13 April 2014

“ရခိုင်တမ်းခြင်း”



                                                  

“ရခိုင်သားရို့အိပ်မနိန်ကြကေ့ နိုးနိုးကြားကြားဟိန့်ကြပါလေ..ရန်သူတိက၀ိုင်းနိန်ကြတေ ဒေနိန့် နက်ဖြန်   ပြောမရဗျယ်လေ…ငါရို့မှာဆိုပါကေ…အားကိုးအားထားမိဘ မရှိ ပါလေ..ကိုယ့်ပြည်ကိုရွာစွန့်ခွာပြီးကေ လုံးဝမလားကေ့လေ…. အမြင်တိုင်းဆိုကေလေး…. ရခိုင်သားဆိုကေ အကြောက်တရားကိုဘေးဖယ် ပြီးကေ….ဒေမြီကြီးကိုအဆုံးမခံနိုင်လေ……………”
           ရခိုင်ဒေသမှာ ဒီလို သင်္ကြန်အကြိုနေ့မှာ ဘုရားရေသပ္ပါယ်ဖို့ တစ်ရွာ လုံး နံ့သာသွေးကြတယ်။ လူပျိုတွေက တီးမှုတ်ကခုန်ပြီးတော့ တစ်ရွာလုံကို နံ့သာရေခံကြတယ်။ ညနေ၄နာရီလောက်မှာ ရွာဦးကျောင်းမှာရှိတဲ့ ဘုရား ဆင်းတုတော်တွေရော တောင်ထိပ်တွေမှာရှိတဲ့ ဘုရားဆင်းတုတော်တွေကိုပါ အပျိုလူပျိုတွေက ရေသပ္ပါယ်ကြပါတယ်။
            
      သင်္ကြန်ကာလ ရခိုင်ဒေသမှာ မြို့ရွာတွေမှာ   ရေပက်မဏ္ဍပ်တွေနဲ့   လောင်းလှေတွေမှာရေအပြည့်   ဖြည့် ပြီးတော့ ရေလောင်းကြတာ ပါ။ အရပ်ရပ်အနယ်နယ် လှည့်လည်   ရေကစားကြတဲ့ ရခိုင်လူပျိုအပျိုတွေ ကို ဒေသ ခံ အပျိုလူပျိုတွေက ထမင်း ဟင်း၊ မုန့်ပဲသွားရေစာတွေနဲ့တပျော်တပါး တည်ခင်းဧည့်ခံကြပါတယ်။ ရခိုင် ရိုးရာအကတွေအပြင်၊ ရခိုင်ရိုးရာသံချပ်၊ ကျင်ပွဲနဲ့ ဘောလုံးပြိုင်ပွဲတွေလည်း ကျင်းပကြတာကြောင့်  သင်္ကြန်ကာလဟာ ရခိုင်တပြည်နယ်လုံး၊ ရွာတိုင်းရွာ တိုင်း ပွဲလမ်းသဘင်ဖြစ်ပြီး ပျော်ရွှင်ကြည်နူးနေတတ်ကြပါတယ်။  သင်္ကြန် သုံးလေးရက်မှာ အေးချမ်းစွာနေနိုင်ရေးအတွက် အစားအစာအခြောက်အခြမ်း   တွေကို အိမ်တိုင်းမှာ ၀ယ်ယူထားရှိတတ်ကြပါတယ်။
          ရေးပက်မဏ္ဍပ်၊ ကျင်ပွဲ၊ ဘောလုံးပွဲ၊သံချပ်၊ အက စသည်ဖြင့် အမျိုးမျိုး   သောအစီအစဉ်များ ကြောင့်   တစ်ရွာလုံး  ခလေးလူကြီး အလုပ်ကိုယ်စီနဲ့   ဖြစ်နေတတ်ကြပါတယ်။ ချစ်စရာဓလေ့တစ်ခုကတော့ သင်္ကြန်ကာလ အတွင်းမှာ သူ့အိမ်ကိုယ့်အိမ်မခွဲခြားကြတော့ပဲ အိမ်တိုင်းမှာ ထမင်းနဲ့စားစရာ အမြဲတမ်းရှိနေပါတယ်။ ထူးဆန်းတဲ့ ဓလေ့တစ်ခုကတော့ အကြောင်းအရာ တစ်ခုခုကြောင့် အခေါ်အပြောမလုပ်ပဲနေခဲ့ကြ သူတွေဟာ သင်္ကြန်ကာလမှာ   ရေလောင်းပြီးတော့ နှစ်သစ်ကိုမယူဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အ လှန် တောင်းပန်ကျေအေးတတ်ကြပါတယ်။
           အပျိုလူပျိုချင်း စကားပြောခွင့် နီးနီးနားနားနေခွင့်ရတဲ့ သင်္ကြန်ကာလ ဆိုတာ လူငယ်တွေအတွက် ချစ်ခွင့်ပန်ဆင်ခွင့်ရတဲ့အထူးအခွင့်သာတဲ့အချိန် လည်းဖြစ်ပါတယ်။ ရေပက်ရင်း ချစ်စကားသီကုံးခွင့်ရရှိတတ်ကြတာကြောင့် လူပျိုအပျိုတွေဟာ အခြားလူတွေထက် ပိုမိုရွှင်လန်း တက်ကြွနေတဲ့အခါသမယ လည်းဖြစ်ပါတယ်။ ဒီအခွင့်အရေးမျိုးကိုအခြားဘယ်အချိန်မှာမှ ရခိုင်အပျို လူပျို   တွေမရတတ်ကြပါဘူး။
           သင်္ကြန်သုံးရက် ကျင်ကိုင်၊ ဘောလုံးကန်ကြပြီး သင်္ကြန်အပျံနေ့မှာ ဗိုလ်လုပွဲကျင်းပကြတယ်။ ပြီးရင်နှစ်ဆန်းတစ်ရက်နေ့မှာ မိဘဆရာကန်တော့ ကြတယ်။ အပျိုလူပျိုနဲ့ကလေးသူငယ်တွေဟာ ရွာဦးကျောင်း ဆရာတော်ကို ဆရာကန်တော့ပြီးတော့ ရွာထဲမှာ သက်ကြီးရွယ်အို တစ်ဦးမကျန်ကို တစ်အိမ် တက်ဆင်း ကန်တော့ကြပါတယ်။
      
           သင်္ကြန်အပျံနေ့မှာ ဘောလုံးပွဲပထမဆုရတဲ့အသင်းနဲ့ ဒုတိယရတဲ့ အသင်းတို့ဟာ ဒိုးပတ်ဝိုင်းနဲ့ ရွာကို လှည့်ပြီး ဆုငွေတွေ အလှူခံကြပါတယ်။ သံချပ်တွေတပျော်တပါး သံပြိုင်ဆိုပြီး ၀ိုင်းဖွဲ့ ကခုန်ကြတာ ညဥ့်နက်တဲ့အထိ ပါပဲ။ တရွာလုံးက စေတနာထား လှူကြတဲ့ဆုငွေတွေကိုလည်း ကျောင်းကန် ဘုရားတွေမှာ အဓိပ္ပယ်ရှိရှိ အသုံးပြုတတ်ကြပါတယ်။
         လူအိုသင်္ကြန်နေ့လို့ သတ်မှတ်ကြတဲ့ သင်္ကြန်အပျံနေ့နဲ့ နှစ်ဆန်း တစ် ရက်နေ့တွေမှာ အိုးမဲသုတ် ကြတာ တရွာလုံးပြေးကြလိုက်ကြနဲ့ ပွက်လောထ ၊  အော်ဟစ်ဆူညံနေကြတာပဲ။ သင်္ကြန်ကာလ ရခိုင်မှာ အမ်းမြို့နယ်က တန်းတင်ဘုရားပွဲ၊ရမ်းဗြဲမြို့နယ်ကနားမွေးတော်ဘုရားပွဲ၊ကျောက်ဖြူမြို့နယ်က
 ကျောက်တစ်လုံးနဲ့ ကန့်ကော်တော ဘုရားပွဲတို့ဆိုတာ ရခိုင်တပြည်လုံးက လာရောက်ဖူးမျှော်ကြတဲ့ထူးထင်ရှားတဲ့ နှစ်သစ်ကူးဘုရားပွဲတွေဖြစ်ကြပါတယ်။
       
  ခုတော့ ဒီမြင်ကွင်းတွေနဲ့ဝေကွာခဲ့တာ ဆယ်စုနှစ်ကျော်ခဲ့ပြီ၊ မွေးရပ် ရခိုင်မြေ ကိုလည်းမပြန်နိုင်သေးဘူး။ ပြန်တဲ့တစ်နေ့မှာ ဒီမြင်ကွင်းတွေ ရှိပါအုံးမလား။ ဒီဓလေ့တွေထွန်းကားပါအုံးမလား။ရခိုင်ပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း   နဲ့ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ ထိုင်းနဲ့ မလေးရှားကို ရောက်ကုန်ကြပြီ။ အချို့ ရွာတွေမှာ နို့သောက်နဲ့ တုတ်ထောက်သာရှိပြီးလို့လည်း ၀ိုးတ၀ါးကြား ရပြန်တယ်။  
        သင်္ကြန်သုံးရက်မှာ ရခိုင်တပြည် လုံးသောက်ကြတဲ့အရက်ဟာ မြန်မာ တစ်နိုင်ငံလုံးတစ်နှစ်သောက်နုန်းနဲ့ ညီမျှတယ်လို့  စား/ဖျော် အရာရှိ တစ်ဦးက ခရစ်သက္ကရာဇ်၂၀၀၀  ခုနှစ်လောက်ကရခိုင်တွေရဲ့ အရက်သောက်နုန်းကို မှတ်ချက်ပေးဖူးခဲ့တယ်။   
           ရခိုင်မြို့ရွာတွေက ရေပက်မဏ္ဍပ်ထဲမှာ ရေဖြည့်မယ့်လောင်းလှေတွေ
ခုတ်ထွင်းဖို့ ရခိုင်ရိုးမ တောင်မှာ သစ်ပင်တွေရှိသေးရဲ့လား။ ရခိုင်ပြည်မြောက် ပိုင်းကို ဘင်္ဂါလီတွေက၀ါးမြိုလို့ ဘယ်လောက် ကျန်နေသေးသလဲ။ ဘင်္ဂါလားေ ဒ့ခ်ျနိုင်ငံထဲကိုသွတ်သွင်းဖို့ကြံစည်သူကကြံစည်ခဲ့ပြီ။ ကျောက်ဖြူမြို့နားက
 မြဒေးကျွန်း ဆိုတာကို တရုတ်ကသိမ်းပြီး ဂက်စ်နဲ့ရေနံလက်ခံဖြန့်ဖြူးရေး ဆိပ်ကမ်းဖြစ်နေ ပြီ၊ ရခိုင်မြေပုံထဲက အခြားဘယ်နေရာတွေများ မျက်ခုံးလှုပ်   နေဦးမလဲ မတွေးရဲဘူး။

          ကျောက်ဖြူရန်ကုန်လမ်းဖေါက်ဖို့နဲ့ ရေတပ်ဆောက်ဖို့အတွက် ကျနော် တို့ပိုင်တဲ့ လယ်မြေတွေနဲ့ နေအိမ်တွေကိုလည်း စစ်အစိုးရက သိမ်းပိုက်ခဲ့ပြီ။  မိဘတွေလည်း ကွယ်လွန်ခဲ့ပြီ၊ စီးပွားရေး ဇုန်တွေနဲ့ ရေနက်ဆိပ်ကမ်းတွေနဲ့   ဖြစ်တော့မယ့် ရခိုင်ကို ကျနော်တို့ ပြန်တဲ့တစ်နေ့မှာ ရခိုင်ကို ၀င်ခွင့်ဗီဇာ လုပ်ရမလား၊ ရခိုင်မှာ နေထိုင်ခွင့်များ လုပ်ရအုံးမလား၊ ဧည့်စါရင်းတိုင်ပြီးနေရ မလား စိုးရိမ်မိတာတော့အမှန်ပဲ။ 
       ရခိုင်ပြည်ကြီး အေးချမ်းပါစေ။ သာယာအေးလေ သာစွလေ……………
                                                                           မောင်ပေါ်ထွန်း