13 April 2014

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ်စုပေါင်းရှင်ပြု ရဟန်း ခံပွဲကျင်းပ


၂၀၁၄ ခု ဧပြီလ ၁၃ ရက် ၊ စောမောင်

ယနေ့ သင်္ကြန်အကျနေ့တွင်  မဟာချိုင်မှ မြန်မာအလုပ်သမားမိသာစုများမှ စုပေါင်း၍  ရဟန်းခံရှင်ပြု 
အလှူတော် မင်္ဂလာ အခမ်းအနားကို မဟာချိုင်မြို့ မူစီရပ်ကွက်အတွင်းရှိ ၀ပ်ထစ်ဘုန်းတော်ကြီးကျောင်း ၌ပြုလုပ်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားတွင် ဒုလ္လဘရဟန်း လောင်း၊ ရှင်သာမဏေ
လောင်းနှင့် သီလရှင်လောင်း စုစုပေါင်း၈၂ပါးတို့သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ခဲ့ကြသည်။



အလုပ်သမားငါးရာခန့်တို့သည် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များနှင့် နံနက်၈နာရီတွင်မူစီဝပ်ထစ်
ကျောင်း မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာ၍ မဟာချိုင်မြို့အတွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်ပြီး ညနေ၄နာရီတွင် ဆံချခြင်း၊ ကိုရင်နှင့် သီလရှင်ဝတ်ခြင်း၊ ဒုလ္လဘရဟန်းခံ သိမ်တက်ခြင်းနှင့် သိမ်ဆင် ဆွမ်းခြောက်လောင်းလှူခြင်း၊ တို့ပြုလုပ်ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

RFA ညနေသတင်းအရ ထိုင်းဘုရင့်သမီး မဟာချက်ကရီ သီရိဒုံ မှ စီစဉ်ခဲ့သည်ဟု ထုတ်လွှင့်သွားခဲ့သော် လည်း မဟာချိုင်အလုပ်သမားများကမူ ၀ိုးတိုးဝါးတားသြာေ ပာဆိုခဲ့သဖြင့် မည်သူတို့ ဦးစီး ဆောင်ရွက်သည် ကို ထုတ်ဖေါ်မပြောကြချေ။