08 July 2013

“ကြက်သားထုတ်လုပ်သည့်အလုပ်ရုံ ထိုင်းနှင့်မြန်မာအလုပ်သမားအာဏာပိုင်များဖြေရှင်း”


         ဇူလိုင် ၈   မြတ်ညို (အလွတ်သတင်းထောက်)
  ဘန်ကောက်မြို့အနီး လုဘူရီ ဖက်ချပွန်မြို့နယ် နံမလိုင် ရပ်ကွက်တွင်ရှိသော SAHA  FARMS ကြက်သားစက်ရုံ မြန်မာအခေါ်(ပက်ပက် နှင့်   ကောက်ကောက်) ကြက်သား အလုပ်ရုံ၂ရုံတွင် လုပ်ခ လစာ၃လကြာမရပဲ ဖြစ်နေကြသည့် ထောင် ချီရှိသည့် မြန်မာအလုပ် သမားများ ပြဿနာအား   မြန်မာနှင့်ထိုင်း အလုပ်သမားအာဏာ ပိုင်များက သွားရောက် ဖြေရှင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင် ထောင်ချီရှိသည့် မြန်မာအလုပ်သမားများ အား အလုပ်ရုံမှ မေလ ကတည်းက လုပ် အားခရှင်မပေးသဖြင့်အလုပ်သမားများမှာစားရေးအခက်အခဲကြုံနေရကြောင်းနှင့်ပတ်စပို့လုပ်ရန် ငွေများဖြတ်
 တောက်ပြီး ဖြစ်သော်လည်း ယနေ့တိုင် ပတ်စပို့လုပ်မပေးသေးကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT သို့ သတင်းပို့ အကူညီတောင်းခံခဲ့သည်။
          ထို့နောက် ဇွန်လ ၁၄ ရက်နေ့တွင်မေလအတွက် လုပ်အားခထဲမှ ၂၅ ရာခိုင်နုန်းကို ထုတ်ပေးခဲ့ သည်။ အလုပ်သမားများ မှာ အနီးအနား တောတောင်များထဲမှ ဟင်းသီး ဟင်းရွက်များကိုရှာဖွေစားသောက်နေကြ ရ သည်ဟု အလုပ်သမားများကပြောသည်။ အချို့မှာမူ နေရပ်ရင်းနှင့် မိတ်ဆွေများထံမှ ငွေများချေးယူ လျှက် အသက်ဆက် စားသောက် နေရကြောင်းသိရှိရသည်။

            ထို့ကြောင့် မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းအလုပ်သမားဝန်ကြီး
ဌာနမှ အရာရှိတို့သည် ဇူလိုင်လ ၆ ရက်နေ့က အဆိုပါ အလုပ်ရုံသို့ သွားရောက်ခဲ့ကြပြီး အလုပ်ရုံမှ တာဝန်
ရှိသူများ၊ အလုပ်သမား ကိုယ်စားလှယ်များ ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ညွန်ကြားရေးမှူးက
ပြောသည်။
  ဦးနိုင်ထွန်း က “ ၅လပိုင်းလစာကို ဇူလိုင်လ ၁၅ရက်နေ့မှာအပြီးပေးမယ်။ ၆လပိုင်းလစာကို ဇူလိုင်လကုန်
မှာ အပြီးပေးမယ်။ ပြီးရင် အလုပ် ၂လနားမယ်။ နစ်နာကြေးအဖြစ် လစာရဲ့ ၇၅ ရာခိုင်နုန်းပေးမယ်။ ၉လပိုင်း စက်ရုံပြန်ဖွင့်တဲ့အခါ အလုပ်သမားတွေ အလုပ်ပြန်ဝင်လို့ရပါမယ်။ ဒီကြားထဲမှာ အလုပ်သမားတွေအခြား အလုပ်ရုံတွေကို ပြောင်းပြီးတော့မှ လုပ်မယ်ဆိုရင်လည်း ပတ်စပို့တွေ ပြန်ထုတ်ပေးတယ်။ သတ်မှတ်ရက်မှာ ပိတ်ဆံတွေ ထုတ်မပေးရင် သံရုံးကို ဖုန်းဆက်ပါလို့ပြောခဲ့တယ်။ ဒီကြားထဲမှာ ဆူဆူပူပူလုပ်ရင် ကိယ့်ဘက်
က အမှားဖြစ်မယ် ဆိုပြီး အလုပ်သမားတွေကို မှာခဲ့ပါတယ်” ဟုပြောသည်။
          ကြက်သားစက်ရုံပိုင်ရှင်မှာ အလုပ်သမာမျးားအပေါ်တွင် ထုံးစံအတိုင်း ဆက်လက်၍ မထီမဲ့မြင့် ပြုမူ ရန် ဆန္ဒရှိနေခဲ့သော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ကျဟာငန်းနှင့်ဆ၀ါဒီကန် တို့အပြင် ဒေသခံရဲ အရာရှိကြီးများပါ ပါလာခဲ့သဖြင့်အခြေအနေမှန်ကိုသိရှိသွားသဖြင့်အလုပ်သမားများအားလုပ်အားခများ ထုတ်ပေး ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား ညွန်ကြားရေးမှူး က မှတ်ချက်ပြုသည်။
        ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီ၍  နိုင်ငံတကာအိုင်အင်ဂျီအိုအဖွဲ့များ၊ ထိုင်းနှင့်မြန်မာအင်ဂျီအိုအဖွဲ့များ အလုပ်သမား အရေးဆောင်ရွက်သည်ဟူသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလုပ်သမားအဖွဲ့အစည်းငယ်ပေါင်း အမြောက်အများရှိကြသော်လည်းထိုင်းလုပ်ငန်းရှင်များက မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင်
 နှိပ်ကွပ်  နေသည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကိုမူ ပြုပြင်ပြောင်းလဲနိုင်အောင်ထိ လုပ်နိုင် စွမ်း မရှိကြသည်ကို တွေ့ရှိရကြောင်း MAT အဖွဲ့ကပြောသည်။