02 October 2016

"MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း အား မြန်မာရဲချုပ်က ဂုဏ်ထူးဆောင်ဆုလက်မှတ်ချီးမြှင့်"



 
၂၀၁၆ ခု အောက်တိုဘာလ ၂ - ရက်

မင်းဆန်း

          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း အား ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံနေရသည့်မြန်မာအလုပ်သမားများ အား နှစ်လတာရှည်ကယ်တင်နေမှုကို ဂုဏ်ပြုသော အားဖြင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခံရ ကြောင်း သိရှိရသည်။

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ATIPD) မှ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ပေးပို့လာသည့်စာတွင်၊ လူကြီးမင်းသည် မြန်မာနိုင်ငံသား များ ထိုင်းငါးဖမ်းစက်လှေများတွင် မတရားဖိနှိပ်ညှဉ်းပမ်းခံရမှုများ၊ လူကုန်ကူးခံရမှုများ၊ထိုင်းနိုင်ငံဆိပ်ကမ်း များရှိ ဂိုဒေါင်များတွင် ပိတ်လှောင်ခံရမှုများတွင် မြန်မာနိုင်ငံသားများအား ကယ်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ၊   မြန်မာနိုင်ငံ သားများ၏အကျိုးကို ကူညီဆေင်ရွက်ပေးနိုင်ခဲ့သဖြင့် ရဲချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့် လိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အကြောင်းကြားခဲ့ပါသည်။

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့ရဲတပ်ဖွဲ့၅၂နှစ်မြောက်အခမ်းအနားသို့  ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးနှင့် ပြည်ထောင်စု ၀န်ကြီးများနှင့် အစိုးရအဖွဲ့ဝင်အရာရှိကြီးများစုံလင်စွာ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံခြားသံရုံးများမှ သံတမန်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်   တော်များ စွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နိုင်ငံတော်သံစုံတီးဝိုင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး SKY NET ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ညနေပိုင်းတွင် အခမ်းအနားကျင်းပရာ သင်္ဂဟဟော်တယ် တွင် ညစာစားပွဲဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

    ယမန်နေ့ ဂုဏ်ပြုဆုချီမြှင့်ပွဲတွင် ရဲတပ်ဖွဲ့မှ စံပြဆုများနှင့် ရာထူးချီးမြှင့်ခံရသူ ၂၀ဦးအပါအ၀င် အရပ်သား ၅ဦးတို့ပါဝင်ခဲ့ပါသည်။ အဆိုပါ အရပ်သား ၅ဦးတို့မှာလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အမှုကြီးများကိုစုံစမ်းဖေါ်
  ထုတ်နိုင်သူများကိုစံထားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၎င်းတို့မှာဘန်ကောက်မှ ဦးကျော်သောင်း၊ သတင်းထောက်ချုပ် ဦးဆွေဝင်နှင့် ရှာဘွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင်၊ DNA (မျိုးရိုးဗီဇ) ဆရာဝန် ဒေါက်တာနေ၀င်း နှင့် မန္တလေးတိုင်း တံတားဦးရွာမှ ဦးကျော်ခိုင် ဦး ဆိုသူတို့ဖြစ်ကြ ပါသည်။

           ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ရာတွင် မူးယစ်ဆေးဝါးများဖေါ်ထုတ်ဖမ်းဆီးနိုင်မှု၊ အကြမ်းဖက်ဖေါက်ခွဲ သူများကို အသက်စွန့် တားဆီးနိုင်မှု၊ မိမိစခန်းကို အသက်ပေးကာကွယ်နိုင်ခဲ့မှု နှင့်ငွေကြေးခ၀ါချမှုတို့ကို စုံစမ်းဖေါ်ထုတ်နိုင်သူတို့အတွက် ရဲသီဟနှင့် ရဲစံပြဆုများချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

   အရပ်သား ၅ဦးဖြစ်သော (၁) ဦးကျော်သောင်း ကိုမူထိုင်းနိုင်ငံ အတွင်း၊ ငါးဖမ်းလှေများ၊ ဆိပ်ကမ်း ဂိုဒေါင်များ နှင့်   ငါးဖမ်းလှေများပေါ် တွင်ရောင်းစားခံနေရ သည့်မြန်မာနိုင် ငံသားမြောက်များစွာတို့ကို ကယ်ထုတ်   နိုင်ခြင်း ကြောင့် ရွေးချယ်ခြင်းဖြစ် သည်။ (၂) သတင်းထောက်ချုပ် ဦးဆွေဝင်းနှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့် မောင်တို့ကိုမူ ရန်ကုန် တိုင်း
 ကျောက်တံတားမြို့နယ်၊ လမ်း၄၀ အပေါ်ဘလောက်မှ အင်းဝ အပ်ချုပ်ဆိုင်တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရ သည့် မြန်မာအိမ်အကူ မိန်းကလေး ၂ဦးကိစ္စရပ်တို့ကို စုံစမ်းဖေါ်ထုတ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ DNA ကျွမ်းကျင့်သည့် ဒေါက်တာနေ၀င်း ကိုမူ အရေးကြီးမှုခင်းများအတွက် မျိုးရိုးဗီဇ ဖေါ်ထုတ်ပေးနိုင်ခဲ့ခြင်းေ
ကြာင့်ဖြစ်သည်။ မန္တလေးတိုင်း တံတားဦးကျေးရွာမှ ဦးကျော်ခိုင်ဦး ကိုမူ ရေကြောင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ဆိုးခိုးဓါးပြတိုက်နေသည့်  ဓါးပြဂိုဏ်းတစ်ခုကို သက်စွန့်ဆံဖြား
 ဖေါ်ထုတ်ကူညီခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အခမ်းအနားတွင်ကြေညာခဲ့ပါသည်။

     MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" အမိနိုင်ငံတော်ရဲချုပ်ကြီးက အခုလိုကျနော်တို့ကိုအသိ အမှတ် ပြုတဲ့အတွက် အလွန်ဝမ်းမြောက်ပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေအားလုံး ဟာ ပြည့်စုံသူတွေမ ဟုတ်ကြပေမယ့် ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက်လုပ်ကြပါ တယ်။   စေတနာရှင်တချို့နဲ့ FED က ဒါရိုက်တာ ကိုထူးချစ်တို့၊ မြန်မာသံအမတ်ကြီးဦးဝင်းမောင်သံမှူးဟောင်း ဦးနိုင်ထွန်းတို့ အင်တိုက်အားတိုက် ကူညီပေးခဲ့ကြပါတယ်။ အယင်က၊ လူကုန်တားတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း နဲ့ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေး DSIမှ Chief of Prevention and Suppression Div. 1  က Mr.Komvich Padhanarath နဲ့ Chief of Prevention and Suppression Div. 2 မှ Maj. Jatuporn  Arunleaktawin ဆိုတဲ့အရာရှိကြီး၂ဦးက မြန်မာတွေကို အဓိကအကူညီပေးခဲ့ကြသူတွေဖြစ်ပါတယ်။ ကျနော် တို့နဲ့ ဆယ်စုနှစ်ကြာလက်တွဲပြီး ထောင်ချီရှိတဲ့ လူကုန်ကူးခံမြန်မာတွေကို ကယ်ထုတ်နိုင်ရေးမှာ ကူညီပေးခဲ့ ကြတဲ့ အရာရှိကြီးတွေဖြစ်ပါတယ်၊ အားလုံးဝိုင်းလုပ်ခဲ့ကြတာပါ" ဟု အမှတ်တရပြောဆိုပါသည်။


           ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထိုင်းအစိုးရလူကုန် ကူးမှုအထူးစုံစမ်းရေးDSI မှ နိုင်ငံခြား သားအချို့ထိုင်းလူမျိုးများနှင့် ဘန်ကောက်မြန်မာသံရုံးနှင့် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း တို့ အားဂုဏ်ထူးဆောင်ရွှေတံဆိပ်နှင့် ဂုဏ်ပြုလွှာကို အခမ်းအနားဖြင့် စင်ထရယ် ဟိုတယ်တွင်ကျင်းပ ချီးမြှင့် ခဲ့ပါသည်။

    ၂၀၁၅ နှစ်ကလည်း ရန်ကုန်အခြေစိုက် ဆဲဗင်းဒေး သတင်းစာတိုက်မှ အများအတွက် သက်စွန့်ဆံဖျား စွန့်စားကြသူများကို တစ်နှစ်တစ်ကြိမ် ရွေးချယ်ချီးမြှင့်သော 7Day Hero  ဆုကို၊ ပြည်တွင်းမှ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် တို့နှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် အတူ MAT အဖွဲ့ ဦးကျော်သောင်း တို့ ပူးတွဲရရှိခဲ့ဖူးပါသည်။

 ဦးကျော်သောင်း သည် ထိုင်းလူကုန်ကူးဂိုဏ်းနှင့် မြန်မာလူကုန်ကူးဂိုဏ်းသားတို့ လုပ်ကြံခြင်းကို အကြိမ် ကြိမ် ခံဖူးသည့်အပြင်၊ ဦးခေါင်းကိုဖြတ်ပေးနိုင်ပါက ဘတ်ငွေ၂သန်းပေးမည်ဟူ၍ကြေညာခံရဖူးပါသည်။ အလားတူပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ MOEAF မှ အေဂျင်စီဒါရိုက်တာ တစ်ဦး ကလည်း ဘတ်သုံးသိန်းပေး၍ အသတ်ခိုင်းကြောင်း အခိုင်းခံရသူပြောသည့် VDO မှတ်တမ်းရှိကြောင်း ဦးကျော်သောင်း  က ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်            ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ဦးနှင့် ၂၀၁၅ ခုနှစ်တွင် ၂၃ ကြိမ် ကယ်တင်မှုတွင် ၁၇၄ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။ 

     ၂၀၁၆  ခုနှစ်တွင် ၉လအတွင်း လူကုန်ကူးမှု ၂၆ကြိမ် နှိမ်နင်းရာတွင် လူကုန်ကူးခံရသူပေါင်း ၃၂၆ ဦး ရှိနေပြီဖြစ်သဖြင့်ယခုနှစ်တွင်ထိုင်းနိုင်ငံအတွင်း မြန်မာများလူကုန်ကူးခံရမှုပိုမိုများပြားနေကြောင်း ပြောနိုင်ပါ
သည်။