08 April 2013

“ငါးဖမ်းလှေဆိပ်၂ ခုမှ ရောင်းစားခံထားရသည့်မြန်မာအလုပ်သမား ၇ဦးအားကယ်တင်”



 ၂၀၁၃ ဧပြီလ ၈ ရက်      ကိုတီး
                                 ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့် ပူးပေါင်းအဖွဲ့တို့ယမန်နေ့ကငါးဖမ်းလှေဆိပ်၂ဆိပ်မှ ရောင်းစား ခံထားရသည့် မြန်မာ အလုပ်သမား ၇ဦးကို ကယ်တင်နိုင်လိုက် သလို ထိုင်းပဲ့နင်းတစ်ဦး ကိုပါဖမ်းဆီးခေါ်ေ ဆာင်လာခဲ့ေ ကြာင်း  သိရှိရသည်။
         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာ တွင်ရှိသော ခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်  ချီဝစ်တံတားမှ လှေအမှတ် ၆၇ ပေါ်တွင် ရောင်း စား ခံထား ရသည့် မြန်မာအလုပ်သမား ၄ဦး ကိုလည်းကောင်း  တပြိုင် တည်း တွင် ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  လှေဆိပ် မှ လှေအမှတ်၂၁  ပေါ် တွင်   ရောင်းစားခံထားရသည့် အလုပ် သမား ၃ဦးတို့အား  ကယ်တင်နိုင်ခဲ့ ကြခြင်းဖြစ် သည်။


ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD,ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေး ရှင်းFED,ဘန်ကောက်မြန်မာသံရုံး မှ မြန်မာအလုပ်သမား ညွန်ကြားရေးမှူးဦးနိုင်ထွန်း နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့  ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ငါးဖမ်းလှေအမှတ် ၂၁ တွင် ၁၁ လ ကျော် ကြာ ရောင်းစားခံခဲ့ရသည့် မော်လမြိုင်မြို့မှ အသက် ၂၀ အရွယ် ကိုမိုးဝေ  က “ ကျနော်တို့ကို ပို့တဲ့ ပွဲစား က ဘုရားသုံးဆူက အောင်ကိုမြင့်ဆိုသူ ဖြစ်တယ်။ အပြင်ပန်းကြည့်ရင်တော့ တိုက်အိမ် အကောင်းစား၊ ကားအကောင်းစားနဲ့ပဲ။ သူ့အိမ်   နောက်ဘက်မှာ ကျနော်တို့ကိုထားတယ်။ ညဘက်ကျတော့  သူကိုယ် တိုင်ကားေ မာင်း ပြီး   ခေါင်ဒဲန်တရောက်လိုက်ပို့ တယ်။ ကျနော် စိတ်မကောင်းဆုံးက အမေဆုံး သွား တယ်။ ကျနော့်လုပ်အားခကိုရှင်းပေးပါ။ ကျနော်ပြန်ချင်တယ် လို့ပြော တာကိုေ လှဆိပ်က ပွဲစား ဦးမြင့်ဦး က လုံးဝရှင်းမပေးဘူး။ ကျနော်တို့ လုံးဝ ညမအိပ်ရပဲလုပ်ခဲ့ တာတွေ အများကြီးပါ။ ငါးဖမ်းလှေပေါ်ရောက်ခါစ ၃လလောက်က မလုပ်တတ်လို့ အထိုးခံရတာ နေ့တိုင်းပဲ” ဟုပြောသည်။

     အဆိုပါ ငါးဖမ်းလှေအမှတ် ၂၁ တွင် ပဲခူးတိုင်း သရင်းအုပ်စု ပြည်တော်အေးရွာမှ အသက် ၁၇ နှစ်အရွယ်မောင်ညီညီဟိန်း နှင့်ဧရာဝတီတိုင်း မြန်အောင်မြို့မှ အသက် ၃၀ အရွယ် အောင်ကိုလင်း တို့မှာ ငါးဖမ်းလှေပေါ်တွင် လုပ်အားခမရပဲ ၉လခွဲကြာ အချိန်ပြည့် အလုပ်လုပ်နေခဲ့ရသူများဖြစ်ကြသည်။

             ရန်ကုန်တိုင်း သံလျှင်မြို့ အောင်ချမ်းသာ ရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် ချမ်းငြိမ်းကို ဆိုသူမှာငါးဖမ်းလှေပေါ်တွင် ၂နှစ်ခန့် ရောင်းစားခံနေခဲ့ရသည်။ သူက “ကျနော် မြ၀တီကို မယောင်မလည်နဲ့ရောက် သွားတယ်။ ၉၉၉ ဂိတ်က မင်းမင်း ဆိုတဲ့ပွဲစား က ဘန်ကောက်မှာ တစ်လ ဘတ်ငွေ ၇၀၀၀ ရမယ်လိုက်မ လား ဆိုတော့ ကျနော်လိုက်မယ် ဆိုပြီး ညနေထွက်လာတော့ ငါးဖမ်းလှေပေါ်ကို ရောက်သွားတယ်။ ကျနော်ဘတ် ၂၂၀၀၀ လုပ်ဆပ်ရတယ်။  ထွက်ပြေးလို့မလွတ်ဘူးတဲ့၊ အမေဆီက ပိုက်ဆံမှာပြီး ပြန်ရွေး မယ်ဆို လည်းမရဘူးတဲ့။ မလုပ်နိုင်လည်းလုပ်၊ မလုပ်ချင်လည်း လုပ် အထိုးအကြိတ်လည်းခံခဲ့ရတယ်” ဟုပြော သည်။
    ၎င်းနှင့်အတူ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်၊ သဲကုန်းမှ အသက်၄၅ နှစ်အရွယ် ကိုဇေါ်လင်း၊ အသက် ၄၂ နှစ်အရွယ်ကိုလှသန်း နှင့်ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ အသက်၂၀အရွယ်ကိုမောင်ဖြူတို့မှာ၎လကျော်ကြာရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။

   ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ရောင်းစားခံထားရတဲ့ မြန်မာအလုပ် သမားတွေ ဟာ ခေါင်ဒဲန် ဆိုတာပဲ ပြောတတ်တယ်။ ဒီလှေဆိပ်ကချောင်းစမေးစံလှေဆိပ်လို မဟုတ်ဘူး။ တံတားနာမည်မရှိဘူး။ ကိုယ့်နေရာနဲ့ကိုယ်အမည်တွင်တဲ့နေရာဖြစ်
တယ်။ မြို့တွင်းက ချောင်းတောက်လျှောက် လှေဆိပ်တန်းရှည်လုပ်ထားတယ်။ ကျနော်တို့ ရှာရဖွေရတာအတော်အခက်အခဲရှိတယ်။ ပြီးတော့ လှေပိုင်ရှင် အလုပ်ရုံ ၀င်း တွင်းမှာ ဆိုတော့ ထိုင်းရဲတွေကလည်း မှားမှာစိုးတယ်။ ဒီနေရာက ကျနော် တို့ ပြန်လာခဲ့ရဖူးတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ လှေဆိပ်ကပ်တဲ့နေရာ အပြင် အနီးအနား က အဆောက်အဦးသင်္ကေတတို့ ကိုလည်း ပြောနိုင်ဖို့လိုပါတယ်” ဟုပြောသည်။
                 ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမားတိုင်းတွင် လဲစရာ အ၀တ်အထည်အပိုမရှိ၊ စီးစရာဖိနပ်မရှိခြင်းများအပြင် ခြေလက်များတွင် ဒဏ်ရာများ စွာရှိတတ်ကြသည်။ အထူးသဖြင့် ငါးဖမ်းလှေပေါ်သို့ ကယ်ဆယ်သူများရောက် သွားပြီး ရောင်းစားခံထားရသူများ တက်လာကြရန်အော်ဟစ်နှိုးဆော်သော် လည်း တက်လာကြခြင်းမရှိချေ။

           လွတ်မြောက်လာသူများ၏ ပြောပြချက်များအရ ငါးဖမ်းလှေတိုင်းတွင် ထိုင်းပဲ့ နင်းနှင့် မွန်အမျိုးသား ပိုက်ဆရာများမှလွဲ၍ ကျန်သည့်အလုပ်သမားအားလုံး လိုလိုတို့ မှာ ရောင်းစားခံထားရသူများဖြစ် ကြောင်း သိရှိရသည်။
ပင်လယ်အစားအစာ အဓိက ထုတ်လုပ်ရောင်းချသည့် ထိုင်းနိုင်ငံတွင် ထိုမျှ များပြား သည့် လူကုန်ကူးခံထားရသူများကို ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂလူကုန် ကူး မှုတိုက်ဖျက်ရေး UNIAP တို့ အနေဖြင့် ယခု လက်ရှိ ကျင့်သုံးနေသည့် လူကုန် ကုန်မှုတိုက်ဖျက်ရေးပုံစံများဖြင့်မဟုတ်ပဲ  ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းစဉ် တစ်ခုခု ချ မှတ်ဆောင်ရွက်မှ သာလျှင် လူကုန်ကူးခံနေရသူများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း MAT အဖွဲ့   ကပြောသည်။

          ထိုင်းနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် လူကုန်ကူးမှုဥပဒေအရ၊ နယ်မြေရဲ စခန်းသို့ ခေတ္တ ရောက်ရှိလာသည့် လူကုန်ကူးခံမြန်မာအလုပ်သမားများမှာ သောက်
ရေသန့် မရရှိပဲ ရေချိုးခန်းထဲမှရေကို သောက် သုံးရခြင်း။ ထမင်း၀၀မစားရခြင်း၊ ထမင်း ဟင်းညံ့ဖျင်းခြင်း၊သမံတလင်းပြင်တွင် အခင်းအကာမရှိသဖြင့် အိပ်ရေးမ၀ခြင်း၊ လက်ကိုင်ဖုန်းများကို ပုလိပ်များက သိမ်းဆည်းထားခြင်းများကိုခံရလေ့ရှိသည်။

   လူကုန်ကူးမှုမြောက်ကြောင်း အစိုးရသက်သေအဖြစ်ထွက် ဆိုသူများအနေဖြင့် ကယ်ဆယ်ရေးစခန်း ထဲတွင် ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရပဲ အနည်းဆုံး ၆လမှ ၉လအထိကြာမြင့်တတ်ခြင်း၊ လူကုန်ကူးခံခဲ့ရ သည့် မြန်မာအလုပ်သမားများအတွက် အမှုပြီးစီးပါက တရားဝင်နေထိုင်ခွင့် တစ်စုံတစ်ရာ ခံစားခွင့်မရပဲ နယ်စပ်သို့ပြန်ပို့ခံခြင်း များဖြင့်သာအဆုံးသတ်လေ့ရှိပါသည်။

         ထိုင်းလုပ်ငန်းရှင်နှင့် လူကုန်ကူးသူများကို လက်ပူးလက်ကြပ် ဖမ်းမိသော်လည်း ၎င်းတို့သည် တစ်နာရီမျှ အချုပ်ခန်းတွင်နေစရာမလိုပဲ အာမခံရရှိခြင်း၊ ထို့အပြင် လူကုန်ကူးမှုကိုကျူးလွန်သည့် လုပ်ငန်းရှင်နှင့် ပွဲစားများကို ထောင်ချခြင်းမျိုး မရှိပဲ ပြန် လည်လွှတ်ပေးခြင်းကိုသာ ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ၂၀၁၂ ခုနှစ်တွင် လူကုန်ကူး မှုပေါင်း ၁၉ကြိမ် ဆောင် ရွက်ခဲ့ရာတွင် လူကုန်ကူးခံရသူပေါင်း ၂၉၂ ဦး ပွဲစား ၈ဦး တို့အား ဖမ်းဆီးနိုင်ခဲ့သည်။

        ၂၀၁၃ ခု ပထမ ၃လ အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ၁၀ကြိမ် ဆောင်ရွက် ရာ တွင်  မြန်မာအလုပ် သမားပေါင်း ၆၀ ဦးနှင့် ပွဲစား ၅ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ ပြီးဖြစ်ကြောင်း သိရှိရသည်။