15 April 2013

“သင်္ကြန်တွင်းမှာ လူကုန်ကူးခံရသူ ၂ဦးကို ကယ်ထုတ်”



                               
၂၀၁၃ ဧပြီ ၁၅
မြတ်ညို(အလွတ်သတင်းထောက်)

                     ထိုင်းနိုင်ငံတောင်ပိုင်း နခိုစီဌာမရ တွင်ပန်းရံအလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဦး ပတ်စ ပို့လုပ်ရန် ရနောင်းသို့သွား စဉ်ငါးဖမ်းေ လှ ဆိပ်သို့ ရောင်းစားခံရသဖြင့် ပူးပေါင်းအဖွဲ့များ က အချိန်မီ ကယ် တင် နိုင်လိုက်သဖြင့်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
              ဧပြီလ ၁၁ ရက်နေ့က ပတ်စပို့လုပ်ရန် ရနောင်းသွားရမည်ဟု ပတ်စပို့ကုမ္ပဏီကအကြောင်း ကြား လာ သဖြင့် နခိုစီဌာမရတွင် ပန်းရံလုပ်နေကြ သည့် တနင်္သာရီတိုင်း မြိတ်မြို့မှ အသက် ၂၀ ကျော်အရွယ် စိုးမင်း နှင့် စိုးစံ တို့ ၂ဦး ကားဖြင့်လိုက်သွားကြ ရာ မလေးရှားနယ်စပ် တရံမြို့နယ်၊ ကတန်မြို့ ဖယ်ကို  လှေဆိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
    ပန်းရံအလုပ် အတူတူလုပ်နေကြသည့် မစိုးအေးအေး ဆိုသူက “သမီးတို့ က စလောင်းကြည့်တယ်လေ။ အဲဒီမှာ လူကုန်ကူးခံရရင် ဆက်သွယ်ရန် ဆိုပြီး UNIAP က မြန်မာအရာရှိဖုန်း ၀၈၀ ၄၅၆ ၅၅၆၀ ကို သမီးမှတ်ထားတယ်။ အဲဒီဖုန်းကနေMATအဖွဲ့က ဖုန်းဆိုပြီး ၀၈၀ ၅၈၈ ၅၅၄၈ ကိုပေးလာတယ်။ ရောင်းစား ခံထားရတဲ့သူတွေက ဆေးရုံတစ်ခုကို သူတို့ မှန်းဆလို့ရ သွားတယ်ပွဲစားက တစ်ယောက်ကို ဘတ် ၉၀၀၀ ပေးရမယ်။ ဆိုပြီးပြောလာတယ်။ ဒါကြောင့်သူတို့ နှစ်ယောက် ထွက်ပြေးကြတယ်။”ဟုပြောသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေး
တာဝန်ခံ ကိုစိုင်အေး က “ကျနော့်ဖုန်းကို ဆက်လာတယ်။ ကျနော်လည်း နေရာကို သေသေချာချာ စုံစမ်း ပြီးတော့ကတန် ရဲစခန်းကိုဖုန်းဆက်ပြီး အကူညီတောင်းလိုက်တယ်၊ ခုတော့ ရဲစခန်းကိုရောက်သွားပြီ၊ ကလေးတွေကံကောင်းလို့ပေါ့ ကတန် ငါးဖမ်းလှေကို ရောက်သွားရင် ပြန်လမ်း အရမ်းနည်းသွားပြီ” ဟုပြော သည်။
            ကုလသမဂ္ဂလူကုန်ကူးမှုတားဆီးရေးUNIAP က ကာယကံရှင်အားဖုန်းနံပတ်ပေးလိုက်ပြီးနောက်၊ လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်ကြသည့်  ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့၊ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့နှင့် ညှိနှိုင်းတိုင်ပင်ကြပြီးနောက် MAT အဖွဲ့က ကတန် ရဲစခန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
        စိုးမင်းနှင့် စိုးစံတို့သည် ရနောင်းမှ ပွဲစားတစ်ဦးထံတွင် ပတ်စပို့လျှောက်ထားခဲ့ပြီး နခိုစီဌာမရသို့ လာ
ရောက်၍ အလုပ်လုပ်နေကြသူများဖြစ်ကြသည်။ တစ်ဦးလျှင် ကားခ ၃၀၀၀ စီပေး၍ ကားငှါးသွားခဲ့ကြစဉ်
ကားသမားက ယခုကဲ့သို့ ငါးဖမ်းလှေဆိပ်သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
            ကတန်လှေဆိပ်သည် ထိုင်းနိုင်ငံအတွင်းရှိသည့် ငါးဖမ်းလှေဆိပ်များအနက် ရက်စက်ကြမ်းကြုတ် ဆုံးလှေဆိပ်တစ်ခုဖြစ်ကြောင်း MAT အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။