၂၀၁၅
မတ်လ ၃၁
ကိုတီး
ငါးဖမ်းလှေပေါ်တွင်ရောင်စားခံရသူ ၆ ဦးနှင့် အခြားနေရာတစ်ခုတွင်
ရောင်းစား ခံရသည့် အမျိုး သမီး၃ဦးတို့အား မြန်မာသံရုံး အလုပ်သမားကူညီေ စာင့်ရှောက်ရေးကော်မတီဝင် MAT မှကယ်တင်နိုင် လိုက် ကြောင်းသိရှိရသည်။

အလုပ်သမားများက မိသားစုများရှိရာ ခြုံဘူရီခရိုင် နောင်ချကျေးရွာတွင်ရှိ သော ဆိုင်ကယ်အပိုပစ္စည်း အလုပ်ရုံသို့
ပို့ပေးရန် ပြောဆိုခဲ့သော်လည်း ငါးဖမ်းလှေပေါ်သို့ ရောင်းစားခဲ့ကြောင်းပြန် လည်လွတ်မြောက် လာသူများကပြောသည်။
ပြန်လည်လွတ်မြောက်လာသူ ကိုဇော်ဝမ်း က“အုန်းဖျန့်ဒုက္ခသည်စခန်းအမှတ်(၇) ရပ်ကွက်က အာပလာ ဆိုတဲ့ အသက်၂၅နှစ်အရွယ်မွတ်ဆလင် လူငယ်တစ်ဦးနဲ့ အသက် ၄၀
ဝန်ကျင် မွတ်ဆလင်ပွဲစား ခေါင်းဆောင် တစ်ဦးတို့ကို တစ်ယောက်စီ ဘတ်ငွေ ၈,၅၀၀ ပေးခဲ့ရပါတယ်။
နောက်ပွဲစားကတစ်ခါ ငါးဖမ်းလှေသို့တစ်ယောက်ကို ဘတ်ငွေ ၁၆,၀၀၀ နဲ့
ထပ်ရောင်းလိုက်တယ်၊ ကျနော်တို့ ပြန်မလွတ်တော့ဘူး လို့ထင်ခဲ့တယ်။ ကူညီပေးကြတာ
ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ငါးဖမ်း လှေအမှတ် ၂၄
ပေါ်တွင် ၄ရက် ကြာ အလုပ်လုပ်နေကြရပြီဖြစ်သော မြန်မာအလုပ်သမား ၆ဦးတို့ အား ညနေ
၆နာရီ ခန့်တွင် DSIနှင့် ရွာလူကြီးတို့၏ အကူ ညီဖြင့် ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့သည်။
ဆက်လက်၍ မယ်ဆယ်မြို့ တစ်နေ ရာတွင်ရှိနေသည့် အမျိုးသမီး ၃ဦးတို့အား
မော်တော်ဆိုင် ကယ်အပိုပစ္စည်း ထုတ်လုပ် သည့် လုပ်ငန်းရှင်နှင့် ပတ်သက်သည့် ထိုင်းရဲအရာရှိတစ်ဦးက ကိုယ်တိုင် သွားရောက် ခေါ်ဆောင် ပေးခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင်
မိသားစုများနှင့်ပြန်လည်ဆုံတွေ့သွား ကြပြီဖြစ် သည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏
ဒါရိုက်တာ ဦးကျော်သောင်း က“ မြန်မာနိုင်ငံမှာ အလုပ်လုပ်လို့ ထမင်းဝနိုင်မယ့် အလုပ် အကိုင်အခွင့်အလမ်းတွေ မပေါ်ပေါက်သရွေ့၊
မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရမှု သံသရာက မလွတ်မြောက်နိုင်ဘူး။
ထိုင်းနိုင်ငံ မှာက ဘာပြောပြော နေရာတိုင်းမှာ မြန်မာတွေရှိနေတယ်။ ထိုင်းအစိုးရလူကုန်ကူးမှုအဖွဲ့
တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ကျနော် တို့အဖွဲ့နဲ့က
လုပ်ဖေါ်ကိုင်ဘက်လိုဖြစ်နေတယ်။ တရုတ်နိုင်ငံကို ရောက်သွားတဲ့မြန်မာ နိုင်ငံသားတွေဆိုရင်
လွတ်လမ်းမရှိတော့ဘူး” ဟုပြောသည်။
လူကုန်ကူးခံရသူများသည် နေပြည်တော်နယ်မြေ
တပ်ကုန်၊ ရှားတောကျေးရွာမှ ဖြစ်ကြသည်။ ၎င်းတို့မှာ(၁) ကိုမောင်ထွန်း အသက် ၃၀ (၂) ဇော်ရှိန်း အသက် ၁၈
(၃) နိုင်ဝင်းဇော် အသက် ၁၈
(၄) ခန့်ဝင်းထွန်း အသက် ၂၀ (၅)
ကိုဇော်ဝမ်း ၄၀ (၆) ကိုဇော်မင်း ၄၀ (၇) မနန်းနန်းစိုး ၂၀ (၈)မခင်အေးလှိုင် ၂၂ (၉) မစုစု
၃၀ နှစ် တို့ ဖြစ်ကြသည်။
လူကုန်ကူးခံကြသူများအား
ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဆို ပါက
ထိုင်းငါးဖမ်းလှေပိုင် ရှင်နှင့်ပွဲစားမှာ မည်သည့်ပြစ်ဒဏ်မှ ချမှတ်ခြင်းမခံရပေ။ လူကုန်ကူးခံရသည့်အလုပ်သမားများမှာမူ
တရား ၀င် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုဖြင့် ထိုင်းအကျဉ်းထောင်ထဲတွင် ၄၈ ရက်ထောင်ကျခံရမည်ဖြစ်သည်။
ထို့နောက် ထိုင်း မြန်မာနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရပြီး မြန်မာနယ်ခြားစောင့်တပ်
မြ၀တီ ကိုးသုံးလုံး ဂိတ်တွင် ဘတ်ငွေ တစ်ထောင်ကျော်ပေး၍ ထပ်မံ ရွေးထုတ်ရဦး မည်ဖြစ်
သည်။
MAT အဖွဲ့သည် ထိုအခြင်းအရာများအား
လူကုန်ကူးခံရသူ၏ မိသားစုများအား ရှင်းပြသည်။ သို့ဖြစ်၍ DSI နှင့် စမေးစံရွာသူကြီးတို့နှင့်ညှိနှိုင်းကာ
ပွဲစားထံမှ ၀ယ်ယူထား ရသည့် ငွေများအား လှေပိုင်ရှင် အားပြန်ပေးကာလူကုန်ကူးခံရသူများအားမိသားစုထံသို့ ကောင်းမွန်စွာ
ပြန်လည်ပို့ဆောင်ပေးခြင်းအစီအစဉ်
လုပ်ခဲ့ကြခြင်းဖြစ်သည်။
လုပ်ခဲ့ကြခြင်းဖြစ်သည်။