07 December 2017

“ဒေါ်လာသိန်းချီဆုံးရှုံးမည့်အရေး ဥပဒေပညာရှင်များအကူညီဖြင့်ပြန်ရ”

                     
 ၂၀၁၇  ဒီဇင်ဘာ ၇
ရွှေလုပ်သား

            ဒေါ်လာသိန်းချီ၍ ဆုံးရှုံးနစ်နာနိုင်ဖွယ်ဖြစ်ခဲ့ရသော မြန်မာ ကုမ္ပဏီတစ်ခုအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ ၏ ကူညီဆောင်ရွက်မှုဖြင့် ပြန်လည်ရရှိတော့မည်ဖြစ်သည်။


          ပြည်ထောင်စုမြန်မာနိုင်ငံတော် မန္တလေးမြို့မှ Royal New Generation Co.Ltd သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ Agrigo Asia Co.Ltd  ထံမှ သကြားတစ်တန်လျှင် ၃၈၅ ဒေါ်လာနုန်းဖြင့်သကြားတန်ချိန် ၂၀၀၀ ၀ယ်ယူတင်သွင်းရန် ၁၄.၇.၂၀၁၇ နေ့က ငွေအပေးယူလုပ်ခဲ့ကြပါသည်။

           ထိုင်းကုမ္ပဏီက မန္တလေး ကုမ္ပဏီသို့ သကြားတန်ချိန် ၁၀၁၀ ပို့ဆောင်ပေးပြီးနောက်ထပ် မပို့ပေးတော့ပေ။ သို့ဖြစ်၍ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ထံသို့  အကူ ညီတောင်းခံလာခဲ့ပါသည်။

           MAT အဖွဲ့၏ အကြံပေးနာယက မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က ထိုင်းရှေ့နေများနှင့် ပူးပေါင်း၍  တစ်နှစ်နီးပါး ဆောင်ရွက်ပေးခဲ့မှုကြောင့် ထိုင်းနိုင်ငံစီးပွားရေးတရားရုံးတွင် တရားစွဲဆိုအမှုအမှတ် ၁၄၀/၂၅၅၉ အား ယမန်နေ့က ဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ပါသည်။ 

မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က“သကြားဖိုးကျန်နေငွေက ၃၈၆,၇၁၉.၂၀ ဒေါ်လာဖြစ်ပါတယ်။ တရားရုံးက အတိုးပါ အရင်းပါ ၄၀၇,၆၈၉.၉၈ ဒေါ်လာ  ပေးချေရမယ်လို့ အမိန့်ချမှတ်ပါတယ်။ ရက်ပေါင်း ၃၀ အတွင်း တရား ရုံးကိုလာပြီး ဒီငွေတွေကိုပေးရမယ်။ အကယ်၍ ၃၀ အတွင်းမှာ လာမပေးလျှင် အဲဒီကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ သိမ်း ဆည်းရောင်းချပြီးပေးရမှာဖြစ်ပါတယ်” ဟုပြောသည်။

           ထိုင်းနှင့်မြန်မာနိုင်ငံ လုပ်ငန်းရှင်တို့သည် ဆယ်စုနှစ်နှင့်ချီ၍ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ဆောင်ရွက် နေခဲ့ကြရာ။ ထိုင်းလုပ်ငန်းရှင်မှ ဥပဒေချိုးဖေါက်အလွဲသုံးစားလိမ်လည်မှုများရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံဘက်လုပ်ငန်းများ ရှင်များဘက်မှ ချိုးဖေါက်မှုကြောင့် တရားရင်ဆိုင်နေကြရသည့်အမှုဖြစ်စဉ်များရှိနေဆဲဖြစ်ပါသည်။ သို့ဖြစ်၍  နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသူများအနေဖြင့် ထိုင်းနှင့်မြန်မာရှေ့နေရှေ့ရပ်များဖြင့် တိုင်ပင်၍ လုပ်ကိုင်ဆောင် ရွက်သင့်ကြောင်း ရှေ့နေကြီး ဦးအောင်မျိုးသန့် ကအကြံပြုပြောဆိုပါသည်။