05 April 2013

“လုပ်အားခ ခေါင်းပုံဖြတ်ခံနေရသည့်အလုပ်ရုံသို့ အဖွဲ့ပေါင်းစုံဝင်ရောက်စစ်ဆေး”

    ၂၀၁၃ ဧပြီ  ၅       မင်းဘခက်-
       ထိုင်းနိုင်ငံ တောင်ပိုင်း၊ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အ ကွာတွင် ရှိသော ပုဇွန်အစား အစာ ကုန်ချောထုတ်လုပ်သည့် CPF အလုပ်ရုံ တွင် အလုပ်သမားများလုပ်အားခ ခေါင်းပုံဖြတ်ခံနေရ  ကြောင်းထိုင်းအလုပ်သမား ၀န်ကြီး ဌာနသို့ မြန်မာနိုင်ငံမှ အလုပ်သမားမိသားစုများ  တိုင်ကြားထား သဖြင့် အဖွဲ့ ပေါင်းစုံ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ယမန်နေ့က သွားရောက်စစ်ဆေးကြသည့် အဖွဲ့များမှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ လူမှုဖူ လုံရေးထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့AHTD ,မြန်မာ သံရုံးမှမြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ သွားရောက် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

      အလုပ်သမားပေါင်း လေးထောင်ကျော်ခန့် အလုပ်လုပ်နေသည့် အဆိုပါ ကုမ္ပဏီ ကြီးထဲတွင် နိုင်ငံအစိုးရ သဘော တူညီချက် MOU ဖြင့် လာသည့် အလုပ်သမား ၇၅၀ ဦးတို့အား တင်ပို့သည့် ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ်မှအလုပ်သမားများ အပေါ် မတရားဖြတ်တောက်နေခြင်းကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာ ဖြစ်ကြောင်း စုံစမ်း စစ်ဆေးသူများက တွေ့ရှိခဲ့ကြသည်။


 အလုပ်သမားများအား တစ်ဦးချင်း တစ်ဖွဲ့ချင်း မစစ်ဆေးမီ CPF ကုမ္ပဏီ အစည်းဝေး ခန်းမတွင် စက်ရုံတာဝန်ခံများက အလုပ်သမားများ၏ ATM ငွေထုတ်ကဒ်သို့ လုပ်အား ခများကို ပုံမှန် ထည့်ပေးကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့  တွင် အလုပ် သမားများမှာ ထိုသို့မဟုတ်ချေ။

အလုပ်သမားများလက်ထဲတွင် ရှိသည့် သက်သေခံ   ပေါင်ချာ များတွင် ရေးသား ထားချက်များအရ ပတ်စပိုးဖိုးနှင့်   ၀တ်ပါ မစ် ခများအပြင် အလုပ်သမား များနေ ထိုင်ရာ တန်းလျားမှ အလုပ်ရုံသို့ အကြို အပို့ ကားခ တစ်လ ၅၀၀+သန့်ရှင်းရေးခ + အ၀တ်လျှော် ခ+ရေခ+ မီခ+ အခွန်ဆောင်ခ+ပကာစာခွန်း (အာမ ခံကြေး) စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့်  ရဲဝံ့နဂါး ကုမ္ပဏီ မှ ဖြတ်တောက်နေကြောင်း စီစစ်တွေ့ရှိရ သည်။

မြန်မာသံရုံးအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း  က “ အလုပ်ရုံက ကတော့ အလုပ်သမားတွေကို လုပ်အားခ အပြည့်အ၀ပေးတာကိုတော့   တွေ့ရှိရပါတယ်။ ရဲဝံ့နဂါး ကုမ္ပဏီက အလုပ်သမားတွေ ဆီက ဟိုဖြတ် ဒီဖြတ်နဲ့ တစ်လကို ဘတ် တစ်ထောင်ကျော်လောက်ပဲ ကျန်တယ်။ စားစရိတ်နဲ့ ဆိုတော့ အလုပ် သမားတွေ အဆင် မပြေဖြစ်နေ ကြတယ်။  စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ထိုင်းအလုပ်သမား ၀န်ကြီးဌာန ကိုတင်ပြပြီးအလုပ်သမားတွေ ရသင့်ရထိုက်တာတွေ ရရှိအောင် ဆောင် ရွက်သွားပါမယ်။

စည်ကမ်း  ဖေါက်ဖျက်တဲ့ မြန်မာ ကုမ္ပဏီကို လည်း ကျနော်တို့ အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟုပြောသည်။
         မြန်မာအလုပ်သမားများလက်ထဲတွင် ရဲဝံ့နဂါး ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်း ရှစ်သောင်းပေးချေခဲ့ရ သည့် ပြေစာများ၊ သတ်မှတ်ထားသည့် ပတ်စပို့ဖိုး ဘတ်ငွေ၁၂၀၀၀ ကျေခဲ့ပြီးဖြစ်သော်လည်းဘတ်ငွေ   ၁၅၀၀ ထပ်မံပေးချေပြီးမှ ပတ်စပို့ကိုင်ခွင့်ရရှိခဲ့ခြင်း များ၊ မြန်မာနိုင်ငံအစိုးရမှထုတ်ပေးထားသည့် မြန်မာ မှတ်ပုံ တင်များအားသိမ်းဆည်းထားပြီးဘတ် ငွေ ၃၀၀ ပေးမှ ပြန် ရကြောင်း၊ ကားခအတွက် တစ်ဦး လျှင်ဘတ်ငွေ  ၅၀၀ စီပေးနေရသဖြင့် အလုပ်သမား အချို့ သက်သာစေရန် အလုပ်ရုံနှင့်နီးသည့်နေရာသို့ မိမိသဘောဖြင့် ပြောင်းရွှေ့နေထိုင်သူများ ကိုရဲဝံ့နဂါး ကုမ္ပဏီကဘတ်ငွေ၇၀၀စီ ဖြတ်တောက်ကြောင်း၊ သွေးစစ်ခ အတွက် ဘတ်ငွေ ၁၉၀၀ စီပေးချေပြီး သွေးစစ်ပြီးဖြစ်သော်လည်း နေထိုင် မကောင်း သဖြင့်ေ ဆးရုံသို့ သွားရောက်ကုသမပါက အနည်းဆုံးဘတ်ငွေ ၂၀၀ မှ၇၀၀အထိကုန်ကျေ ကြာင်း။ အလုပ်ရုံသို့ အလာကားပေါ်မှပြုတ်ကျပြီး ခြေထောက် ကျိုးသွားသူတစ်ဦးမှာ လည်း မိမိ ငွေကြေးဖြင့်ကုသရကြောင်း နေကောင်းသွားသည့် အခါ အလုပ်ရုံမှ ဘတ်ငွေ ၉၀၀၀ သာပေးပြီး မည်သည့် ထောက်ပံ့မှု များမှ မရရှိခဲ့ကြောင်း အလုပ်သမားအ သီသီး တို့က ထွက်ဆိုခဲ့ကြပါသည်။

            ထို့အပြင် နယ်စပ်တွင် စာချုပ်ချုပ်ဆိုစဉ်က ကြက်သားလုံးစက်ရုံဟု ချုပ်ဆို ခဲ့သော်လည်း ယခုအလုပ်ရုံသို့ ရောက်လာသူများ၊ အဆိုးဆုံးအခွင့်အရေး ချိုးဖေါက် မှုတစ်ခုမှာ   မူလက ၂နှစ် ၀တ်ပါမစ်လုပ် ထားသော်လည်း ၁နှစ်ပြည့်သည်နှင့် တပြိုင် နက် နောက်ထပ် စာအုပ်နှင့် ၀တ်ပါမစ် သက်တမ်းတိုးမည်ဟု ဆိုကာ အလုပ်သမား များ ထံမှ ငွေကြေးထပ်မံဖြတ်တောက်ကြောင်း အလုပ်သမားများက ထွက်ဆိုကြ သည်။

အလုပ်သမ ၂နှစ်ဦးထံမှ လက်စွပ်နှင့် နားကပ်ကိုသိမ်းထားခြင်း၊ အလုပ်ခွင့်ဝတ်ရန် အပေါ်ရှပ်အင်းကျီ လက်ပြတ်နှစ်ထည်အတွက်ဘတ်ငွေ ၁၀၀၀ ဖြတ်တောက် ရန်ပြင် ဆင်နေခြင်းများ နှင့် မြန်မာမှတ်ပုံတင်များသိမ်းဆည်းထား ရာမှ ပျောက်ဆုံးသွား သည့် အလုပ်သမားများစွာလည်း ထိုစက်ရုံအတွင်းရှိနေကြောင်း စီစစ်တွေ့ရှိကြရသည်။
စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က  “ MOU ဆိုတာ အစိုးရတွေ မူလရည်ရွက် ချက်က ကောင်းပေမယ့် MOU အလုပ်သမား  တင်သွင်းခွင့်ရတဲ့ ပွဲစား ကုမ္ပဏီတွေ လုပ်ပုံက အနိုင်ကျင့်ခွင့် လိုင်စင် ရထားသလို လုပ်ချင်တိုင်းလုပ်နေကြတာဖြစ်တယ်။ ယခုလည်း ထိုင်းတနိုင် ငံလုံးမှာ ပေါ်ပေါက်နေ သလို နောက်လည်း ဒီလိုပေါ်ပေါက်လာအုံးမှာဖြစ်တယ်။ ကျနော်တို့ မသိသေးလို့ သာဖြစ်မယ်။ ဘာကြောင့် လဲဆိုတော့ MOUကုမ္ပဏီတိုင်းဟာ စာချုပ်ပါစည်း ကမ်းချက်တွေ ကို ပြောင်းပြန် လှန်ပြီး လုပ်ချင်တိုင်း လုပ်ထားကြလို့ဖြစ်တယ်” ဟုပြောသည်။
                MOU ဖြင့် တင်သွင်းမည့်အလုပ်သမား တစ်ဦးလျှင် မြန်မာပြည်ဘက် အခြမ်းတွင် ကျပ်ငွေ တစ် သိန်း ထက် ပိုမယူရဟု မြန်မာအစိုးရက သတ်မှတ်ထား သလို ထိုင်းနိုင်ငံတွင် ဘတ်ငွေ တစ်သောင်းထက် ပိုမယူရဟု သတ်မှတ်ထားသော် လည်း MOU ကုမ္ပဏီအချို့မှာ အနည်းဆုံး ဘတ်ငွေ ၁၃၀၀၀ မှ ၃၇၀၀၀  အထိအလုပ် သမားများထံမှ ဖြတ်တောက်ထားခြင်းများရှိနေသည်။သို့ရာတွင်ထိုအခြင်းအရာများ ကို  နှစ်နိုင်ငံအစိုးရတို့ မသိချင်ယောင်ဆောင်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ MOU အလုပ်သမား တစ်သိန်းထက်မနည်း တင်ပို့ထားပြီးဖြစ်
နိုင်ကြောင်း MAT အဖွဲ့ကခန့်မှန်းပြောဆိုသည်။