26 October 2016

"နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည် ထံသို့ အိပ်ဖွင့်ပေးစာ (၁)"




                                                                ရက်စွဲ။    ။ ၂၀၁၆ ခု အောက်တိုဘာလ ၂၆ ရက်

            "နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည် ထံသို့ အိပ်ဖွင့်ပေးစာ (၁)"
                                                                   
သို့

 အမေ ဒေါ်အောင်ဆန်းစုကြည်     
                            
အကြောင်းအရာ။   ။ ရွှေ့ပြောင်းအလုပ်သမားများအပေါ်မလျှော်သြဇာသုံး၍ခေါင်းပုံဖြတ်အမြတ်ကြီးစားခဲ့သည့် လုပ်ရပ်/ ဖြစ်ရပ်မှန်ပေါ်ပေါက်စေနိုင်ရေးအတွက် တင်ပြခြင်း။

 မြန်မာနိုင်ငံတော်တွင် ပြည်ပနိုင်ငံများမှထုတ်လုပ်သည့် အူရီဒူးနှင့် တယ်လီနော့ဆင်းမ်ကဒ်၂ခုကိုသာ ပြည်ထောင် စုသမ္မတမြန်မာနိုငံတော်အစိုးရက လက်ရှိအချိန်အထိတရားဝင်ခွင့်ပြုထားသကဲ့သို့၊ မြန်မာအစိုးရ အာမခံ လုပ်ငန်းနှင့် ဂျပန်နိုင်ငံ၏အသက် အာမခံလုပ်ငန်း Taiyo Life Insurance ကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်ရန်နား လည်မှု စာချွန်လွှာ MOU ကို၂၀၁၆ ခု အောက်တိုဘာ ၆ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းမှာ ပထမဦးဆုံးဖြစ်ကြောင်း   ပြည်တွင်းထုတ်သတင်းစာတွင်ဖေါ်ပြခဲ့ပါသည်။

     ယခုတင်ပြမည့်ဖြစ်စဉ်တွင်ဆက်သွယ်ရေးလိုင်စင်နှင့် အာမခံလုပ်ငန်းလိုင်စဉ်တစ်စုံတစ်ရာမရှိပဲ  မြန်မာအလုပ် သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်က ညွန်ကြားခွင့်ပြု၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူတို့သည် ထိုင်းနှင့်မလေးရှားနိုင်ငံတို့သို့ထွက်ခွာ၍အလုပ်လုပ်ကြမည့် မန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းနိုင်ငံမှထုတ်လုပ်သည့် မင်္ဂလာဆင်းမ်ကဒ် Sim Card ကိုကျပ်ငွေ ၃၀၀၀ (သို့) ဘတ်ငွေ ၁၀၀ နှင့်  မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် Tone Plus ဆင်းကဒ်တစ်ခုကို ကျပ်ငွေ ၃၀၀၀နုန်းအပြင် ထိုင်းနိုင်သို့ ထွက်ခွာအလုပ်လုပ်ကြမည့်အလုပ်သမားများကိုအသက်အာမခံဟုဆိုကာ ဘတ်ငွေ ၅၀၀(သို့)ကျပ်ငွေ ၁၅၀၀၀နုန်း စီ ကောက်ခံ ခြင်းတို့ကို ရန်ကုန်မြို့မြောက်ဒဂုံပင်လုံခန်းမနှင့်မြ၀တီမြို့ကျောက်လုံးကြီးစခန်းတို့တွင် ၂၀၁၄ ခုနှစ် ကတည်းကစတင် ရောင်းချခဲ့ကြပါသည်။

         အမြဲတမ်းအတွင်းဝန်ကညွန်ကြားထားသဖြင့် ၄င်းမလေးရှားSim Card နှင့်ဖုန်းငွေဖြည့်ကဒ်များကို မ၀ယ်ယူ ပါက ထိုင်းနှင့်မလေးရှားထွက်ခွါမည့်အလုပ်သမားများအားအလုပ်သမားသက်သေခံကဒ်ပြား(Smart Card)ထုတ် မပေးပါ။ မလွဲသာ၍၀ယ်ယူခဲ့ကြရသော်လည်း ၄င်းတို့ရောင်းချခဲ့သောမလေးရှားဆင်းမ်ကဒ်များမှာ မလေးရှားနိုင်ငံ သို့ ရောက်ရှိသွားသောလုပ်သားများအတွက် သုံးစွဲရန်များစွာအခက်အခဲရှိခြင်း၊ ဖုန်းခေါ်ဆို၍မရကြောင်း အလုပ် သမားများပြော ကြားချက်အရသိရှိရပါသည်။

        ကျွန်တော်သည် ယခုဖြစ်စဉ်တို့ကို ရန်ကုန်မြို့တွင်၂ကြိမ်တိုင်တိုင်သတင်းစာရှင်းလင်းပွဲတွင် တင်ပြဖူးပါသည်။ သို့ရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှုးချုပ် နှင့် MOEAF မှတာဝန်ရှိသူများသည် လုပ်သား များအတွက်အမှန်တကယ်အကျိုးရှိ/မရှိကိုမဆန်းစစ်ပဲ လုပ်ပိုင်ခွင့်ကိုတလွဲအသုံးချ၍ MOU ထိုးကာ လုပ်ဆောင် ခဲ့ခြင်းညွှန်ကြားချက်ထုတ်၍ မ၀ယ်မနေရသတ်မှတ်ခဲ့ခြင်းမှာ အဂတိလိုက်စားခြင်းနှင့် အလုပ်သမားများအပေါ်တွင် လူပို့ပွဲစားများနှင့်ပူးပေါင်၍ ကိုယ်ကျိုးရှာခြင်သာဖြစ်ပါသည်။

    ထို့ကြောင့် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးအနေဖြင့် အလုပ်သမားများအပေါ် မတရား ခေါင်းပုံဖြတ်ခံနေရမှုကို ဥပဒေအတိုင်းအရေုးုယူဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ (၇)ရက် နေ့က ဒဂုံမြို့ သစ်(မြောက်ပိုင်း)ရဲစခန်းတွင် ပ/၁၆၄၆ ဆက်သွယ်ရေးပုဒ်မ ( ၆၅ ) ဖြင့်လည်းကောင်း ပ/ ၁၆၄၅ မြန်မာ့အာမခံ လုပ် ငန်းဥပဒေပုဒ်မ (၂၅ ) ဖြင့်လည်းကောင်း အမှုဖွင့်တိုင်ကြားထားခဲ့ပါသည်။

     ယခုအခါ တရားလိုထွက်ဆိုချက်များပြီးမြောက်ပြီးဖြစ်ပါသဖြင့်  အမှန်တရားပေါ်ပေါက်ရေးအတွက် မြောက်ဒဂုံ ရဲစခန်းမှ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်းလည်းသိရှိရပါသည်။ သို့ရာတွင်  ယခုအမှုကိစ္စနှင့် ပါတ်သက်၍မလျှော်သြဇာများသုံး၍ အမှုကိုလာရောက်မေးမြန်းခြင်းများရှိနေကြောင်းကြားသိရပါသည်။ အထောက် အထားများရရှိနိုင်ရန် ကျွန်တော်တို့ကြိုးစားနေကြဆဲဖြစ်ပါသည်။ ခိုင်မာသည့်အထောက်အထားရရှိပါက ဆက်လက် ဖေါ်ထုတ်အစီရင်ခံပါမည်။

ပြည်သူကိုဗဟိုပြုသော NLDအစိုးရလက်ထက်တွင် ပြည်သူနစ်နာအောင်ဆောင်ရွက်နေမှု၊မတရားမှု များအား လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့တိုက်ရိုက်တိုင်ကြား   နိုင်ရန်လမ်းဖွင့် ပေးထားသည့်အတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ကြွရောက်လာခဲ့စဉ်က မြန်မာသံရုံးထဲတွင်ကျင်းပသည့်အစည်းဝေးအလုပ်သမားများအပေါ်တွင် မတရားခေါင်းပုံဖြတ်အမြတ်ကြီးစားနေကြသောဘယ်သို့သောပုဂ္ဂိုလ်၊မည်သို့သောအဖွဲ့အစည်းဖြစ်ပါစေ ပြည်တွင်းပြည်ပ ဥပဒေအရထိထိရောက် ရောက်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖေါ် ပြောဆိုခဲ့ခြင်းမှာ အဖိနှိပ်ခံရွှေ့ပြောင်း အလုပ်သမားများအတွက် အလွန်ကြီးမားသော ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါသည်။
  

      သို့ဖြစ်ပါ၍ အလုပ်သမားလူတန်းစားများအပေါ်တွင် တိုင်းတပါးမှထုတ်လုပ်သည့် တရားမ၀င် ဆင်းကဒ်များနှင့် 
အာမခံရောင်းချခဲ့ခြင်းကိစ္စရပ်အား တရားဥပဒေအရအရေးယူဆောင်ရွက်နေခြင်းအား အလေးစောင့်ကြည့်ေ ပး ပါရန် လေးစားစွာအသိပေးတင်ပြ အစီရင်ခံအပ်ပါသည်။      

                                               လေးစားစွာဖြင့်
                                                         ကျော်သောင်း
                                                   အမှုဆောင်ဒါရိုက်တာ
                                       ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့