04 July 2013

“အင်ဒိုနီးရှားရေပိုင်နက်ထဲသို့ ၆နှစ်ကြာငါးဖမ်းရမည့် အလုပ်သမား၁၁ ဦးအား အချိန်မီကယ်တင်”






  ဇူလိုင်လ ၄    မင်းဘခက်
         ဘန်ကောက်မြို့တောင်ဘက်ပင်လယ်ဝအနီး တွင်ရှိသော မဲခေါင်တံတား ငါးဖမ်းလှေဆိပ်၌ရှိသောTASENA-346 နှင့် TASENA-141 ငါးဖမ်းလှေ များပေါ် မှ မြန်မာအလုပ်သမား၁၁ဦးအားယမန်နေ့  ညနေကပူးပေါင်းကူညီရေးအဖွဲ့များက အချိန်မီ ကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
 
           ကော့သောင်းမြို့မှ အသက် ၂၁ နှစ်အရွယ် ကိုထိန်လင်းဦး ဆိုသူ၏ မိခင် က  ဒေသခံ မြန်မာသတင်းထောက်တစ်ဦးထံမှ တစ်ဆင့်  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က အကြောင်းကြားလာခဲ့ပါသည်။    MAT အဖွဲ့က ကိုထိန်လင်းဦး ကို ဆက်သွယ်လျှက် လိုအပ်သည့် အချက်အလက်များကို စုဆောင်းခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ နံနက် ၅နာရီတွင် ကယ်ထုတ်ရေးအစီအစဉ်များကို စတင်ခဲ့ကြသည်။    ကိုထင်လင်းဦးနှင့် ဦးလေးတော်စပ်သူ တစ်ဦး၏ အကူညီဖြင့် ကိုထိန်လင်းဦးကို ဆယ်ကယ်ဖြင့် ခိုးထုတ်ပြီး နောက် ကားနှင့်ပြောင်းလဲကာ MAT အဖွဲ့ က ဘန်ကောက်မြို့ ကို  ပြန်လာခဲ့သည်။

     ထို့နောက် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD တွင် အမှုဖွင့် တိုင်ကြားပြီး အဆိုပါ ငါးဖမ်းလှေဆိပ်သို့ သွားရောက် ကယ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ အင်ဒိုလှေ ၂စီးမှာ လုပ်ငန်းရှင်နေထိုင်ရာ အိမ်ကြီး၏  နောက်ဘက်တွင် ဆိုက်ကပ်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှာ ထိုင်းဥပဒေကြောင်းအရ ၀င်ရောက်
မစီနင်းနိုင်ဖြစ်နေခဲ့သည်။
         သို့ရာတွင် လူကုန်ကူးမှုပူးပေါင်းအဖွဲ့နှင့် AHTD တို့ညှိနှိုင်းကြပြီး လုပ်ငန်းရှင် အားခေါ်ယူကာ
လိုက်လိုသူလိုက်စေလျှက်၊ ကျန်လိုသူများ ကျန်နေ ခဲ့ရန် သဘောတူညီမှုရယူခဲ့ကြသည်။
ကိုထိန်းလင်းဦး က“ ကျနော်တို့ ကော့သောင်း က လူတွေ နဲ့ ရခိုင်တွေက ရေလုပ်ငန်း ကျွမ်းကျင် တယ်လေ၊ ပွဲစားတွေက ၃လပဲကြာမယ်၊ လခကောင်းတယ်ဆိုပြီး လိုက်လာကြတာ၊ ဒီရောက်တော့ ၆နှစ်လှေဖြစ် နေတယ်၊ ကျနော်တို့ သေမယ်ရှင်မယ်မသိဖြစ်သွားမယ်၊ ဒါကြောင့် ကျနော်တို့ အကူညီတောင်းခံ လိုက်ရတာပါ” ဟုပြောသည်။
     ငါးဖမ်းစက်လှေ ၂စီးပေါ်တွင် မြန်မာအလုပ်သမားပေါင်း ၃၈ ဦး ရှိသော်လည်း ထိုင်းလုပ်ငန်းရှင်၏ လူယုံ မွန်အလုပ်သမား တစ်ဦးက ပူးပေါင်း ကယ်တင်သူများကို လာရောက်ဖမ်းဆီးသူများဖြစ် သဖြင့်ေ ထာင်ချခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုစည်းရုံးသဖြင့် ကျန်အလုပ်သမားများမှာ နားယောင်လျှက် ကျန်နေခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့စိတ်မကောင်းဆုံးက မြန်မာပွဲစားအမျိုးသမီး၂ဦးနဲ့
ထိုင်းပွဲစား၂ဦး တို့ကို ရှိနေလျှက် မဖမ်းဆီးတာကိုပါပဲ။ လုပ်ငန်းရှင်တွေကို အရေးယူဖို့ဆိုတာ ဝေးရော။
ဘယ်ကလာပြီး လူကုန်ကူးမှုက လျှော့သွားမလဲ။ လူကုန်ကူးနေတဲ့ ယန္တယားကို ဘာမှ အထိအခိုက်မရှိတာ။
လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားတဲ့ အလုပ်သမားတွေဆိုလည်း အမည်ခံကယ်ဆယ်ရေးစခန်းထဲမှာ လပေါင်းများ
ဟွာ ကြာတတ်တော့ ခု ကယ်တင်မိတဲ့လူဟူသမျှကို ကျနော်တို့က အမြန်ပြန်ပို့နိုင်ရင် ပြီးတော့ ဆိုပြီး လုပ်နေရတယ်” ဟုပြောသည်။
               အမှန်က ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ နိုင်ငံတကာ ငွေကြေးအကူညီတွေ အများကြီးရယူထားတဲ့ ထိုင်းအင်ဂျီအိုတွေ အင်တိုက်အားတိုက်လုပ်သင့်တယ်။ ဒါ့အပြင် မြန်မာအစိုးရ
အနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်နိုင်တဲ့ အခွင့်အာဏာရှိသူတစ်ဦး မြန်မာသံရုံးမှာရှိသင့်တယ်၊
ဒီလိုမှ မဟုတ်ရင် ထိုင်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် အောင်မြင်နိုင်စရာမမြင်ဘူး။ ခုUNIAP
တို့ ထိုင်းအင်ဂျီအိုတို့လုပ်နေတာက လူကုန်ကူးမှု သတင်းအချက်အလက်ကို စုဆောင်း၊ ဘာသာပြန်ပေး
Report ရေး၊ နိုင်ငံတကာ သိအောင်တင်ပြ၊ ဒီအဆင့်ထက်ကျော်ပြီး လုပ်တာမတွေ့ရဘူး။ ဟု ဦးကျော်
သောင်း ကဆက်လက်ပြောဆိုသည်။
 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့်ပူးပေါင်းအဖွဲ့(မြန်မာအလုပ်သမားညွှန်ကြားရေးမှူး၊ ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့် MAT) တို့သည် ၂၀၁၃ ခု နှစ် အတွင်း လူကုန်ကူးမှုနှိမ်နင်းခြင်း ၂၇ ကြိမ်အတွင်း လူကုန်ကူးခံရသူ မြန်မာအလုပ်သမားပေါင်း ၂၇ကြိမ် အတွင်း ရောင်းစားခံနေရသည့် မြန်မာအလုပ်သမားပေါင်း ၁၃၈ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း MAT အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။