02 February 2018

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို ဓာတ်ဆီပုလင်းမီးရှို့ ပစ်သွင်းသူဟာ စိတ်ဝေဒနာရှင်ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဟုဆို


2 February 2018 




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ဓာတ်ဆီပုလင်းမီးရှို့ပြီး ပစ်သွင်းခဲ့သူကို မြန်မာပလာဇာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြောက်ဒဂုံမြို့နယ်ရဲစခန်းက သိရပါတယ်။
ဖေဖော်ဝါရီလ (၂)ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ ဦးဝင်းနိုင်ဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၅၁)ရပ်ကွက်နေသူဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေထွက်ပေါ်ချက်တွေအရ ပြစ်မှုကျူးလွန်သူဟာ စိတ်ကျန်းမာရေးဝေဒနာရှင် ဟုတ်၊ မဟုတ်ကို မေးမြန်းရာမှာတော့ စစ်ဆေးနေဆဲဖြစ်တာကြောင့် အတည်ပြုပြောကြားနိုင်ခြင်းမရှိသေး ဘူးလို့ မြောက်ဒဂုံမြို့နယ်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာလည်း ဦးဝင်းနိုင်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မျိုးမင်း (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
ခြံအမှတ်​(၅၄)အားဓါတ်ဆီပုလင်းနဲ့ပစ်ပေါက်တဲ့လုပ်ရပ် လုပ်သူကိုဝင်းနိင် ကုလား
မဟုတ် ဗမာမဟုတ်တဲ့သူက ခုတော့မိပါပြီ နေတာက ဒဂုံမြေ
ာက် မြကျွန်းသာပန်းခြံနေ့စားလုံခြုံရေး မိသားစုရှိ ခုထိစစ်နေပါ
သည်။