21 April 2013

“မြန်မာအလုပ်သမားတစ်ဦး ရိုက်နှက်လုယက်ခံရ”

                                 
၂၀၁၃ ဧပြီလ ၂၁
မင်းဘခက် (MAT)
              ဘန်ကောက်မြို့အနီး အုန်းနွဲ့ ဖက်ကဆင် ၉၅ လမ်းတွင် ယနေ့နေ့လည်ပိုင်းက မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းဆိုး သွမ်းလူငယ်၂ဦး ကရိုက်နှက်ထိုးကြိတ်ပြီး လက်ကိုင်ဖုန်း ပတ်စပို့နှင့် work permit တို့အား လုယက် ယူငင်သွားကြောင်း ကာယကံ ရှင်ပြောပြချက်အရသိရှိရသည်။
      အုန်းနွဲ့ လက်သမားအလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ကျိက္ကထိုမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုသစ်ဆန်း မိမိနေထိုင် သည့် အဆောက်အဦးသို့လာစဉ် လမ်ခုလပ်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်စီး ထားသည့် ထိုင်းလူငယ် ၂ဦးက ပတ်စ ပို့ရှိသလား ဟုမေးမြန်းပါသည်။


    ထို့နောက် မိမိလမ်းကို မိမိလာခဲ့ပြီးနောက် နေအိမ်ခန်းရှိသည့် တိုက်ပြာအနီးရှေ့ သို့ ရောက်သည့်အခါ ဖုန်းကိုလုယူပြီး နားရင်း ကို တစ်ချက်ထိုးပါသည်။ ဇက်ပိုးကို   နောက်တစ်ချက် ဖြတ်ရိုက်ခံရပြီးနောက်  လက်သီးများဖြင့် မျက်နှာကို အချက်ပေါင်း များ စွာ အထိုးခံရသဖြင့် ကိုသစ်ဆန်းမှာ မြေပေါ်သို့ပုံလဲကျ လဲသွားခဲ့သည်။ ရင်းနှီးသူများတွေ့ ရှိသဖြင့်  အခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

              “ ဒီနေရာမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ အတွက် လုံခြုံမှုအ လွန်အားနည်းနေပါတယ်။ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ကျနော် ဖုန်းတစ်လုံးနဲ့ ပတ်စပို့ ကို အလုယက်ခံခဲ့ရပြီးဖြစ်တယ်။ ခုWork permit လုပ်ပြီးတာ ရက်ပိုင်းပဲ ရှိသေး တယ်။ ကျနော်တို့ အကာအကွယ်မဲ့နေတယ်၊ ကူညီနိုင်သူမရှိဘူးဖြစ်နေ တယ်” ဟုပြောသည်။

                 ထိုတိုက်ပြာတွင် နေထိုင်လျှက် အလုပ်သမားများ စာကြည့်တိုက်ဖွင့်လှစ် ထားသည့် ကိုတင့်က “ဒီအနီးအနားမှာ အလုပ်လက်မဲ့ မူးရစ်ဆေးဝါးသုံးစွဲကြတဲ့ ထိုင်းလူငယ်တွေရှိကြတယ်။ ကျနော့်ကို တောင်မိုက်ကြေးတောင်းတာရှိ တယ်။ မကြာမကြာအရိုက်ခံတယ်။ အိပ်နေရင် ၀င်ခိုးတယ်။ ပြီးတော့ ဘတ်နှစ်ထောင် သုံးထောင်နဲ့ ရွေးခိုင်းတယ်။ ရဲစခန်းသွားအမှုဖွင့်လည်း ဘာမှ အကြောင်းမထူးဘူး၊ ကျနော်တို့ အလုပ် က ဒီမှာအဆင်ပြေတယ်။ ဒါပေမယ့် ကျနော်တို့ တွေ လုံခြုံမှု မရှိဖြစ်နေတယ်” ဟုပြောသည်။

    အဆိုပါနေရာတွင် လွန်ခဲ့သည့် ၂ နှစ်ခန့် က မြတီ ရွှေက္ကုကိုရွာမှ လူငယ်တစ်ဦးကို ထိုင်းလူမိုက် အချို့ကမသေမချင်းသတ်ဖြတ်ပစ်ခဲ့သော်လည်း မည်သို့သော အပြစ်ပေး အရေးယူခဲ့ခြင်းမရှိခဲ့ချေ။