14 April 2014

“ပရဟိတ၂၁ဖွဲ့စုပေါင်း၍ မဟာစည်တရားစခန်းဖွင့်”



၂၀၁၄ ခု ဧပြီလ ၁၄ ရက် စောမောင်

           ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထပ်ဆိုင်ရပ်ကွက် ၀ပ်စီမိန် ထိုင်းဘုန်းတော်ကြီး ကျောင်းတွင် မဟာချိုင် မြို့နယ် အတွင်းမှ ပရဟိတအဖွဲ့ပေါင်း၂၁မှ စုပေါင်း၍ မဟာ စည်လုပ်အားပေးတရားစခန်းပွဲနှင့်ရဟန်းခံ၊သီလရှင်ဝတ်ပွဲကိုစည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့သည်။

တရားစခန်းကျင်းပပြုလုပ်သည့်အဖွဲ့ဝင် ကိုကျော်ကြီး က“ဒီနှစ်နဲ့ဆို   တရားစခန်းပွဲကျင်းပတာ သတ္တမ အကြိမ်ရှိပါပြီ။ ပြည်ပနိုင်ငံမှာလာရောက်အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေအားလုံး သင်္ကြန်တွင်ကာလ ရသမျှနားရက်ကလေးမှာ မိမိတို့ ဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်ကြစေရန်နှင့်
မြန်မာနိုင်ငံသားများအပေါ် ဘာသာရေးနှင့်ပက်သက်၍ များစွာချီးမြှောက်တော် မူတဲ့  ၀ပ်စီမိန်ကျောင်း ထိုင်ဆရာတော် ပခိုဆာခွန်လီဝပ်အာကျန်ယိုင် နဲ့ ပြည်တွင်း/ပြည်ပသာသနာပြု မြို့မယဉ်ငေး ဆရာတော် တို့နှစ်ပါး ပိုမိုရင်းနှီးစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်ပါတယ်” ဟု ပြောသည်။



အဆိုပါ ရဟန်းခံ၊သီလရှင်ဝတ်ပွဲ၌ မဟာချိုင်မြို့အနှံ့နေထိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား ရဟန်း ၉၆ပါးနှင့် သီလရှင်အပါး၁၁၆ပါးတို့သည် သာသနာဘောင်သို့ဝင်ရောက်ခဲ့ပြီး၊ မဟာစည် လုပ်အား 
ပေးတရားစခန်းပွဲသို့ အမျိုးသားယောဂီ ၉၆ဦးနှင့် အမျိုးသမီးယောဂီ၂၂၈ဦးတို့ ၀င်ရောက် ကျင့်ကြံ အားထုတ်ကြရာတရားစခန်းဝင်သူ ရဟန်း၊သီလရှင်များနှင့် အမျိုးသား၊ အမျိုးသမီး ယောဂီ စုစုပေါင်း ၅၃၆ဦး ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ  တရားစခန်းပွဲသို့ လာရောက်၍ ဝေယျာဝစ္စကုသိုလ်ယူသော မဟာချိုင်မြို့ ပင်လယ်အစားစာ များထုတ်လုပ်သော ယူနီကော့အလုပ်ရုံမှ ကိုဇော် က”သင်္ကြန်အချိန်ကာလမှာ ထိုင်းနိုင်ငံမှာ လာရောက်အ လုပ် လုပ်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ယခုလို ချစ်ခင်စည်းလုံးစွာနဲ့ အတူတကွ ကုသိုလ်ယူကြတဲ့ပွဲကို မြင်တွေ့ရတာ အရမ်းအေးငြိမ်းချမ်းပါတယ်” ဟု  ပြောဆိုခဲ့ပါသည်။

“ တစ်နေ့ ၁၀ နာရီမျှ  အင်မတန်အေးလှတဲ့ ရေခဲခန်းထဲမှာ ခြေထောက်တောင့်နေအောင် မတ်တပ်ရပ် ရှာဖွေလို့ရလာတဲ့ ချွေးနှဲစာတွေကိုလာရောက်လှူဒါန်းခွင့်ရတဲ့အတွက် ကျမစိတ်ထဲ မှာ ကြည်နူးပီတိဖြစ်ရ သလိုပွဲကျင်းပပေးတဲ့ ပရဟိတအဖွဲ့များအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု သိမ်ဆင်း ဆွမ်းခြောက်လာရောက် လောင်းလှူသူ ထိုင်းယူနီယမ်ပုဇွန်ရုံမှ  မနော်အဲက  ပြောဆိုသည်။

တရားစခန်းပွဲကို  ၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်နေ့မှ တန်ခူးလပြည်ကျော်၃ရက်နေ့အထိ ၅ရက် တိုင်တိုင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး၊  မြတ်ဗုဒ္ဓ၏ဝိပဿနာ အလုပ်ပေး တရားကျင့်စဉ်ကို  တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ကျောက်မော်ရပ်ရှိ မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာ၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏ ဟောကြားပြသပေးသည်ဟု သိရှိရပါသည်။