10 April 2014

“အလည်ဗီဇာဖြင့် ထိုင်းနှင့်မလေးရှားသို့ အလုပ်သမားတင်ပို့”



 မောင်ပေါ်ထွန်း | ၂၀၁၄ ခု ဧပြီလ ၉

     ပြည်ပသို့ အလုပ်သမားများတင် ပို့နေ သည့်   အေဂျင်စီပွဲစား အတော် များများတို့သည် သာမန်နို င်ငံကူး လက်မှတ် (ပတ်စပို့ ဗီဇာ) များဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့ နေကြကြောင်း ရန်ကုန် အခြေစိုက် အေဂျင်စီတစ်ခုမှဒါရိုက်တာတစ်ဦးက   ပြောသည်။
            ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတော်များများတို့သည် ပြည်ပအလုပ်သမားခေါ်စာ Demand Latter ရရှိခြင်း၊ အလုပ်သမားဝန်ကြီး ဌာန၏ တရားဝင်ခွင့်ပြုမိန့်နှင့် လိုအပ်သည့် သင်တန်းများ ပို့ရခြင်းများအပြင် အခြားအသေးစိတ်လိုအပ်ချက်အများအပြားတို့အား လုပ်ဆောင်ရလေ့ရှိသဖြင့် ဗီဇာ ပတ်စပို့  ပွဲစားများဖြင့် မြန်ဆန်သည့်နည်းလမ်းကို အသုံးပြုနေကြခြင်းဖြစ်   ကြောင်းသိရှိရသည်။


         အေဂျင်စီဒါရိုက်တာတစ်ဦးက“ပွဲစားကလည်းဆူလွယ်နပ်လွယ် ငွေရတဲ့အလုပ်၊ နိုင်ငံခြားကိုသွား ချင် တဲ့ အလုပ်သမားတွေကလည်း ဟိုဘက်နိုင် ငံတွေကို လွယ်လွယ်ကူကူ ရောက်သွားရင်ပြီးပြီ၊ လူတွေက ပတ်စပို့လုပ်ဖို့ ဗီဇာလုပ်ဖို့မတတ်ဘူးလေ၊ အေဂျင်စီတွေဆိုတော့ ဟိုဘက်မှာလည်း သူတို့ ကိုယ်စားလှယ် ပွဲစားတွေရှိနေတော့ ရောက်တာနဲ့ အလုပ်က၀င်လုပ်လို့ရ တယ်။ ၂လဗီဇာ ကုန်သွားတာနဲ့ အဲဒီ အလုပ် သမား ဟာ တရားဝင်နေထိုင် ခွင့်ကုန်ပြီးပေါ့။ ပြည်ပကိုရောက်နေတဲ့ မြန်မာတွေကို သက်ဆိုင်ရာ မြန်မာ သံရုံးက အလုပ်လုပ်ခွင့်စာအုပ်အဖြစ်ပြောင်းပေးနိုင်ရင်တစ်မျိုးလေ၊ ခုဟာ ကပွဲစားတွေချမ်းသာပြီး အလုပ် သမားတွေ ဒုက္ခရောက်ကြအုံးမှာပဲ” ဟုပြောသည်။ 
          မှတ်ပုံတင်နှင့်အိမ်ထောင်စုစါရင်းများပြသ၍ ရန်ကုန်၊ တာချီလိတ်နှင့် မြိတ်မြို့တို့တွင် သာမန်နိုင်ငံကူး လက်မှတ် (ပတ်စပို့)များထုတ်ပေး လျှက်ရှိကြ သည်။ သက်ဆိုင်ရာနိုင်ငံသို့ ၀င်ရောက်ခွင့် ဗီဇာလုပ်ရာတွင် ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများ(အိမ်+ရွှေ့ပြောင်းမရသည့်ပစ္စည်းများ)နှင့်လေယဉ်လက်


မှတ်တို့ကို ပူးတွဲ၍ တင်ပြရသည်။  ပတ်စပို့ဗီဇာပွဲစားများအားကျပ်ငွေတစ်သိန်းပေးချေလိုက်ပါက၊မည်သည့်
အထောက်  အထား မှမလိုပဲ တစ်ညအိပ်ကြာပြီးနောက်နေ့ တွင်ပြည်ဝင်ခွင့် ဗီဇာလွယ်ကူစွာရရှိကြောင်း ကိုယ်တိုင်လုပ်ဖူးသူများ ကဆိုသည်။
        
          ကော့သောင်းနယ်စပ်မှ မြန်မာအရာရှိတစ်ဦးက “အနီရောင် ပတ်စပို့နဲ့ ထိုင်း ဘက်ကို သွားလို့ရတယ် ဆိုပြီး အလုပ်သမားတွေလာနေကြတယ်။ ပွဲစားတွေ က အမြတ်သိန်းချီယူပြီး စာအုပ်လုပ်ပေးလိုက်တာ။ အလုပ်သမားတွေက စာအုပ်ရတာနဲ့ နိုင်ခြားသွားလို့ရတယ်လို့ ထင်နေကြတာ။ ဗီဇာမပါတော့ အဲဒီ စာအုပ် က အသက်မရှိဘူးလေ။ ဒါကို အလုပ်သမားတွေမသိကြဘူး။ ပြဲစားေ တြ  က မသိနားမလည္တဲ့ အလုပ္သမား
တွေကို လိမ်နေကြတယ်၊ ရန်ကုန်မြို့ ရန်ကင်းစင်တာနားက ပတ်စပို့ ထုတ်ပေးတဲ့ရုံးကို သွားကြည့် တစ်နေ့ တစ်နေ့ လူရာပေါင်းများစွာလုပ်နေကြတယ်” ဟုပြောသည်။

           ပြီးခဲ့သည့်လကထိုင်းနိုင်ငံတောင်ပိုင်းစူရတ်မြို့သို့ ငွေကြိုးကြာကုမ္ပဏီ အမည်ခံ၍ မြ၀တီမှ ပွဲစား လင်မယား ၂ဦးက အလည်ဗီဇာဖြင့် အလုပ်သမား ၃၀ဦးတင်ပို့ခဲ့သည်။ အလုပ်သမား၁၄ဦးတို့ ထမင်းစား စရာ မရှိ၍ MAT အဖွဲ့က သွားရောက်လှူဒါန်းပြီးနောက်ပွဲစားများကထိုင်းလ၀က အချုပ်ကားဖြင့်အဖမ်းပြ  ကာမြ၀တီ သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ 
          MATအဖွဲ့ဒါရိုက် ဦးကျော်သောင်း က “အလည်ဗီဇာနဲ့ပို့ထားတဲ့အလုပ် သမားတွေ ထိုင်းမှာအတော် များနေပါပြီ၊ မဟာချိုင်မှာ PP.Group ဆိုတဲ့နာမည် နဲ့ ထိုင်းရဲအရာရှိတွေ ပုလိပ်ကဒ်ဆိုတာ ထုတ်ပေးပြီး တော့ အလုပ်သမား တစ်ယောက်၊ တစ်လကို ဘတ်  ၅၀၀, ဘတ်၁,၀၀၀ မျိုးယူပြီး လုပ်ပေးထားတယ်။

ကန်ချနဘူရီ   နာနတ်သီးစက်ရုံမှာဆိုရင် တရား မ၀င်အလုပ်သမားတွေ ကို ဆိုပြီးတော့ တစ်လကို ဘတ် ၁,၀၀၀ စီယူပြီတော့ V V.Group ဆိုတဲ့ကဒ် ဆိုပြီးတော့လုပ်ကြတယ်။ ကျနော်တို့ မြန်မာအလုပ်သမားဝန်ကြီး ဌာနဟာ  ပြည်ပမှာသန်းချီရှိတဲ့အလုပ်သမားတွေအတွက်ရော၊ ပြည်ပကိုထွက်နေကြတဲ့ အလုပ်သမားတွေ အတွက်ပါစနစ်တကျ သုတေသနလုပ်ပြီးပြင်ဆင်ဖို့   နောက်ကျနေပြီ၊ ပွဲစားလောက် အစိုးရမမြန်ဘူးဖြစ်နေ တယ်” ဟုပြောသည်။ 
           မြန်မာရာဇ၀င်တွင် စနည်းနာသည့် အစဉ်လာများရှိခဲ့သည် ကိုမြန်မာတိုင်းအသိဖြစ်သည်။ လက်ရှိ 
ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရတိုသည်နာမည်ကြီး    ထိုင်းတက္ကသိုလ်များမှ ပါမောက္ခများအား၊ ထိုက်ထိုက် တန်တန်ပေး၍ ဥပဒေ၊ ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်၊ ကျမ္မာရေး၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အလုပ် သမားအရေးများကို နှစ်ကာလတစ်ခုသတ်မှတ်၍(ဥပမာ ၃နှစ်တစ်ကြိမ် ) သုတေသန ပြုလုပ်လေ့ရှိသည်။  ထိုပညာရှင်များ တွေ့ရှိချက်အားအလေး နက်ထား ဂရုပြု၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်လေ့ရှိသည်။ ထို့ကြောင့် ယခုထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်နေမှုတို့အား ရောက်ဖူးသူတိုင်းသိရှိမည်ဖြစ်သည်။
         ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖေါင်ဒေးရှင်းFEDဒါရိုက်တာ ဦးထူးချစ်က“ကျနော်တို့
ဖေါင်ဒေးရှင်းမှာ ထိုင်းနဲ့မြန်မာဝန်ထမ်းပေါင်းရှစ်ဆယ် ကျော်ရှိတယ်။ ကျောင်းသား/သူ ပေါင်း ငါးရာကျော် ရှိတယ်။ ကျနော်ဒီအဖွဲ့ ကို၂၀၀၃  ဆူနာမီဖြစ်ပြီးကတည်းက တည်ထောင်တာ။ ကျနော်တို့မှာ အလုပ်သမား
တွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခု အတိုင်းအတာအထိ အတွေ့အကြုံ တွေရှိနေတယ်။ တိုင်းပြည်နဲ့ လူမျိုးအ တွက် ကျနော်တို့အတွေ့အကြုံကို အလ ကားပေးပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါ။ ကျနော်တို့ 
ကျောင်းကို လာကြည့်ဖို့ လူကိုယ်တိုင်လည်းဖိတ်ဖူးပါတယ်။ စာနဲ့ပေနဲ့လည်း ဖိတ်ဖူးပါ တယ်။ မြန်မာ အစိုးရ က MOU ပွဲစားနဲ့တွေ့ ဖို့လောက် ကျနော်တို့ကို စိတ် မ၀င်စားဘူးဗျ” ဟုပြောသည်။