ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးအဖွဲ့၊
DSI ရဲ့ဖိတ်ကြားမှုနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ရှေ့ မှာ ဆယ်စုနှစ်နဲ့ချီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊
၎င်းတို့ကို ကူညီပေးနေသူများဖြစ်ကြောင်း ၂ကြိမ်မတ်တပ်ရပ်ပြရတာ၊ ကိုယ်တွေဘာမှမဟုတ်တဲ့သူတွေမို့ရှက်ကိုးရှက်ကန်းပဲ။
ဂုဏ်ပြုလက်ဆောင် ပေးအပ်တော့လည်း ကိုယ်တို့ MAT အဖွဲ့ က နံပတ်(၁) ဖြစ်နေတော့ မျက်နှာပူသလိုခံစားရတယ်။
(၁)
ထိုင်းအာဏာပိုင်အရာရှိကြီးတစ်ယောက်က စေတနာစကားပြောတာကတော့၊
ထိုင်းမှာ မြန်မာအလုပ် သမားကအများဆုံး။ မြန်မာအစိုးရအနေနဲ့ သန်းချီရှိတဲ့အလုပ်သမားတွေအတွက်
ဘာတစ်ခုခုမှ အဆင်သင့်ပြင်ထား တာမတွေ့ရဘူး။ ထိုင်းဘက်က ကူညီပေးဖို့အဆင်သင့်ဖြစ်ပေမယ့်
မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိတွေက ခုထိကမ်းလှမ်းလာတာမရှိဘူးလို့ပြောဆိုပါတယ်။

အယင်ကာလတွေတုန်းကလည်း အ.လ.ည ဟာ ထိုင်းကိုဘယ်လောက်၊
မလေးရှားကိုဘယ်လောက်ဆိုပြီး လစဉ် ပြည်ပသို့ အလုပ်သမားတင်ပို့တဲ့ စါရင်းတွေကိုထုတ်ပြန်လေ့ရှိတယ်။
MOU ၇နှစ်တာခန့်ကာလအတွင်း မြန်မာပြည်သို့ ဘယ်လောက်ပြန်လာခဲ့ပြီးလဲဆိုတာ၊ အ.လ.ညမှာရော၊
နယ်စပ် အာဏာပိုင်အဖွဲ့အစည်းတစ် ခုခု မှာပါ စနစ်တကျ မှတ်တမ်းတင်ထားတာ ရှိမယ်လို့မထင်ပါဘူး။
ပြည်ပကိုထွက်မယ့်အလုပ်သမားတွေဆီကတော့
အမြတ်ရပြီး ကြိုက်သလောက်ထွက်ခွင့်ပြုတယ်။အ
လုပ် သမားတွေ ပြဿနာတစ်ခုခုဖြစ်ပြီးပြန်လာတော့
ငါတို့နဲ့မဆိုင်ဆိုပြီး၊ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန် ကြီးဌာနတို့က ခေါက်ရိုးကျိုး
ဗျူရိုကရက်တွေက ပွဲစားတွေကိုလက်ညှိုးထိုးကြတယ်။ ၎င်းတို့ရဲ့စီမံခန့်ခွဲမှု အလွဲ တွေကြောင့်တိုင်းပြည်အတွက်နစ်နာဆုံးရှုံးမှုများစေပါတယ်။တိုင်းပြည်ရဲ့ပုံရိပ်တွေကိုလည်းကျဆင်းစေပါတယ်။
(၂)
အခုပြန်လာတဲ့
အလုပ်သမားတွေကို ဘယ်အေဂျင်စီတွေကပို့ဆောင်ခဲ့ကြသလဲ။ ပို့တာတော့တရားဝင်၊ ထိုင်းရောက်တော့
အလုပ်မရှိ၊ ပိုက်ဆံအမြောက်အမြားပေးပြီးပတ်စပို့ကိုရွေး၊ အခြားနေရာကိုထွက်သွားခဲ့ကြရ။
ဒါကို အေဂျင်စီနဲ့မဆိုင်ဘူးလို့ငြင်းကြမလား။ တရားမ၀င်အလုပ်သမားတွေပဲပြန်လာနေကြတာလို့
အလုပ်သမား ၀န်ကြီးဌာနနဲ့ အေဂျင်စီတွေပို့ခဲ့ကြတာမပါဘူးလို့ ထမင်းရေပူလျှာလွှဲ လုပ်ကြအုံးမလား။

မြစ်ဆုံဆည်ကိစ္စ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အင်တာဗျူးပေးသွားတာ အမှတ်ရမိတယ်။ “MOU မှာဘာတွေပါတယ်ဆိုတာ ကျမတို့မှ မသိတာ၊ အဲဒါကို
ထိုးတဲ့သူတွေကိုသွားမေးရမယ်”လို့ပြော ဆိုခဲ့ပါတယ်။ ခုလည်း MOU ထိုးတဲ့ ဆရာတွေ တာဝန်ယူဖို့လိုပါတယ်။
MOU အလုပ်သမားပို့ဖို့အတွက် အေဂျင်စီတွေဟာ သံရုံးကို
Demend Letter တင်ပြရပြီး၊ အလုပ်သမား သံအရာရှိရဲ့စစ်ဆေးမှုထောက်ခံစာကိုရယူရပါတယ်။ အလုပ်သမားသံအရာရှိ
ဆိုသူတွေရဲ့ထောက်ခံချက်နဲ့အ တူ ပွဲစားများအဖွဲ့ချုပ် MOEAF မှာ တစ်ခါ ထောက်ခံချက်ယူရပါတယ်။
ပြီးတော့ နေပြည်တော် အ.လ.ည ရဲ့ ခွင့်ပြုချက်နဲ့ အလုပ်သမားပို့ကြပါတယ်။ အလုပ်လွှဲမှားမှုဖြစ်ပေါ်လာတာဟာ
SUB COM တွေ ကိုတင်ပို့ခွင့်ပြုခဲ့ လို့ဖြစ်တယ်လို့ ပြဿ နာပေါ်ခဲ့ပြန်တယ်။
အခုပြန်လာတဲ့ အလုပ်သမားတွေကို စစ်ဆေးကြည့်ရင်
တရားမ၀င်နေခဲ့ရတဲ့ MOU အလုပ်သမားတွေ အမြောက်အမြားတွေ့ရှိရပါလိမ့်မယ်။ အလုပ်သမားဝန်ကြီးက အေဂျင်စီတွေကို မိမိတို့ပို့ထားတဲ့ အလုပ်သမား တွေပြန်လာကို
တာဝန်ယူရမယ်လို့ ညွှန်ကြားချက်ထုတ်ရင် အေဂျင်စီတွေဘာတွေဖြစ်ကုန်ကြမလဲ။ အလုပ် သမားသံအရာရှိ၊
အ.လ.ည ညွန်မှူး၊ ညွှန်ချုပ်၊ အတွင်းဝန်တွေ ဘာပြောကြမလဲ။ လက်ရှိနိုင်ငံကို အုပ်ချုပ်နေတဲ့
NLD အစိုးရ လူကြီးတွေကို တရားမ၀င် ခိုးသွားကြသူတွေပါလို့ ၀ိုင်းလိမ်ကြအုံးမလား။
(၃)
တစ်ခုသတိရလို့ပါဗျာ။
ထိုင်းကိုသွားမယ့် အလုပ်သမားတွေအဆင်ပြေစေဖို့ အလုပ်သမားတွေအကျိုးရှိဖို့ အတွက်၊ ကိုယ်ကျိုးမယူပါဘူးလို့
မေတ္တာတော် အနန္တနဲ့၊ ဖုန်းကဒ်တွေအလကားပေးပြီး အာမခံတွေလုပ်ခိုင်းခဲ့တဲ့ ကုမ္ပဏီတွေကော
ဘယ်လိုတာဝန်ယူကြမလဲဗျာ။ ဘုရားလောင်းစိတ်ဓါတ်နဲ့လူတွေ ထွက်လာကြပါအုံးဗျို့။
ပွဲစားများအဖွဲ့ချုပ် MOEAF ကဆရာတွေကလည်း
အလုပ်သမားခေါ်စာတွေအတွက် ထောက်ခံစာေ
ပး လို့ ပိုက်ဆံတွေယူခဲ့ကြပါတယ်နှော်။ အလုပ်သမားသံအရာရှိရုံးမှာတော့ ငွေမပေးရဘူးလို့စာကပ်ထားပေမယ့် တကယ်ပေးရ၊ မပေးရ အေဂျင်စီတိုင်းသိကြပါတယ်ဗျာ။
ပး လို့ ပိုက်ဆံတွေယူခဲ့ကြပါတယ်နှော်။ အလုပ်သမားသံအရာရှိရုံးမှာတော့ ငွေမပေးရဘူးလို့စာကပ်ထားပေမယ့် တကယ်ပေးရ၊ မပေးရ အေဂျင်စီတိုင်းသိကြပါတယ်ဗျာ။
အလုပ်သမားတွေစေလွှတ်တဲ့အခါ မြ၀တီ ကျောက်လုံးကြီးမှာ၊
၆၅ဘတ်+စမတ်ကဒ်ဖို့ ကျပ်ငွေ ၃၀၀၀ ကျပ်စီ စားထားဝါးထားခဲ့ကြတာဘယ်သူတွေလဲ။
အလည၊ MOEAFနဲ့ အလုပ်သမားသံအရာရှိတွေ မျိုးမျိုးမြက်မြက်ယူထားလိုက်ကြတဲ့
အလုပ်သမားတွေ အခုပြန်လာကြရပြီ။ ဘယ်သူတွေတာဝန်ယူကြမလဲ။ NLD အစိုးရ၊ ဘာမှသိပုံမပေါ်လို့
ကာလတာရှည် မတရား စားလာဝါးလာတာတွေကို ထမင်းရည်လျှာပူလွှဲနေမှာစိုးလို့ အမုန်းခံတင်ပြရတာပါ။
အခု ပြန်လာနေကြတဲ့ အလုပ်သမားတွေထဲက MOU အလုပ်သမားတွေနဲ့
ထပ်မံလာကြအုံးမှာဖြစ်တဲ့ MOU အလုပ်သမားတွေကို တာဝန်ယူမှုမလုပ်ပဲ ဆက်လက်ပြီး မသိချင်ယောင်ဆောင်နေကြအုံးမယ်ဆိုရင်

သို့မဟုတ်ပါက အကျင့်ပျက်တွေကို မပြင်ဆင်ခဲ့ပဲ
လူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလက် ထက် သို့ ယူဆောင်လာခဲ့ပြီး၊ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဖေါက်မြဲ၊
ဖေါက်ပြန်မြဲ ပြုလုပ်နေကြမှာဖြစ်တာကြောင့် အခြေခံလူတန်းစားထိခိုက်နစ်နာမှုများအတွက်
တိကျမှန်ကန်စွာ အရေးယူနိုင်ကြပါစေ။

မှတ်ချက်။ ။ NLD အစိုးရအနေနဲ့၊ ပွဲစားနဲ့ အကျင့်ပျက်ဝန်ထမ်းတွေ
ပူးပေါင်းစီးပွားရှာတဲ့ MOU စနစ်ကိုလုံးဝဖျက်သိမ်းပြီး၊ ရပ်ကျေး+အ.လ.ည+ဘဏ်= MOU စနစ်ကို
အကောင်အထည်ဖေါ်ကြည့်ပါလားလို့ လေးစားစွာနဲ့ ထပ်မံပြီးအကြံပြုလိုပါတယ်။ အလုပ်သမားလူတန်းစားနဲ့တိုင်းပြည်ဂုဏ်သိက္ခာအတွက်ပါဗျာ။
ရွှေလုပ်သား