08 September 2017

ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးရွှေမောင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့်အမှုဖွင့်


7 September 2017 22:08(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ဓါတ်ပုံ - Facebook စာမျက်နှာမှကူးယူဖော်ပြသည်
မောင်တော၊ စက်တင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ခဲ့သူ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် (ခ) အဒူရော်ဇတ်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဘူးသီးတောင်မြို့မရဲစခန်း၌ အမှုဖွင့် လှစ်ထားကြောင်း တရားလိုပြုလုပ်သူ စခန်းမှူး ရဲမှူး သောင်းကြွယ်က ပြောသည်။

ဦးရွှေမောင်(ခ) အဒူရော်ဇတ်သည် ၄င်းအသုံးပြုသည့် MP RoShwe Maung Facebook Accout တွင် မောင်တောဒေ သအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကိုဖုန်းကွယ်ပြီး ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များကို ဖုံးကွယ်ရန်၊ အကြမ်းဖက်ဘင်္ဂါလီများ၏ လုပ်ရပ်ကို အကာအကွယ်ပြုဝါဒဖြန့်ရန်နှင့် ဘင်္ဂါလီအကြမ်း ဖက်သမားများအား အားပေးလှုံဆော်သည့် Video File များကို လူမှုကွန်ရက်ပေါ်တွင် ပြောဆိုခဲ့ကြောင်း၊ အများပြည်သူအသုံပြုသည့်နေရာ၊ နိုင်ငံပိုင် အဆောက်ဦး စက်ကိရိယာဖြင့် အများပြည်သူပို့ဆောင်ရေး ပစ္စည်းများအား ပေါက် ကွဲစေသော ပစ္စည်းတို့ ပြစ်မှုကျုးလွန်ရန် အားပေးလှုံဆော်ခဲ့ကြောင်း၊ ပြစ်မှုကျုးလွန် ရာတွင်ကြံရာပါအဖြစ် ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆို ထာြး ခင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်ရဲစခန်းမှူး ရဲမှူးသောင်းကြွယ်က ပြောသည်။

“ကျွန်တော်တို့ ဘူးသီးတောင်မြို့မရဲစခန်းက မှုခင်းတပ်ဖွဲ့ကိုလွှဲထားပါတယ်။ နိုင်ငြံ ဖတ်ကျော်ကိစ္စတွေလဲ ပါလာတယ်၊ ဆက်သွယ်ရေးကိစ္စ ဆိုင်ဘာကိစ္စတွေလဲပါလာ တဲ့အခါ အဲဒါကြောင့် ကျွန်တော်တို့ မှုခင်းတပ်ဖွဲ့ကို လွှဲလိုက်ပါတယ်။ အခုမှုခင်း တပ်ဖွဲ့က စပြီးတော့ စစ်နေပါတယ်။ ” ဟု ရဲမှူးသောင်းကြွယ်ကဆိုသည်။

ဦးရွှေမောင် (ခ) အဒူရော်ဇတ်သည် လက်ရှိတွင် အမေရိကန်နိုင်ငံ၊ တက်ခ်ဆက်ြ ပည်နယ်၌ နေထိုင်လျှက်ရှိကြောင်း စုံစမ်းချက်အရသိရသည်။

ဦးရွှေ့မောင် (ခ) အဒူရာဇတ်အား စက်တင်ဘာလ ၁ ရက်နေ့က ဘူးသီးတောင်မြို့ နယ် မြို့မရဲစခန်းမှူး ရဲမှူးသောင်းကြွယ်မှ တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဘူးသီးေ တာင်မြို့မရဲစခန်းမှ (ပ)၄၉/၂၀၁၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ဖြင့် အမှုဖွင့်လှစ်ကာဆောင်ရွက်လျှက်ရှိကြောင်းဘူးသီးတောင်မြို့မရဲစခန်းထံမှသိရသည်။

ချလူးအောင်၊ DMG
Development Media Group