13 April 2013

“MOU အလုပ်သမား ၂၅ ဦးအားအတင်းအဓမ္မပြန်ပို့ခြင်းကို အရေးပေါ်ဟန့်တားနိုင်ခဲ့”




           
၂၀၁၃ ခု ဧပြီလ ၁၃
ကိုတီး
     စုံစမ်းစစ်ဆေးဆဲကာလ MOU အလုပ်သမား ၁၅ ဦးကို ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် အမျိုးသမီးက နယ်စပ်သို့ အတင်းအဓမ္မ ပြန်ပို့သဖြင့် လူကုန်ကူးမှု တားဆီးရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့များက လမ်းခုလပ်တွင် တားဆီးနိုင်ခဲ့ပြီး မူလ ထွက်ခွာလာ ခဲ့သည့် ယရောင်မြို့ CPF ပဇွန် အလုပ်ရုံသို့ ပြန် လည်ပို့ ဆောင် ပေးနိုင်ခဲ့သည်။
 အဆိုပါ အလုပ်သမား ၁၅ ဦးတို့မှာ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာတွင် ရှိသော ပုဇွန်အစားအစာ ကုန်ချောထုတ်လုပ်သည့် CPF အလုပ်ရုံမှ အလုပ်သမားများ
ဖြစ်ကြပါသည်။

           မြန်မာအလုပ်သမား၇၅၀ ဦး ခန့်  လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံမှ အလုပ်သမားမိသားစုများ  တိုင်ကြားထားသဖြင့် ဧပြီလ ၄ ရက်နေ့က  အဖွဲ့ ပေါင်းစုံ သွားရောက် စစ်ဆေးခဲ့သည်။
          စစ်ဆေးတွေ့ရှိချက်များအား ထိုင်းနှင့် မြန်မာ အလုပ်သမားအာဏာပိုင်များက ညှိနှိုင်း ဆောင်ရွက်
ရန် ပြင်ဆင်နေချိန်တွင် ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မရင် က  ငယ်ရွယ်သည့် အလုပ်သမငယ် ၃ဦး
 နှင့် အမျိုးသားအလုပ်သမား ၁၂ ဦးတို့ကို အတင်းကားပေါ်သို့တက်စေလျှက် မြ၀တီ မဲဆောက် နယ်စပ်
သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
            ယမန်နေ့ နံနက်စောစော ကတည်းက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား
များအဖွဲ့ MAT သို့ အလုပ်သမားများက အကြောင်းကြားလာခဲ့ပါသည်။ သို့ဖြစ်၍ MAT အဖွဲ့က MOU အလုပ်
သမားမားကို ခိုင်းစေနေသည့် ကြားခံသူဌေးအမျိုးသမီး၊ ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မယဉ် နှင့် CPF အလုပ်ရုံတို့ကို အလုပ်သမားများအား မပို့ရန် မေတ္တာရပ်ခံခဲ့ပါသည်။ မူလက အလုပ်သမား ငါးဆယ်
ကျော် ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်ထားသော်လည်း ဒေါ်မယဉ် က  တစ်စီးကို တားမြစ်နေသည့်ကြားမှ အတင်းစေလွှတ်ခဲ့သည်။
          ပြန်ပို့ခံရမည့်အလုပ်သမားများမှာ ရဲဝံ့နဂါး ကုမ္ပဏီကို ကျပ်ငွေ အနည်းဆုံး သုံးသိန်းရှစ်သောင်း
ပေးချေခဲ့ရသည့်အပြင် ထိုင်နိုင်ငံသို့ ထွက်ခွာခွင့် ရအောင် မ၀တီမြို့တွင် စောင့်နေရချိန်အတွင်း စားသောက်နေထိုင်စရိတ် အပါအ၀င် စရိတ်စကများမှာ ကျပ်ငွေ ၇သိန်းကျော် ကုန်ကျခဲ့ကြောင်း အလုပ်သမားများကပြော ပြကြပါသည်။ ထို့အပြင် ပြန်ပို့ခံရသူများမှာ တစ်ရာကို ရှစ်ကျပ်
တိုးမှ ၁၅ ကျပ်တိုး ဖြင့် ချေယူခဲ့ရသူများဖြစ်သဖြင့် ဘ၀ပျက်သွားနိုင်ကြောင်း သိရှိခဲ့ရသည်။ အလုပ်သမား
၁၅ ဦးစလုံးတို့သည် လေးလကျော် အလုပ်လုပ်ကိုင်ခဲ့ကြပြီဖြစ်သော်လည်း ရဲဝံ့နဂါးကုမ္ပဏီမှ ခေါင်းစဉ် အမျိုးမျိုးဖြင့် အဖြတ်များသဖြင့် နေရပ်ရင်းသို့ ကျပ်ငွေ တစ်သိန်းစီသာ ပို့ဆောင်နိုင်ခဲ့သေးကြောင်း
အလုပ်သမားများက ပြောကြသည်။
ထိုအခြေအနေများကို သိရှိရသည့် MAT အဖွဲ့သည် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲ
တပ်ဖွဲ့AHTD နှင့် မြန်မာသံရုံး အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ နှင့် အတူ ပူးပေါင်းဆောင်
ရွက်ခဲ့ကြခြင်းဖြစ်သည်။
         ဦးနိုင်ထွန်း က ရယောင် ရဲတပ်ဖွဲ့ စခန်းမှူးကို အလုပ်သမားများ စိုရိမ်ထိပ်လန့်နေမှုနှင့် ကြားပွဲစား ကုမ္ပဏီ ကိုယ်စားလှယ် တို့၏  အနေအထားများကို ညှိနှိုင်းဆောင်ရွက်ပေးပါရန်လည်း ပြောဆိုခဲ့သည်။
အလုပ်သမားများကို  စုံစမ်းစစ်ဆေးနေဆဲ ကာလ နယ်စပ်သို့ ပြန်လည်ပို့ဆောင်နေခြင်းတို့ကို တားမြစ်
ပေးပါရန်လည်း အကူညီတောင်းဆိုခဲ့သည်။
                  မြန်မာအလုပ်သမားများ၏ လုပ်အားသွင်းစုကို CPF ကုမ္ပဏီ သို့ ရောင်းချ နေသည့် ထိုင်းအမျိုးသမီး ကြားခံ လုပ်ငန်းရှင် အား နယ်စပ်သို့ ပို့ဆောင်နေခြင်းအား ရပ်တန့်ပေးပါရန် တားမြစ်
သည့်အထဲမှ အတင်းအဓမ္မ ပို့ဆောင်နေကြောင်း သိရှိခဲ့ရသည်။
သို့ဖြစ်၍  AHTD  နှင့် MAT အဖွဲ့တို့မှာ မြေပြင်ထောက်လှမ်းရေးနှင့် မော်တော်ယာဉ် ထောက်လှမ်းရေး နည်းပညာများ အသုံးပြုလျှက် အလုပ်သမားများကို တင်ဆောင်မောင်းနှင်နေသည့် ကားကို တလာထိုင်း
ပေါသာဝေး နေရာအရောက်တွင် တားမြစ်နိုင်ခဲ့သည်။
           
  ထိုနေရာမှ အလုပ်သမားများကို ကားပေါ်သို့ ပြန်တက်စေလျှက် ရယောင် ရဲစခန်းတွင်  ကြား ခံလုပ်ငန်းရှင်နှင့် အလုပ်သမားများအား စစ်ဆေးပြီးနောက် အလုပ်သမားများကို မူလ ထွက်ခွာလာရာ CPF အလုပ်သမားနေထိုင်ရာ သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
ပြန်လည်ပို့ဆောင်ခံခဲ့ရသူများထဲမှ အလုပ်သမား တစ်ဦးဖြစ်သူ ကိုနိုင်နိုင်ဝင်း က  “ကျနော်တို့ MAT အဖွဲ့ကိုဆက်သွယ်လို့လွယ်ကူတာကြောင့် အဆင်ပြေသွားတာဖြစ်တယ်။ ပါလာတဲ့ မိန်းကလေးတွေ အားလုံး ဖါဖြစ်သွားမှာဖြစ်ပြီး ကျနော်တို့လည်း ဘယ်နေရာကိုရောက်မှန်းမသိရောက်သွားရမယ်ဆိုတာ မခန့်မှန်း တတ်အောင်စိုရိမ်စရာဖြစ်ပါတယ်။ ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မယဉ်  ဆဲဆိုပြောဆိုတာနဲ့ အတင်း အဓမ္မ စီစဉ်ပုံတွေဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ဆရာတို့ အချိန်မီ ကယ်တင်နိုင်လိုက်လို့ ကျနော် တို့  ကံကောင်းသွားတာပါ” ဟုပြောသည်။
            MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “MOU နဲ့ အလုပ်သမားတင်ထားတဲ့ ရဲဝံ့နဂါး ကုမ္ပဏီက အလုပ်ရုံကို တိုက်ရိုက် လူသွင်းထားတာမဟုတ်ပဲ ကြားက ထိုင်း သူဌေးတွေကို တစ်ဆင့် မြန်မာအလုပ်သ
မားတွေကို အပ်ထားတာ။ တည့်တည့်ပြောရရင်တော့ ရောင်းထားတာ။ အလုပ်သမားတင်သွင်းထားတဲ့ ရဲဝံ့နဂါးကုမ္ပဏီ နဲ့ ကြားခံ ထိုင်းလုပ်ငန်းရှင်တွေ လုပ်ပုံက အလုပ်သမားတွေကို သူတို့ပြုသမျှ နုရမယ်။
ခိုင်းချင်ခိုင်းမယ်၊ ပို့ချင်ပို့မယ်။ သံရုံးကို ပိုင်တယ်။ ဒီလိုကိုပြောတာ။ ကျနော်တို့ကတော့ နယ်စပ်ကို ပြန်ပို့
ခံရမယ့်အလုပ်သမားတွေ အထူးထိခိုက်နစ်နာမှာကို သိတာကြောင့် ပြေလည်စေချင်လို့ အခုလိုပင်ပန်းခံ
လိုက်ရတာဖြစ်တယ်။ MOU ကုမ္ပဏီတွေ လုပ်ချင်တိုင်းလုပ်ခွင့်မရတော့ဘူးဆိုတာကို ပြသလိုက်တာလည်း
ဖြစ်ပါတယ်” ဟုပြောသည်။