ အသက် ၃၂ နှစ်အရွယ်
ကိုမောင်သန်းစိန် ဆိုသူသည် ၂၀၁၄ ခု သြဂုတ် လ ၃၀ ရက်နေ့က ဘန်ကောက်မြို့အနီး
စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့၊ ဘန်ပင်းရပ်ကွက် ဘန်ပင်းဘုန်းကြီးကျောင်းအနီးရှိ
အမည်မရှိ ရာဘာအလုပ်ရုံတစ်ရုံတွင် ညဘက် အလုပ်လုပ်စဉ်   ကြိတ်စက်ထဲသို့
လက်ဝင်သွားသဖြင့် ညာဖက်လက်မောင်းရင်းမှဖြတ်ပစ်ခဲ့ရသည်။ 
       လုပ်ငန်းရှင်ကအစပိုင်းတွင်
ဆေးဝါးကုသပေးခဲ့သော် လည်း မွေးရာပါကိုယ်လက်အင်္ဂါ ပျက်စီးဆုံးရှုံးသွားမှုအတွက်  ဥပေက္ခာ ပြုခြင်းကိုခံခဲ့ရသည်။ 
         လုပ်ငန်းရှင်က အစပိုင်းတွင်
ဆေးဝါးကုသပေးခဲ့သော်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး သွားမှုအတွက်  ဥပေက္ခာပြုခြင်းကိုခံခဲ့ရသည်။ 
     ကိုသန်းစိန်
က“ကျနော်လက်ကလည်းပြတ်သွားပြီ၊ အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ဘန်ကောက်က ရခိုင်အမျိုးသားပါတီ (အမြုတေ) ဥက္ကဌ ဦးခိုင်အံ့မောင် တို့ဆီမှာ
စားသောက်နေထိုင်ရတယ်။ ပတ်စပို့သေ သွားတယ်။ ဘတ်အသစ်၂ခါလုပ်ရတယ်။ သူပဲစိုက်လုပ်ပေးတယ်။
ဘန်ကောက်မှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ အလုပ်သမားသံအရာရှိ ဦးလှထွန်း လည်း
စားစရိတ်အနည်းငယ်ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ အလုပ်ရှင် က မပေးဘူးလို့ငြင်းဆန်လို့
ထပ်ပြီးတော့ အချိန်ကြာသွားပါတယ်။ MAT အဖွဲ့သားတွေကတော့
ရုံးချိန်း   ပေါင်းမရေတွက်နိုင်အောင် ထိုင်းရှေ့နေတွေနဲ့ကူညီပေးခဲ့လို့ရရှိခဲ့တာပါ။ အကူညီ ပေးခဲ့ကြသူအားလုံးကို
 ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသည်။
         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့သည် အမှုရင်ဆိုင်ပြီးေ နာက်
တစ်နှစ်ခန့်ကြာသောအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆာဝါဒီကန်က နစ်နာကြေးပေးချေရန်
ဆုံးဖြတ်ခဲ့သော်လည်း လုပ်ငန်းရှင်က ငြင်းဆန်ခဲ့သဖြင့် ထိုင်းရှေ့နေများဖြင့်
ထပ်မံ၍ ကြိုးစားခဲ့ရသည်။ ၂နှစ်နီးပါးခန့်ကြာမြင့်လာသဖြင့် ကိုမောင်သန်းစိန်လည်း စိတ်ဓါတ်ကျခြင်း၊ အခက်အခဲများကြုံတွေ့ခဲ့ရ သည်။ 
        နစ်နာကြေးရရှိအောင်
ဥပဒေကြောင်းအရ အစအဆုံး အကူညီပေးခဲ့သော ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အတော်ပင်ပန်းပြီး
စိတ် ညစ်ခဲ့ရတဲ့အမှုပါ။ အလုပ်သမားတစ်ယောက်ရဲ့ မွေးရာပါ ကိုယ်လက်အင်္ဂါ ပျက်စီးသွားတာကြောင့်
ဒုက္ခိတ   ဖြစ်သွားပြီး။ ဘာပဲပြောပြော ရင်းနှီးစားသောက်ဖို့ ရသွားစေချင်တယ်။ ဒီနေ့တော့
၅၃၃,၇၄၆ ဘတ်ရရှိ လိုက်တဲ့အတွက်ဝမ်းမြောက်မိပါတယ်။ အယင်တုန်းကအလုပ်သမားအရိုးတွေ တောင်လိုပုံခဲ့တာတွေအများ ကြီးပါ။
တစ်ပြားမှ မရကြဘူး။ အခုအခါထိုင်းနိုင်ငံအနှံ့ ကျနော်တို့အပါအ၀င်အခြား အဖွဲ့တွေက
တတတ် တအား ကူညီပေးနေကြပြီဖြစ်တာမို့ထိုက်သင့်သလောက်နစ်နာကြေးတော့ရနေကြပါပြီ၊ထိုင်းရှေ့နေ အဖွဲ့ကို လည်းကျေးဇူးတင်ဖို့ကောင်းတယ်” ဟုပြောသည်။
        နစ်နာကြေးရအောင် ဆောင်ရွက်ရခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ အထူးသဖြင့် မတရား
သဖြင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားအမှုကိစ္စရပ်အမြောက်အမြားကိုMATအဖွဲ့တရာစွဲဆိုခဲ့ဖူး သော် လည်း ထိုင်းအလုပ်သမားဥပဒေပါ အခွင့်အရေးကို အလုပ်သမားများမရရှိပဲ အမှုများမှာ ပျောက်ပျက်သွား
 လေ့ရှိပါသည်။ ထိုအချင်းရာများအား အနာဂတ်ကာလတွင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး ကိစ္စရပ်များအား NLD အစိုးရ၏ အလုပ်သမားဝန်ကြီးဌာနတို့ မည်သို့မည်ပုံ ဆက်စပ်လုပ်ကိုင်လာမည်ကို   စောင့်ကြည့်နေကြာင်း MAT အဖွဲ့က ပြောသည်။ 
         ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအနေဖြင့် မိမိဖြစ်စေ မိမိအနီး ၀န်းကျင်တို့တွင် လူ့အခွင့်အရေးချိုးဖေါက်ခံရခြင်းများ၊ လူကုန်ကူးခံရခြင်းများရှိပါက MAT အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။ မိမိတို့ အဖွဲ့က အတတ်နိုင်ဆုံး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးပါမည်။ အလုပ်သမားများသည် မိမိတို့တွင်လက်ကိုင်ဖုန်းကယ်မရာရှိပါက မိမိတို့လုပ်ကိုင်နေသည့်နေရပ်လိပ်စာ၊ မိမိနှင့်ပတ်သက်ရသည့် အလုပ်ရှင်၊ ပွဲစား စသူတို့၏ ဓါတ်ပုံများကို ရိုက်ကူးထားကြရန် MATအဖွဲ့က တိုက် တွန်းထားသည်။
ဆက်သွယ်အကူညီတောင်းခံရန် ......
ဦးအောင်မျိုးသန့်= ၀၈၉ ၆၅၂ ၅၆၉၆  ဦးကျော်သောင်း= ၀၈၄ ၆၇၀ ၅၇၂၇ ဦးစိုင်းအေး = ၀၈၀ ၅၈၈၅၅၄၈
ဦးဘခက် =၀၈၇ ၃၁၂ ၁၁၇၉ ကိုလွမ်းသူ= ၀၈၆ ၉၀၅ ၂၄၄၆  ကိုအောင်ဆန်းဦး= ၀၉၀ ၆၆၇၇ ၉၁၃ 
 


