21 October 2016
"၀င်း နှင့် ဇော် တို့အား မြန်မာသံရုံးကော်မတီ ထောင်ဝင်စာသွားရောက်တွေ့ဆုံ"
၂၀၁၆  ခု အောက်တိုဘာ ၂၁ ရက်
အောင်ဇင်
လိပ်ကျွန်းလူသတ်မှုဖြင့်သေဒဏ်ကျခံထားရသည့်ဝင်းဇော်ထွန်း(ခ)ဝေဖြိုးနှင့် ဇော်လင်းတို့အား မြန်မာ သံရုံးအထူးစုံစမ်းရေးအဖွဲ့မှ ယမန်နေ့က ဘန်ကောက်မြို့ရှိ ဘန်ခဝန် အကျဉ်းထောင် သို့သွားရောက်၍   ထောင်ဝင်စာတွေ့ဆုံခဲ့ကြသည်။
    ဘန်ကောက် မြန်မာသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒီကျော်၊ဒုတိယအတွင်းဝန် ဦးစိုပြေငြိမ်းချမ်း နှင့် မြန်မာသံရုံး 
ဘာသာပြန် ကိုစောအောင်ထွေး တို့နှင့်အတူ အထူးစုံစမ်းရေးကော်မတီဝင်များဖြစ်ကြသော ထိုင်းနိုင်ငံ   ရောက်ြမန်မာနိုင်ငံသားများအဖွဲ့ MAT က ရှေ့နေကြီး ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ကိုအောင်မြတ်သူ နှင့် ကိုသန့်စင်ထက် တို့ သွားရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
          ထောင်ဝင်စာတွေချိန်မှာ အချိန်အလုံအလောက်ရရှိခဲ့ကြသည်။ ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့ ၂ဦးမှာ ကျမ္မာစွာရှိကြောင်းတွေ့ရှိခဲ့ရသည်။ ဥတုပြောင်းရာသီပြောင်း နှာစီးခြောင်းဆိုးခြင်းမှလွဲ၍ ကျမ္မာရေး   ကောင်းမွန်ကြောင်း ကိုဝင်းဇော်ထွန်း ကပြောသည်။ "ကျနော်တို့တိုင်းပြည်တိုးတက်နေပြီလား၊ တိုးတက်ေ နတာ ကြုံချင်လိုက်ပါဘိဗျာ။ ထောင်ထဲမှာတော့ ထောင်ကကျွေးတဲ့အစားအစာပေါ့၊ ၀ယ်စားနိုင်ရင်တော့ ၀ယ်စားစရာရှိပါတယ်။ ငွေကနည်းနေလို့မစားရက်ဖြစ်နေလို့ ငွေနဲနဲလောက်ကူညီပေးခဲ့စေချင်ပါတယ်။ အမေတို့ နေကောင်းတယ်လို့ကြားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကို ကူညီပေးနေကြသူတွေ အားလုံးကို ညတိုင်း ကျနော်ရှိခိုးဦးချပါတယ်။ ကျနော်တို့ကို ဆက်လက်ကူညီပေးကြပါလို့လည်း မေတ္တာရပ် ခံပါတယ်" ဟု ရယ်ရွှင်ပြစွာပြောဆိုတတ်သည့် သူ့၏ မူလပုံစံအတိုင်းပေါ့ပါးစွာ ပြောဆိုသွားခဲ့သည်။
          လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီဝင် ဦးကျော်သောင်း က" သံအမတ်ကြီးစီစဉ်မှုနဲ့ ကျနော်တို့ သွားခဲ့ကြ တာပါ၊ ငွေလည်းထည့်ပေးခဲ့သလို သူတို့မှာထားတဲ့ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာ စကာြးေ ပာစာအုပ်၂အုပ်ကို ပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခေါက်လာတဲ့အခါ  အရှင်စန္ဒာတိက၊ အရှင်ဇ၀န နဲ့ သီတဂူ တရားစာအုပ် တွေကို လည်းဖတ်ချင်ကြတယ်။ ဒါ့အပြင် ဆရာပီမိုးနင်း၊ ဆရာဖေမြင့်တို့စာအုပ်တွေ  လည်းဖတ်ချင် တယ်လို့ မှာပါတယ်။ သူတို့အလုပ်မလုပ်ရ၊ အိပ်စားနေကြရတာမို့ စာအုပ်တွေဖတ်နိုင်အောင် ကူညီပေးဖို့ပြော လိုက်ပါ တယ်" ဟုပြောသည်။
        ဇော်လင်း က  ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောဘူးလားဟု ထူးဆန်းစွာမေးမြန်းခဲ့ ပါသည်။
  " အမေစုကိုပြောခွင့်ရမယ်ဆိုရင် ကျနော်တို့ဟာ ပြစ်မှုကျူးလွန်ကြသူတွေမဟုတ်ပဲ မတရားစွတ်စွဲခံနေကြရ သူတွေသာဖြစ်ပါတယ်။ ဥပဒေအရ ဆုံးဖြတ်ကြတဲ့အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးစေချင်တယ်။ ဥပဒေ အတိုင်း ဖြစ်စေဖို့အတွက်လည်းပဲ ဒေါ်အောင်ဆန်းစုက ကူညီ တိုက်တွန်းပေးပါလို့ ပြောချင်ပါတယ်” ဟုပြော သည်။ 
     ၎င်းတို့အားတွေ့ဆုံစဉ်၊ လိပ်ကျွန်းအမှုအား နိုင်ငံတော်အဆင့် ကူညီမှုပေးနေခြင်ြး ဖစ်သဖြင့်ကံကောင်း သည်ဟုမှတ်ယူထားကြရန်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၊ ကာချုပ် မင်းအောင်လှိုင် ၊ မိခင်များကို ကျပ်ငွေ သိန်းတစ်ရာ ကူညီထားသည့် မက်စ် ဦးဇော်ဇော် နှင့် သံရုံးအထူးစုံစမ်းရေးကော်မတီ နာယက သံအမတ် ကြီး ဦးဝင်းမောင် တို့ကို အစဉ်မေတ္တာ ပို့ကြရန်နှင့် မိမိတို့အပေါ်တွင် ကူညီအားပေးနေကြသူများ အားလုံးတို့ ကို မေတ္တာပို့နေကြရန် တကမ္ဘာလုံး က ၎င်းတို့ ၂ဦးကို စိတ်ဝင်တစားစောင့်ကြည့် မေတ္တာထားနေကြပုံများကို ဦးကျော်သောင်း ကရှင်းလင်းပြော   ပြခဲ့ပါသည်။ 
     ၎င်းတို့၂ဦးအား  လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ အကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့်က " မကြာ ခဏ လာတွေ့ခြင်းကတစ်ပိုင်းဖြစ်ပေမယ့်သားတို့၂ယောက်လွတ်မြောက်ဖို့အတွက် နိုင်ငံတော် ရှေ့နေချုပ်ရုံ အယင်အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သံအမတ်ကြီး တို့က အင်တိုက်အားတိုက် လုပ်ပေးနေကြတယ်။ ၂၀၁၇ နှစ်ဆန်းပိုင်းလောက်မှာ ထူးခြားတဲ့အပြောင်းအလဲ   ဖြစ်လာနိုင်တယ်။ သားတို့ဘုရားတရားသံဃာရတနာသုံးပါးအနန္တငါးပါးမမေ့မလျှော့ကြနဲ့ကျမ္မာအောင် ဂရုစိုက် နေကြ" ဟု ပြောဆိုခဲ့သည်
        ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းနှင့် မီးကျောင်းရေသောက် ကျေးရွာတို့မှ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်(ခ) လိပ်ကျွန်း တွင် ဗြိတိသျှ နိုင်ငံသား နှစ်ဦးအသတ်ခံခဲ့ရမှုဖြင့်ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ၂ဦးကို လူသတ်မှု အပါအ၀င် ပုဒ်မ ၇ ခုတို့ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က သေဒဏ်ချမှတ်ခံထားရသူများဖြစ်ကြပါသည်။
       ကော့စမွေတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းကို လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများကောင် စီတို့ က  ကျေနပ်မှုမရှိသဖြင့် အယူခံတရားရုံးသို့ ဆက်လက်တင်ပြထားသဖြင့် အယူခံတရားရုံးက တရားစွဲအဖွဲ့၏ အားနည်းချက်များကိုတွေ့ရှိထားသဖြင့် ခိုင်လုံသည့် အထောက်အထားများဆက်လက်တင်ပြခိုင်းထားကြောင်း သိရှိရ ပါသည်။ အယူခံတရားရုံး၏ အဆုံးအဖြတ်ကို ၂၀၁၇ နှစ်ဦးပိုင်းတွင် သိရှိနိုင်ကြောင်း ရှေ့နေကြီး ဦးအောင်မျိုးသန့် က ပြောပါသည်။