ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၉ အား ဖတ်ရှုနိုင်ပါပြီ။
26 May 2013
19 May 2013
“ဦးအောင်ဇေယျ ငိုချင်းချ"
ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအလုပ်သမားနည်းတူ
အခွင့်အရေးတွေရမယ်၊ ထိုင်းနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရမယ် ဆိုတဲ့
မက်လုံးတွေကို ထိုင်းနဲ့ မြန်မာ အစိုးရတွေက ကတိတွေ
ပေးခဲ့ကြတာကြောင့်
အေးအေးချမ်းချမ်း အလုပ်လုပ်ချင်ကြတဲ့ မြန်မာအလုပ်သမားပေါင်း သန်းချီပြီးတော့
အလုပ်သမားပတ်စပို့ကိုလုပ်ခဲ့ကြတယ်။
မြန်မာပတ်စပို့ (အနီနဲ့ခရမ်းရောင်စာအုပ်တစ်အုပ်ကို
ဘတ်ငွေ ၇၅၀/၈၅၀)နဲ့ ယူတဲ့ မြန်မာအစိုးရ လည်း ဘတ်ငွေဘီလီယံနဲ့ချီပြီး နိုင်ငံဘဏ္ဍာရရှိခဲ့တယ်။
သွေးစစ်ခ၊ အလုပ်လုပ်ခွင့် work permit ခ နဲ့
ပြည်ဝင်ခွင့်ဗီဇာခတွေကိုလည်းထိုင်းအစိုးရ တနင့်တပိုးရရှိကြတယ်။ဒါ့အပြင်ရက်၉၀ ပြည့်တိုင်းဧည့်စါရင်းတိုင်လ၀ကတံဆိပ်တုံးထုခြင်းနဲ့ ၂ နှစ်တစ် ကြိမ်နေ ထိုင် ခွင့်ပြန်လုပ်ရတဲ့ကိစ္စရပ်ကြီးကလည်းစားလို့မကုန်ယူလို့မခန်းထားလို့မကုန်အောင် မြန်မာတွေ ဆီက ရရှိ တယ်။
တရားဝင်ပေါက်ဈေးဆိုတာ သတင်းမီဒီယာတွေမှာသာရှိကောင်းရှိပေမယ့် တကယ့်အပြင် မှာပေါက် ဈေးက
ပတ်စပို့စာအုပ်နဲ့ wp လုပ်ခ ကုန်ကျငွေက ဘတ်ငွေ တစ်သောင်းခွဲ ထက်မလျှော့ဘူး။
ကျေးကျွန်သဖွယ်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမှရရှိကြတဲ့ မြန်မာအလုပ်သမားတွေရဲ့လုပ်အားခ ချွေးနှဲစာ
တွေ ထိုင်းမှာ ဖိတ်စင်ကုန်တယ်။ အစိုးရ ၂ရပ်နဲ့ နီးစပ်တဲ့လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေအတွက်တော့ တစ် သက်
စာဖူလုံလောက်အောင်ကို အမြတ်ငွေတွေပိုက်မိခဲ့ကြတယ်။
ပုလိပ် အော့ကြောလန် ပတ်စပို့
လက်ရှိမှာ မြန်မာအလုပ်သမားတွေ လွတ်လပ်ခွင့်အထူးနည်းပါးပါတယ်။
အထူးသဖြင့် လမ်း သွားနေတဲ့ မြန်မာအလုပ်သမားကိုပတ်စပို့ပါရုံနဲ့မရတော့ဘူး။wpပါမှ ထောရောပါမှ၊ သွေးစစ်လက်မှတ်ပါမှ၊ဆို
ပြီးအမျိုးမျိုးအကြောင်းပြပြီး
ဖမ်းဆီးငွေတောင်းပါတယ်။ အားလုံးစုံရင်တောင်မှ မုန့်ဖိုးဆိုပြီး တောင်းပါသေး
တယ်။ ခရီးသွားလာခြင်း
ကိစ္စဆိုတာ ပတ်စပို့စာအုပ် တစ်ခုတည်းနဲ့ပြီးစီးသင့်ပါတယ်။ ဒီအဖြစ်အပျက်တွေ
ကို မြန်မာနဲ့
ထိုင်းအစိုးရတို့ သိရှိကြပါတယ်။
နိုင်ငံတကာစံချိန်စံညွန်းအရ ပုလိပ်ဆိုတာကလည်း(ပြောရင်မကောင်းဘူး)
ညစ်ပတ်မှုမျိုးစုံနဲ့ ရှာ
ဖွေခြိမ်းခြောက်
တောင်းရမ်းမှ ဗိုက်ပြည့်တဲ့အမျိုးမို့ အပေါ်ယံအလွှာက အိပ်ဖေါင်းတဲ့အစီအစဉ်ချမှတ် လိုက်တော့
လမ်းမှာမြင်သမျှ ဗမာအလုပ်သမားတွေမှာ ပတ်စပို့ကိုယ်စီနဲ့ ဖြစ်နေတော့ခါ ရတဲ့နည်းနဲ့
ညစ်ပတ်တောင်းစားကြရတော့တာပေါ့။
မဟာချိုင်၊ မဲဆောက်နဲ့ ဘန်ကောက် တို့မှာ
ပတ်စပို့ရှိလျှက်နဲ့ ထိုင်းပုလိပ်ကိုငွေပေးနေရသူ
တွေ၊ အချုပ်ခန်းထဲကို
ဝင်နေရတဲ့သူတွေနဲ့ လက်ထိပ်အခပ်ခံရတဲ့မြန်မာတွေ နေ့စဉ်နဲ့အမျှ ရှိပါတယ်။
လွတ်လွတ်လပ်လပ်မှ
ခရီးသွားလာဖို့ အာမခံချက်မရှိ ဖြစ်နေတဲ့ ဒီပတ်စပို့ဟာ ဘတ်ငွေ တစ်သောင်းကျော်
အကုန်ခံပြီးလုပ်ထားပေမယ့်
ပုလိပ်အော့ကြောလန် ပတ်စပို့ဖြစ်နေတာတော့ အသေအချာပဲဖြစ်တယ်။
မဲဆောက်တောင်ပေါ် ကတွတ်ပေါက်
ထိုင်းပုလိပ်တွေ ဘယ်လောက်ပဲညစ်ပတ်ညစ်ပတ်
ဘယ်လောက်ပဲ တောင်းစားတောင်း စားပတ်စပိုလက်ဝယ်ရှိကြတဲ့
မြန်မာအလုပ်သမားရာပေါင်းများစွာတို့ဟာ နေရပ်ရင်းကိုနေ့တိုင်း ပြန်နေကြပါ တယ်။ အလုပ်သမားတွေဟာ
ထိုင်းကိုပြန်လာဖို့အတွက် re-entery လို့ခေါ်တဲ့ ပြန်လည် ပြည်ဝင်ခွင့် ဗီဇာ ကို ဘတ်ငွေ
၁၂၀၀ အကုန်ခံပြီး လုပ်သွားကြရပါတယ်။ အသွားရောအပြန်ပါ မဲဆောက်အထွက် ကနေ တောင်ပေါ်အထိ
ဂိတ်ပေါင်း ၇ဂိတ်မှာ အလုပ်သမားတိုင်း ငွေပေးကြရပါတယ်။ အယင်တုန်းက ၃ဂိတ်သာရှိ ပါတယ်။
ယခု ကောက်စားလို့ရမှန်းသိတော့ ၇ဂိတ်အထိ တိုးချဲ့လိုက်ဟန်တူပါတယ်။
အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ ပြည့်စုံသည်ဖြစ်စေ
မစုံသည်ဖြစ်စေ တစ်ဂိတ်ကို ဘတ်ငွေ တစ်ရာစီပေးကြရပါတယ်။ မပေးလို့ ပြောတဲ့အလုပ်သမားကတော့
ကားပေါ်က ဆွဲချခြင်းခံရပါတယ်။
ထိုင်းလူမျိုးတွေဟာ ထိုင်းပုလိပ်တွေ
လဘ်စားတာ မတရားငွေယူတာကို သိတယ်။ ထိုင်းမီဒီ
တွေမှာဖေါ်ထုတ်တာကို
တွေ့ကြရမှာဖြစ်တယ်။ အားရဖို့ အလွန်ကောင်းတဲ့ဖေါ်ထုတ်မှုတွေပေါ့။ ခု ကောက် စားခံနေရာက
မြန်မာအလုပ်သမားတွေ ဆိုတော့ ထိုင်းဘက်က တော်ရုံနဲ့ မဖေါ်ထုတ်တာတော့ သေချာပါ တယ်။ ကျနော်တို့
မြန်မာအစိုးရနဲ့ ဘန်ကောက် မြန်မာသံရုံးကကော မြန်မာအလုပ်သမားအရာရှိတွေပါ ဒီဖြစ်ရပ်တွေကို
မကြားဘယ် ရှိမလဲနော့။ ပတ်စပို့နဲ့ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေ ကတော့ ဒို့မြန်မာ
အစိုးရ ဒီဖြစ်ရပ်တွေအပေါ် ဘယ်လောက်အထိ လက်ဝါးစောင်းထက်မလဲလို့ မျှော်လင့်နေကြတယ်။
၁၉၀၀ ပြည်လွန်နှစ်ဝန်းကျင်တုန်းက မြန်မာသမိုင်းဆရာမ
ဒေါက်တာမတင်ဝင်း ရေးတဲ့စာအုပ်တစ်အုပ်မှာ ဆိုရင်“ထိုင်းဆိုတာငယ်နိုင်ဖြစ်တယ်။ဝါးရင်းတုတ်နဲ့အချိန်မရွေးတက်သိမ်းလို့ရတယ်လို့”ဖေါ်ပြခဲ့တာမှတ်မိ
ပါသေးတယ်။ လက်ရှိအခြေအနေမှာ ဒီအရေးအသားကို
ဖတ်မိသူတိုင်း ဟားတိုက်ရည်ကြမလားပဲ။
ဦးအောင်ဇေယျ
တို့ ရှေ့မြန်မာဘုရင်တွေ ခေတ်တုန်းကရော ကိုလိုနီနယ်ချဲ့ခေတ်တလျှောက်လုံးမှာပါ အကျိုးစီးပွားအတွက်
တိုင်းပြည်တွေကို သိမ်းပိုက်ပြီးတော့ ကျွန်ပြုခဲ့ကြတယ်။
၁၉ရာစု၂၀ ရာစုမှာတော့ ကြီးပွားလိုကြတဲ့
နိုင်ငံတိုင်းဟာ နိုင်ငံတစ်နိုင်ငံကို ကျွန်ပြုဖို့အတွက် အတွက် ကျည်တစ်တောင့် ဖေါက်စရာမလို။
ခေတ်နဲ့လျော်ညီတဲ့စနစ်ကိုပါးနပ်လိမ္မာစွာနဲ့ ကျင့် သုံးကြတယ်။ မူဝါဒတွေကိုချမှတ်ကြတယ်။
ကမ္ဘာကြီးကိုလှမ်းမျှော်ကြည့်ကြတယ်။ အမှောင်ထဲမှာမနေ၊ အလင်းရောင်ကို ရှာကြတယ်။ ဒါကြောင့်ထင်ပ။
မြန်မာတစ်နိုင်ငံလုံးဟာ ထိုင်းလူမျိုးတွေဆီမှာ အိမ်ဖေါ်လုပ်ပါရစေ၊ အိမ်သာ ဆေးပါရစေ၊
မာလီ ကုန်ထမ်း သားသတ်သမားတွေလုပ်ပါရစေ၊ အနိမ့်ကျဆုံးအလုပ်တွေကို တရားဝင် ကျွန်လုပ်
ပါရစေ ဆိုပြီး ထိုင်းကိုလာလိုက်ကြတာ ခုတော့
သုံးလေးသန်းကျွန်ဖြစ်နေပြီ။ ထိုင်းမှာ အလုပ်လုပ် မှ မိသားစု ထမင်းနပ်မှန်တဲ့အနေအထားကို
မြန်မာနိုင်ငံသားတွေရောက်ရှိခဲ့ပြီ။
ယခုလက်ရှိ အုပ်ချုပ်နေတဲ့ နေပြည်တော်
အစိုးရဆိုတာ သတ္တိပြောင်ကြသူတွေဖြစ်ကြတယ်။ ဗန္ဓုလသွေး,ဘုရင့်နောင်သွေး,မင်းရဲကျော်စွာသွေးနဲ့တပင်ရွှေထီးသွေးတွေကျန်နေသေး တဲ့သူတွေ ဖြစ်ကြပါ
တယ်။ ဒီမိုကရေစီအစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တရားဝင်ကျွန်လုပ်ခွင့်
ပတ်စပို့စာအုပ်လုပ်ထား လျှက်နဲ့ထိုင်းလူမျိုးတွေအနိုင်ကျင့်ချင်တိုင်းကျင့်တာလက်ပိုက်ကြည့်နေမယ်၊ဆက်ပြီးတော့ မြန်မာ အလုပ်သမားတွေ ခံနေရမယ်ဆိုရင်တော့ အလောင်းဘုရား
ဦးအောင်ဇေယျ တမလွန်က သိသွားခဲ့ရင် မင်းတို့ကြောင့် ငါသိက္ခာကျတယ်လို့ ပြောပြီး ငိုချင်းချနေမလားပဲ။ ။
ကျော်သောင်း
Labels:
ဆောင်းပါး
“VITA သစ်သီးစုံ အစားအစာအလုပ်ရုံမှ လူကုန်ကူးခံရသူ ၇ဦးအားကယ်တင်”
၂၀၁၃ မေလ ၁၉
ကိုတီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက် မြောက်ပိုင်း
ကီလိုမီတာ ၁၀၀ခန့်တွင် ရှိသော ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော
V&K PINE APPLE CANNING Co,Ltd တွင်လူကုန်ကူးခံနေ ရသည့် အလုပ်သမား ၇ဦးအား ပူးပေါင်းအဖွဲ့များက
ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ထိုင်းအစိုးရလူကုန်ကူးမှုအဖွဲ့DSI,မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီ
ညွန်ကြားရေးမှူး၊မဟာချိုင်အခြေစိုက်
LPN အင်ဂျီအို၊ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးေ ဖါင် ဒေးရှင်း FED နှင့်ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း
ဖြစ်သည်။
Labels:
သတင်း
18 May 2013
“အသက် ၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် တစ်ဦးအားကယ်တင်”
၂၀၁၃ မေလ
၁၈ မင်းဘခက်
ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော
နကဆ၀န်မြို့ရှိ အိမ်တစ်အိမ်တွင်၁၀ကြာ အိမ်ဖေါ်အလုပ်ကို
လုပ်ကိုင်နေခဲ့ ရသည့် အသက် ၁၅ နှစ် အရွယ် မြန်မာကလေးအလုပ်သမငယ်တစ်ဦးကို
ပူးပေါင်းအဖွဲ့ တို့က ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
သူမသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ အင်ကုန်းကျေးရွာမှ အဖ ဦး ကုလား(ကွယ်လွန်
နှင့် ဒေါ်သောင်းသောင်း တို့၏ သမီးဖြစ်သည်။မအေးချမ်းမေ သည်
သူမ၏ ကြီးတော် အသက် ၅၅နှစ်အရွယ်ဒေါ်မြ၀င်း တို့နှင့် အတူ
ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပရွာအနီးရှိ တောင်ယာစိုက်ခင်း တွင်
နေ့စား အလုပ်သမအဖြစ် လုပ်ကိုင်စားသောက် နေခဲ့ကြသည်။
Labels:
သတင်း
16 May 2013
14 May 2013
“မျက်ရည်ကို သကြားခတ်သောက်ခြင်း”
မြ၀တီမှာ ညီဖြစ်သူတစ်ယောက် အိမ်ထောင် ကျနေ လို့ ၁၉၉၂ ခုနှစ်မှာ မြ၀တီကို စတင်ရောက်ရှိခဲ့ဖူးတယ်၊ ကျောင်းစာတွေမှာသင်ခဲ့ဖူးတဲ့ ဒေါနတောင် တန်းကို ဖြတ်ေ ကျာ်စဉ်လက်နက်တွေကိုင်ထားတဲ့စစ်သားတွေ ကိုမြင်တွေ့ ခဲ့ရသလို အလွန် ကျဉ်းမြောင်းပြီး ကြမ်းတမ်းတဲ့လမ်းခရီးရဲ့ အရသာကိုလည်း ကိုယ်တိုင်ထိတွေ့ခွင့် ရရှိခဲ့တယ်။
မြ၀တီဆိုတာ နယ်စပ်မြို့ကလေးဖြစ်တာကြောင့် အတော်စည်ကားတဲ့မြို့ ငယ် ကလေးတစ်မြို့ဖြစ်တယ်ဆိုတာကို စာတွေ့ထက် လက်တွေ့မြင်သိခွင့်ရရှိခဲ့တော့ တယ်။
Labels:
ဆောင်းပါး
09 May 2013
“ထိုင်းရောက်ရွှေ့ပြောင်းကလေးတွေကိုင်ဆောင်ဖို့ပတ်စပို့ထုတ်ပေးတော့မယ်လို့ ညွှန်ကြားရေးမှူးဆို”
မေလ ၉ -- မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ၁၈ နှစ်အောက် သားသမီးကလေးငယ်တို့အား ယနေ့မှစတင်၍ ပတ်စပို့ထုတ်ပေးရေးစခန်း ၁၁ ခုတို့တွင် စတင်ထုတ်ပေးဖို့ ညွန်ကြားထားပြီဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးမှူးက ပြောသည်။
အပြာရောင်မြန်မာပတ်စပို့စာအုပ်ဖိုး ဘတ်ငွေ ၁၇၅ နှင့် ထိုင်းနိုင်ငံသို့ပြည်ဝင် ခွင့်ဗီဇာ ၂ နှစ်အတွက် ဘတ်ငွေ ၅၀၀ ပေးသွင်းရမည်ဖြစ်ဖြစ်သည်။ work permit လုပ်ရန်နှင့် သွေးစစ်ရန် မလိုအပ်ကြောင်း ဘန်ကောက် မြန်မာသံရုံးအခြေစိုက် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းကပြောသည်။
အပြာရောင်မြန်မာပတ်စပို့စာအုပ်ဖိုး ဘတ်ငွေ ၁၇၅ နှင့် ထိုင်းနိုင်ငံသို့ပြည်ဝင် ခွင့်ဗီဇာ ၂ နှစ်အတွက် ဘတ်ငွေ ၅၀၀ ပေးသွင်းရမည်ဖြစ်ဖြစ်သည်။ work permit လုပ်ရန်နှင့် သွေးစစ်ရန် မလိုအပ်ကြောင်း ဘန်ကောက် မြန်မာသံရုံးအခြေစိုက် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းကပြောသည်။
Labels:
သတင်း
08 May 2013
“လက်ပြတ်သွားသည့်အလုပ်သမား နစ်နာကြေးဘတ်သုံးသိန်းကျော်ရရှိ”
ဆိုင်ကယ် အပိုပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံတွင် မတော်တဆ လက်ကောက်ဝတ်မှ ပြတ်သွားခဲ့ရသည့် မြန်မာအလုပ်သမား တစ်ဦး အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ပူးပေါင်းဆောင် ရွက်သူများ ကူညီမှုဖြင့် ယမန်နေ့က နစ်နာကြေး ငွေများ ရရှိသွား ခဲ့ပြီးဖြစ်ကြောင်း သိရှိရ သည်။
ဘန်ကောက်မြို့ အယ်ကချိုင် ၆၆/၂ တွင် ရှိသော မော်တော်ဆိုင်ကယ် အပိုပစ္စည်း အလုပ်ရုံတစ်ခုတွင် ၂၀၁၂ ခု နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့ နယ်၊ ကျောက် တန်း ရွာမှအသက် ၄၄ နှစ်အရွယ် ကိုမောင်လုံး ဆိုသူသည် လုပ်ငန်းခွင်မတော် တဆ ဖြစ် သဖြင့် ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်မြို့ အယ်ကချိုင် ၆၆/၂ တွင် ရှိသော မော်တော်ဆိုင်ကယ် အပိုပစ္စည်း အလုပ်ရုံတစ်ခုတွင် ၂၀၁၂ ခု နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့ နယ်၊ ကျောက် တန်း ရွာမှအသက် ၄၄ နှစ်အရွယ် ကိုမောင်လုံး ဆိုသူသည် လုပ်ငန်းခွင်မတော် တဆ ဖြစ် သဖြင့် ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
Labels:
သတင်း
07 May 2013
“ပတ်စပို့ရှိလျှက်နှင့်ဖမ်းဆီးခံရသူ၎ဦးအား လွတ်မြောက်အောင်ကူညီ”
မေလ ၇ ရက် . မင်းဘခက်
စမုတ်စာခွန်ခရိုင် ကထုန်ဘန်နယ်မြေတွင် အလုပ်သွားရှာကြသည့်ပတ်စပို့ရှိသည့်ရခိုင်အလုပ် သမား ၄ဦးတို့အား နယ်မြေရဲတို့က ဖမ်းဆီးချုပ် နှောင်ပြီး တစ်ဦးလျှင်ဘတ် တစ်သောင်းစီပေးမှ လွတ်မည့်ဟု တောင်းခံနေခြင်းအား ယမန်နေ့က မြန်မာအလုပ်သမားညွန်ကြားရေး မှူးနှင့် MAT အဖွဲ့ တို့ ကယ်တင်နိုင် ခဲ့ကြသည်။
Labels:
သတင်း
“လူကုန်ကူးခံခဲ့ရသူ ၅ဦးအား တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ ပေးမှ နယ်စပ်ပို့မည်ဟုဆို”
မေလ ၆ မြတ်ညို (အလွတ်သတင်းထောက်)
ကတန်ငါးဖမ်းလှေဆိပ်တွင် ရလ နီးပါးရောင်း စားခံခဲ့ရသည့် မြန်မာအလုပ်သမားများအား ကယ် ထုတ်ပြီးနောက် စစ်ဆေးမေးမြန်း၊စုံစမ်းခြင်းတစ်စုံ တစ် ရာ မပြုလုပ်ကြပဲ အချုပ်ခန်းထဲတွင် တစ်လ ကျော်ကြာမြင့်ခဲ့ပြီးနောက် နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခအဖြစ် ရဲစခန်းမှ လက်ဗွေနှိပ်ပေးသည့် မြန်မာ ၀န်ထမ်းက တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ စီ အတောင်းခံနေရကြောင်း ကာယကံရှင် အလုပ် သမားက ပြောသည်။
Labels:
သတင်း
05 May 2013
01 May 2013
“ယမန်နေ့ညဥ့်က ကယ်တင်ခဲ့သည့်အလုပ်သမား ၃ဦး ယနေ့ပြန်ပို့ရန်စီစဉ်”
ဘန်ကောက်မြို့အနီး စမူပါကန် ခေါင်ဒဲန် ငါးဖမ်းလှေဆိပ် လှေအမှတ် ၉ ပေါ်မှ ကယ်ထုတ် လာခဲ့သည့် မြန်မာ အလုပ် သမား ၃ဦး တို့အား လုပ် အားခများ ရှင်းပေးပြီးနောက် အလုပ်သမားများ ဆန္ဒ အရ ယနေ့ တွင် ပြန်ပို့ရန် စီစဉ် လိုက်ကြောင်း သိရှိ ရသည်။
ယမန်နေ့ညဥ့်၉နာရီခန့်တွင် ထိုင်လုံမစ် အမှတ် ၉ ငါးဖမ်းလှေပေါ်တွင် အနည်းဆုံး ၈လမှ တစ်နှစ်အထိ အချိန်ကြာမြင့်စွာ အလုပ်လုပ်နေကြရသည့် အသက် ၄၀ ကျော် အရွယ် ဦးဌေးဝင်း ၊ အသက် ၂၀ အရွယ် ကိုစိုးမောင် နှင့် အသက် ၁၉ နှစ်အရွယ် ကိုသန်းထွန်း တို့ကို အခက်အခဲများစွာထဲမှ ရှာဖွေ ကယ်ထုတ်ခဲ့ကြရခြင်းဖြစ်သည်။
Labels:
သတင်း
Subscribe to:
Posts (Atom)