20 July 2013

“အင်ဒိုနီးရှားငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့်မြန်မာ၁၆ဦးအား ကယ်တင်”


ဇူလိုင် ၂၀
မြတ်ညို(အလွတ်သတင်းထောက်)
            ထိုင်းနိုင်ငံ မဟာချိုင်မှ အင်ဒိုနီးရှာရေပိုင် နက်တွင် နှစ်ချီကြာအောင် ငါးဖမ်းသော ငါးဖမ်းလှေ ၆စီးပေါ်မှမြန်မာအလုပ်သမား၁၆ဦးအားလူကုန်ကူး မှု ပူးပေါင်းအဖွဲ့တို့ကယနေ့ကယ်တင်နိုင်လိုက်သည်။ အင်ဒိုနီးရှားငါးဖမ်းလှေများပေါ်တွင် ရောင်းစားခံနေ ရကြောင်းမိသားစုများကပြီးခဲ့ သည့် မေလဆန်း ကတည်းက ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATသို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်ငါးဖမ်းလှေများပေါ် မှ မြန်မာအလုပ်သမားများအား ဖုန်းဆက်သွယ် မရရှိခဲ့သဖြင့် ကူညီနိုင်ခြင်း မရှိခဲ့ပါ။

        ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီ မြို့နယ်၊ ကော့ဖငန်း ကျွန်းအနီးတွင် ငါး
ဖမ်းလှေများ ဆိုက်ကပ်ထားကြောင်း ရောင်းစားခံထားရသည့် အလုပ်သမားများ၏ မိသားစုများက MAT အဖွဲ့သို့အကြောင်းကြားလာခဲ့ပါသည်။
           လိုအပ်သည့်အချက်အလက်များအား ငါးဖမ်းလှေမှအလုပ်သမားများထံမှ ရယူခဲ့ပြီး ဖုန်းကယ်မရာ
များဖြင့်လှေနံပါတ်များကို MAT အဖွဲ့သို့ပေးပို့စေခဲ့ပါသည်။
ထို့နောက်ဇူလိုင်လ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP နှင့် ထိုင်းအစိုးရ
လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ DSI သို့ အချက်အလက်များ ကိုပေးပို့ခဲ့ခြင်း
ဖြစ်သည်။ ထို့နောက် ပူးပေါင်းဆောင်ရွက်သည့် မြန်မာသံရုံးအလုပ်သမားညွန်ကြားရေးမှူးနှင့် ထိုင်းတောင် ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED တို့ဖြင့်ညှိနှိုင်းလျှက် အကောင်အထည်ဖေါ်ခဲ့ကြ
ခြင်းဖြစ်သည်။
           ငါးဖမ်းလှေပေါ်တွင် ၁နှစ်နှင့်၆လကြာ အလုပ်လုပ်နေခဲ့ရသည့် အောင်ကိုကို ဆိုသည့် အသက် ၂၀ အရွယ်လူငယ် က“မြ၀တီက ပွဲစားက ကျနော်တို့ကို ၂လလုပ်ရင်စရိတ်ကြေပြီး ဆိုပြီး မြန်မာငွေ ငါးထောင် ကျပ်ပေးတယ်။ ကျနော်တို့လည်း အရက်သောက်ကြရင်း မူးပြီးလိုက်ပါလာတော့တယ်။ ဒီရောက်မှ ပြန်လမ်း မရှိတဲ့အင်ဒိုလှေပေါ်ကိုရောက်လာခဲ့တော့တယ်။ ခုလွတ်မြောက်လာတော့ အလွန်ပဲပျော်မိတယ်၊ ကူညီပေး ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

             MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာအလုပ် သမားေ တွ ရောင်း စားခံနေရတာပဲ။ ကျနော်တို့ကိုဆက် သွယ်ဖို့ လိုအပ်တဲ့အတွက် အထောက်အထားတွေ ရရှိဖို့ အတော်ကြိုးစားရပါတယ်။ ငါးဖမ်းလှေတွေက ဟာ ရာသီဥတု ဆိုးနေလို့ ကျွန်းနားကိုကပ်လာတာ။ ထိုင်းရေတပ်က ဖမ်းပေးတာ။ ကံကောင်းတယ် ဆိုရ မှာပေါ့လေ။ ထိုင်းငါးဖမ်းလှေေ တွပေါ်မှာ ရောင်း စား ခံနေရတဲ့သူတွေအားလုံးကို ဘယ်လိုကယ် ထုတ်နိုင်ကြမလဲ ဆိုတာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရတို့ စဉ်းစားပြင်ဆင်ဖို့ကောင်းပြီလို့ တိုက်တွန်းချင်ပါတယ်” ဟုပြောသည်။
               MAT အဖွဲ့သည် ၂၀၁၃ခုနှစ် ၇လတာကာလအတွင်း လူကုန်ကူးမှုနှိမ်နင်းခြင်း အကြိမ် ၃၀ အတွင်း ရောင်းစားခံထားရသည့် မြန်မာအလုပ်သမားပေါင်း ၁၇၃ ကို ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။