ဧပြီလ ၁၄
မြတ်ညို(အလွတ်သတင်းထောက်)
မဟာချိုင်ပုဇွန်အလုပ်ရုံသို့MOU ဖြင့် ရောက်ရှိ လာသည့် အလုပ်သမား ၅၁ ဦးကို သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူမှု မရှိသဖြင့် မြန်မာအလုပ် သမားကူညီစောင့်
ရှောက်ကော်မတီက ကူညီထား ရကြောင်းသိရှိရသည်။
ယခုအလုပ်သမားများမှာ ၂၀၁၃ ခု မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ကျောက် တံခါးမြို့နယ်၊ ၃၉ လမ်း အမှတ်၁၁၅ မြေညီထပ်တွင်ဖွင့်လှစ်ထားသော Pepole ’Choice ကုမ္ပဏီမှ ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်၉လမ်း အမှတ်(၁၀/၂၀) အလုပ်ရုံ Ing Daw Frozen Limitet Partnership သို့ ၁၅၀ ဦး တင်သွင်းခဲ့သည့် အလုပ်သမားများထဲမှ အလုပ်သမားများဖြစ် ကြသည်။
မတ်လ ၁၈ ရက်နေ့တွင် စတင်အလုပ်လုပ်ခဲ့ကြပြီးနောက် ၁၇ ရက်ကြာအ လုပ် လုပ်ပြီး၊ ဧပြီလ ၆ ရက်နေ့တွင် တစ်နေ့ လျှင်၂၃၀ဈေးနုန်းသာပေးမည်ဖြစ်ပြီး ကျန်ငွေကို ပွဲစားမှ ရှင်းပေးလိမ့်မည်ဖြစ် ကြောင်း လုပ်ငန်းရှင်အမျိုးသမီး ကပြောပါ သည်။
အလုပ်သမား ခေါင်းဆောင် ကိုစောမြတ်ချို က“ အိမ်သာထဲမှာ အကူညီတောင်းခံရန် ဆိုပြီး ဖုန်းနံပါတ် တစ် ခု ရေးထားတာကို တွေ့တယ်။ ကျနော်ဖုန်းဆက်ကြည့်တော့ MAT အဖွဲ့ က ဦးကျော်သောင်း ဖုန်းဖြစ်နေ တယ်။ ကျနော်တို့လုပ်အားခကို အလကား ရ ချင်တဲ့သဘောတွေ့ရတယ်။ ကျနော်တို့ကို ကီလိုစားနဲ့ရှင်းပေး မယ်။
နေ့စားမပေးနိုင် ၊ မလုပ်ချင်ရင် နယ်စပ်ပြန်ပို့မယ်၊ ပုလိပ်ခေါ်ဖမ်းခိုင်းမယ်၊ အဲဒီလိုလုပ် ငန်း ရှင် အမျိုး သမီး ကခြိမ်းခြောက်ပြောဆိုလာတယ်။ သံရုံးက အလုပ်သမားအရာရှိ ကိုလည်းဖုန်းဆက်တယ်။ ပွဲစားတွေ ကိုလည်း ဖုန်းဆက်တယ်။ ကျနော်တို့ကိုအလုပ် မလုပ်ရင်မနေရဘူးဆိုပြီးခြံအပြင်ကိုမောင်းထုတ်တာကြောင့် ကျနော်တို့ MAT အဖွဲ့ ကို အကူညီတောင်းခံခဲ့ရတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ မဟာချိုင်တာဝန်ခံ နှင့် မြန်မာ သံရုံးတွင်ဖွဲ့စည်း ထားသည့် (မြန်မာအလုပ်သမားများကူညီစောင့်ရှောက်
ရေးကော်မတီ) မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီး က အလုပ်သမား ခေါင်းဆောင် ၈ဦးကို ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။ ဧပြီလ(၉) ရက်နေ့တွင် မိန်းကလေး ၇ဦးနှင့် လင်မယားတွဲ ၄တွဲတို့အား တည်းခိုခန်းတွင် သန့်ရှင်းရေး အလုပ် လုပ်ရန် Pepole ’Choice ကုမ္ပဏီ ကိုယ်စားလှယ် ကိုစိုးမိုးက ပြောဆိုလာခဲ့ရာ ကိုခိုင်ကြီး ကစိတ်မချ သဖြင့် အမျိုးသမီးအချို့ကို ၎င်း၏ရုံးခန်းသို့ ထပ်မံခေါ် ဆောင်လာခဲ့ပြန်ပါသည်။
ပွဲစား စိုးမိုးတို့က အခြားတစ်နေရာသို့ အလုပ်သမား ၄၃ ဦးတို့ကို ပို့ဆောင်ထားပါ သည်။ ပွဲစားများက အလုပ် သမား ၄၀ခန့်တို့၏ အ၀တ်အိပ်များကို ယူဆောင်သွား ကြပြီး ပန်းရံဆိုဒ်ကို ပို့မလိုလို နယ်စပ်ကို ပြန်ပို့ မလိုလို ဖြင့် ဖြစ်နေပါသည်။ အလုပ်သမားများမှာ လုပ်အားခလည်းမရရှိခဲ့သဖြင့် စားရေး အခက်ကြုံနေပါသည်။
မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ အလုပ်သမား ညွန် ကြားရေးမှူး ဦးနိုင်ထွန်း က အလုပ်သမားများအား သင်္ကြန်းတွင်းစားသောက် စရိတ်အဖြစ် ဘတ်ငွေ ၅၀၀၀ကူညီ လှူဒါန်း သည်ကို ဧပြီလ ၁၁ ရက်နေ့က MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကသွားရောက်ပေးပို့ခဲ့သည်။
ဧပြီလ ၁၃ ရက်နေ့ညနေ ၃နာရီထိုးသည့်တိုင်အောင် အထက်ပါ အလုပ်သမားလေးဆယ်ခန့်မှာ နံနက်ထမင်းမစားရသေးသဖြင့် ဦးခိုင်ကြီးက အလုပ် သမားများအားလုံးကို ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။ အမျိုးသားအလုပ်သမား ၁၆ဦးနှင့် အမျိုးသမီးအလုပ်သမ ၃၅ ဦးတို့၏ အ၀တ်အထည်အိပ်များကို ၄ရက်တိုင် တိုင်ပွဲစားများကယူထားကြသည်။ဦးခိုင်ကြီးအကြိမ်ကြိမ်တောင်းခံမှုကြောင့်သင်္ကြန် အကြိုနေ့တွင် အ၀တ်အထည်များအား လာရောက်ပို့ဆောင်ခဲ့သည်။
Pepole’Choice ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦး ဟု ဆိုသည့် ကိုမောင်မြတ် ဆိုသူက သင်္ကြန်အလွန် ဧပြီ ၁၈ ရက်နေ့တွင် အလုပ်ရှာပေးမည်ဟု ပြောဆိုကြီး လက် ရှိ အလုပ်သမားများ၏ စားရေးနေရေးတို့ အတွက်မူ စကားတစ်ခွန်းမှ မပြော ဆိုကြောင်း ကိုခိုင်ကြီး ကပြောသည်။
“အလုပ်သမားတွေ ၁၇ ရက်လုပ်အားခ တစ်ဦးစီ ဘတ်ငွေ ခြောက်ထောင်ကျော်စီ မရခဲ့ဘူး။ ရုံးတွေ ပြန်ဖွင့်ရင် ဆ၀ါဒီကန်ရုံးကို အလုပ်သမားတွေကိုခေါ်သွားပြီးတော့ အမှုဖွင့်မယ်၊ ပွဲစားတွေ သူတို့ကတိပေးထားတဲ့ရက်မှာ ဒီအလုပ်သမားတွေ ကို အလုပ်သွင်းမပေးဘူးဆိုရင် အလုပ်သမားတွေ အကုန်လုံးကို ကျနော်မြန်မာ သံရုံး ကိုခေါ်သွားမယ်၊ ဒီအလုပ်သမားတွေဟာ ကုမ္ပဏီကိုပေးတဲ့ပိုက်ဆံနဲ့ မြ၀တီ မှာ စောင့်နေတဲ့အချိန်မှာ စားသောက်နေထိုင်ခဲ့တာ စုစုပေါင်း ကျပ်ငွေ ငါးသိန်းကနေ ခုနစ်သိန်းထက်မနည်းကုန်ကျလာ တဲ့လူတွေဖြစ်တယ်။ ဒီလူတွေအကုန်ဘ၀ ပျက် ကုန် မယ်” ဟုပြောဆိုသွားသည်။

ထိုင်းနိုင်ငံအတွင်းသို့MOUကုမ္ပဏီဖြင့်တင်သွင်းထားသည့်အလုပ်သမားအတော်များများ တို့ ပြဿနာတက်မှုများ နေရာတိုင်းတွင် ပေါ်ပေါက်နေသဖြင့် များမကြာမီ ကာလအတွင်း မြန်မာပြည်မှအာဏာပိုင်များ လာရောက် စစ်ဆေးမည်ဟု ကြားသိရသဖြင့် အလုပ် သမား များအားကူညီစောင့်ရှောက်သည့်အဖွဲ့အစည်းများ က စောင့်ကြည့်နေ ကြကြောင်း သိရှိရသည်။