11 January 2017

“CI ထုတ်ပေးသည့်စခန်းများတွင်အလုပ်သမားများပိုက်ဆံပေးစရာမလို”




       ပတ်စပို့နဲ့ ပန်းရောင်ဘတ်ကဒ် သုံးသန်းခွဲလောက် ကိုင်ဆောင်ထားကြတဲ့ ထိုင်းရောက်မြန်မာ အလုပ်
သမားများက Certificate Identity…..CI ထုတ်ပေးဖို့ကိုမျှော်လင့်စောင့်စားခဲ့ကြပါတယ်။

                                             “စခန်းများ၏အခြေနေများ”
             ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံသားအထောက်အထား မတင်ပြနိုင်သူများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate Identity…CIထုတ်ပေး 
 နိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ စမုတ်ပရာကန်၊ စမုတ်စာခွန် (မဟာချိုင်) မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတို့မှာ ရက်ပိုင်းအတွင်းစခန်းများဖွင့်လှစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 


အဆိုပါစခန်း(၆)ခုမှာလုပ်ကိုင်ခွင့်တွေကို မြန်မာအစိုးရကတင်ဒါဈေးပြိုင်စနစ်နဲ့ အေဂျင်စီတွေထဲက ရွေးချယ် ခဲ့တာဖြစ်ပါတယ်။ Service Providers လုပ်ကိုင်ခွင့်ရတဲ့အေဂျင်စီတွေဟာ ကျပ်ငွေသိန်း၇၀၀(သို့) ဘတ်ငွေ ၂သန်းကို မြန်မာအစိုးရထံတွင် အာမခံအပ်နှံထားရပါတယ်။ စခန်းတွေရဲ့ဝန်ဆောင်မှုကို နိုင်ငံတော်အစိုးရ
က အကုန်အကျခံထားပြီးဖြစ်ပါတယ်။

     Service Providers စင်တာလုပ်ကိုင်ခွင့်ရထားသူဟာ အလုပ်သမားတွေဆီကပိုက်ဆံမယူရ၊ ပွဲစားတွေ နဲ့အပေး အယူမလုပ်ရ၊ လုပ်ကိုင်ခဲ့ပါက အာမခံတင်ထားတဲ့ ကျပ်ငွေ သိန်း ၇၀၀ ကို ပြည်သူပိုင် သိမ်းဆည်း မယ်လို့ ပါရှိ ပါတယ်။ ဒါပေမယ့် ပွဲစားတွေက ဈေးအမျိုးမျိုးခေါ်နေကြသလို့ အလုပ်ရုံအတော်များများတို့က လည်း အလုပ်သမားတွေကို အလုပ်ရုံကပဲ ဘတ်ငွေ ၄၀၀၀ နုန်းဖြင့် ကောက်ခံထားတယ်လို့သိရပါတယ်။
ပွဲစား ပေါက်ဈေးတွေက ဘတ်ငွေ ၂၅၀၀ မှ ဘတ် ၅၀၀၀ အထိ ကောက်ခံနေကြတယ်လို့ အကြမ်းဖျင်းကြား သိရပါတယ်။

                            “CI ကိုဘာကြောင့် အလုပ်သမားတွေကစောင့်မျှော်နေခဲ့ကြသလဲ”

          လွယ်ကူပြီးသက်သာတဲ့ဈေးနုန်းနဲ့ လုပ်ကိုင်ကြရမှာဖြစ်တာကြောင့် မြန်မာအလုပ်သမားတွေအ ထူးမျှော်လင့်နေကြတာဖြစ်ပါတယ်။ရွှေလုပ်သားက ကြားရတဲ့သတင်းအရ၊ ဆဲဗင်းအလဲဗင်းဆိုင်မှာဘတ်ငွေ ၃၁၀ သွင်းရပြီး ထိုင်းလ၀ကသို့ နေထိုင်ခွင့်ဗီဇာတုံးထုခ ဘတ်ငွေ ၅၀၀ ပေးရမယ်လို့သိရပါတယ်။ စခန်း
မှာ ဘာမှပေးစရာ မလိုတာကြောင့်မြန်မာအလုပ်သမားတွေအလွန်သက်သာမှာဖစ်ပါတယ်။

                                      “တကယ်သက်သာဖို့အတွက်ဆိုရင်”
    ယခု CI ထုတ်ပေးရေးလုပ်ငန်းစဉ်မှာ သတ်မှတ်ထားတဲ့ စင်တာတွေမှာ ထိုင်းဘက်က ဗီဇာတစ်ခါတည်း ထုတ်ပေးနိုင်ရန် လိုအပ်သလို၊ တစ်နေရာက တစ်နေရာသို့ CI ထုတ်ဖို့သွားလာနေကြတဲ့ မြန်မာအလုပ်သ
မားတွေကိုဖမ်းဆီးခြင်း မပြုရုံသာမက နယ်ကျော်ခွင့်လုပ်စရာမလိုအောင်ညှိနှိုင်းဖို့မဖြစ်မနေလိုအပ်ပါတယ်။ 

       နယ်မြေဖြတ်ကျော်ခွင့်နှင့် ဗီဇာထုခွင့်တို့ကို နယ်မြေ အလုပ်သမားဝန်ကြီးဌာနမှာ ထောက်ခံစာယူရလို့ ရှိရင်ထိုင်း ပွဲစားနဲ့လုပ်ကြရမှမို့ စရိတ်စကပိုမိုကုန်ကျနိုင်ပါတယ်။ CI ထုတ်ပေးတဲ့ One Stop Service စင် တာတွေမှာထိုင်းလ၀က တစ်ခါတည်းဗီဇာထုပေးပါမှ အလုပ်သမားတွေအတွက်ဈေးအသက်သာဆုံးဖြစ်နိုင်
မှာဖြစ်ပါကြောင်း အကြံပြုတင်ပြချင်ပါတယ်။
                                                                   ရွှေလုပ်သား