13 October 2016

"၀မ်းနည်းပူဆွေးစွာ ဂါရ၀ပြုပါတယ်ထိုင်းဘုရင်ကြီး"



                       
ထိုင်းအိမ်တိုင်းမှာ ဘုရားပုံတော်မရှိရင်သာနေမယ်၊ ဘုရင်ပုံတော်မရှိတဲ့အိမ်မရှိ။ ဘုရားနဲ့အတူတူကြည်ညိုကြ၏။
ဘုရင့်ပုံတော်ပါတဲ့ ငွေစက္ကူကို မသင့်တော်တဲ့နေရာမှာသိုဝှက်ထားရင် သူတို့စိတ်ဆိုးကြတယ်။
ထိုင်းဘုရင်ကြီးကျမ္မာစေဖို့ နိုင်ငံအနှံ့ဆုမျိုးစုံတောင်းခဲ့ကြတယ်။
ဘာကြောင့် ဘုရင်ကြီးကိုထိုင်းပြည်သူတွေချစ်ခင်မြတ်နိုး ကိုးကွယ်ကြသလဲ။

မိုးခေါင်ရင် ဘုရင်ကရွာပေးနိုင်တဲ့ နည်းပညာကို တတ်မြောက်ထားတယ်။
လမ်းတံတား၊ရေကာတာ၊ ရေမီး၊ ကုန်သွယ်၊ စိုက်ပျိုးနည်းတွေအစုံတီထွင်ကြံဆခဲ့သူ။
ဆင်းရဲမှုလျော့နည်းပပျောက်အောင် နယ်စွန်နယ်ဖျားမကျန် လက်တွေ့အကောင်အထည်ဖေါ်ခဲ့သူ။
မျှတတဲ့ လူမှုစီးပွားစီမံကိန်းတွေကို လက်တွေ့အကောင်အထည်ဖေါ်နိုင်မှုကြောင့် ကုလသမဂ္ဂ ဆုချခဲ့တယ်။
ဒီဘုရင်ကို ထိုင်းလူမျိုးတွေ ရိုးတွင်းခြင်ဆီထဲက စွဲနစ်စွာချစ်ခင်မြတ်နိုးကြတယ်။ ဘုရင်ကိုအထိမခံကြဘူး။

ထိုင်းဘုရင်ကြီးက အိမ်နီးချင်း မြန်မာတွေအတွက်ကော.........
လေးငါးသန်းသော မြန်မာတွေကို အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုပေးတယ်။ ပညာသင်ခွင့်ပြုခဲ့တယ်။
စစ်ဘေးဒုက္ခသည်တွေကိုလည်း ကာကွယ်စောင့်ရှောက် ကျွေးမွေးပေးခဲ့တယ်။
နှစ်တိုင်းဘုရင့်မွေးနေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။

ထိုင်းနိုင်ငံသားတွေစားသလို၊ နေသလို၊ ဆေးဝါးကုသလို့ ဥပဒေရဲ့အကာအကွယ်တွေကိုလည်းရရှိစေတယ်။ အဆင့်အတန်းသတ်မှတ်ပြီး နိုင်ငံသားအဖြစ်ပင်လက်သင့်ခံခဲ့သူ။
သန့်ရှင်းတဲ့ရေနဲ့ ဖွဲ့နုမပါ ခဲသလဲကင်းစင် ဖြူဖွေးသန့်စင်တဲ့ ထမင်းကို စတင်ဝါးမြိုရကတည်းက
ဘုရင်ကြီးကို ကျေးဇူးရှင်အနန္တဟူ၍ ကျွန်တော် အလေးနက်ထား သတ်မှတ်ကြည်ညိုခဲ့တယ်။
နေထိုင်ခိုလှုံခွင့်ပြုခဲ့တဲ့ ထိုင်းဘုရင်ကြီး အဒူရာဒက် မြင့်မြတ်သည့်ဘုံဘ၀မှာ ထာဝရစံစားနိုင်ပါစေလို့
MAT အဖွဲ့က ကျေးဇူးဆပ် ဆုတောင်းမေတ္တာ ချွေလိုက်ပါတယ်။      

                                                    အလုပ်သမားများ၏ကိုယ်စား
                                                            ဦးကျော်သောင်း
                                       ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT

                                            ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်