27 October 2017

မောင်တောမြို့နယ် သစ်တုံးနားခွဆုံကျေးရွာအုပ်စုတွင် နေအိမ် ၈၆ လုံး ပြန်လည်တည်ဆောက်ရန် ပန္နက်တင်



Image may contain: 1 person, standing, crowd and outdoor
 မြန်မာ့အလင်း   မောင်တော အောက်တိုဘာ ၂၆

               မောင်တောဒေသတွင် အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တိုင်းရင်းသားကျေးရွာများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ပေးလျက်ရှိရာ သစ်တုံးနားခွဆုံ ကျေးရွာအုပ်စုတွင် နေအိမ် ၈၆ လုံး တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝင်များ တက်ရောက်ကြသည်။


       အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဒေသခံမြိုတိုင်းရင်း သားများနှင့် တွေ့ဆုံကာ တိုင်းရင်းသားများအနေဖြင့် အရေးကြီးလျှင် သွေးနီးရန်နှင့် စည်းလုံးညီညွတ်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကို အကူအညီေ ပးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း အစိုးရ၏ လုပ်ဆောင် ချက်များကို ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးကြောင်းပြောကြားသည်။

      ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ပြန်လည် ထူထောင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင် ရာထောက်ပံ့ရေး၊ ဒေသဖွံ့ဖြိုးရေး စသည်တို့ကို နိုင်ငံတော်အစိုးရကဆောင်ရွက်ပေး လျက်ရှိကြောင်း၊ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ်ပေါ်လာအောင် ပြည်နယ်နှင့် တိုင်းေ ဒသကြီးအသီးသီးမှ လာရောက် ကူညီကြမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို ဖော်ပြနေ ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အ¸ဝင် များသည် တိုင်းရင်းသား နေအိမ်များ တည်ဆောက်မည့်မြေနေရာတွင် ပန္နက် တိုင်များ အသီးသီးစိုက်ထူပေးကြ သည်။


    သစ်တုံးနားခွဆုံ ကျေးရွာအုပ်စု တွင် ခရုချောင်း၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်း(အောက်)မြိုတိုင်းရင်းသားကျေးရွာများစုစည်းကာ ပြန်လည်နေရာချထား ပေးခြင်းဖြစ်ပြီး အိမ်ရာ ၈၆ လုံးအား တစ်ကွက်လျှင် ပေ(၄ဝx၆ဝ) အကျယ်တွင် တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။


       ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကြိမ်ချောင်း ကျေးရွာရှိ ရွာမကျောင်း တိုက်ဆရာတော်နှင့် သခင်ယေရှု ခရစ် အသင်းတော်မှ သင်းအုပ်ဆရာတော်တို့အား အလှူငွေများပေးအပ် လှူဒါန်းခဲ့သည်။ 


နိုင်လင်းကြည်
သန့်ဇင်ဝင်း

LikeShow more reactions
Comment