21 April 2014

“တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့MOUပြဿနာတက်ပြန်ပြီ”


မောင်ပေါ်ထွန်း|၂၀၁၄ ဧပြီလ ၂၁ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာ ခရိုင် ချိုင်န 91 moo 2 Chana Songhla Rd. Chanong Chana Songlha 90130 တွင်ရှိသော Lee Heng Seafood Co.Ltd ငါးပုဇွန် အအေးခန်းအလုပ်ရုံတွင် အလုပ်လုပ်နေကြသ ည့် MOU အလုပ်သမားများနှင့်တရားဝင်မြန်မာအလုပ်သမားတစ်ရာကျော်တို့ အလုပ်သမားအခွင့်အရေး ချိုးဖေါက် ခံနေရသဖြင့် အလုပ်မဆင်ပဲ ယနေဆန္ဒပြနေကြကြောင်းသိရှိရသည်။

အလုပ်သမား MOU ဖြင့်လာသည့် အလုပ်သမား ၄၂ဦး နှင့် တရားဝင်မြန်မာပတ်စပို့ဖြင့် အလုပ် လုပ်နေသ ည့် အလုပ်သမား၉၂ဦး(စုစုပေါင်း ၁၃၄ဦး) တို့က အချိန်ပိုခိုင်းစေသည့်လုပ်အားခအား မှန်မှန်ကန်ကန်ပေး
ချေရန်တောင်းဆိုရာ အလုပ်ရုံက မပေးသဖြင့် အလုပ်သမားများ အလုပ်မဆင်းပဲနေကြကြောင်း သိရှိရ သည်။

အလုပ်သမားများအား နေ့စဉ်နံနက် ၈နာရီမှညနေ ၅နာရီအထိ ခိုင်းစေပြီးနောက် ၅နာရီမှ ညနေ ၈နာရီအ ထိလည်းကောင်းယခင်ကာလတုန်းကခိုင်းခဲ့ပါသည်။၂၀၁၄ ခု မတ်လမှစတင်၍ ညနေ၅နာရီမှညဥ့် ၁၁ နာရီအထိအလုပ်လုပ်ကိုင်ကြရသည်။ သို့ရာတွင် အချိန်ပိုများအတွက် လုပ်အားခရှင်းမပေးပဲ အခြား နေ့များ တွင် တစ်နေ့လုံးအလုပ်မလုပ်ရသည့်နေ့များတွင် နေ့တွက် ဘတ် ၃၀၀ ပြည့်အောင်ဖြည့် ပေးသည် ဟု အလုပ်ရုံမှ ပြောကြောင်းအလုပ်သမားများကပြောသည်။
အလုပ်သမားအခက်အခဲများအား လျှင်မြန်စွာ ပြေလည်နိုင်ရေးအတွက် ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က အေဂျင်စီများအဖွဲ့ချုပ်၊ မြန်မာသံရုံးတို့အား အချက်အ
လက်များရေးသားပေးပို့ခဲ့သည်။ တပြိုင်တည်းတွင် အလုပ်သမားများအား အရေးပေါ်ကူညီနိုင်ရန်အတွက်
FED အဖွဲ့နှင့် ကူညီနိုင်ရန် နည်းလမ်းများပြင်ဆင်ခဲ့ကြသည်။

ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFEDဒါရိုက်တာ ဦးထူးချစ် ကအလုပ် သမား များအား ပြောပြရာတွင် “အလုပ်သမားများအနေနဲ့အလုပ်လုပ်နေရင်းနဲ့ မကျေနပ်ချက်ရှိတာ ကို တင်ပြတောင်းဆိုရမယ်။ တောင်းဆိုတာကို မပေးတဲ့အခါမှဆန္ဒပြရမယ်။ အလုပ်ရုံတွေက မတရားလုပ်
တာဖေါ်ထုတ်တာကတစ်ပိုင်း။ အလုပ်မဆင်းလို့ ပုဇွန်တွေ ဘယ်နှစ်သန်းဖို့ပုပ်သွားပါတယ်ဆိုရင်ရှင်းရ လင်း ရခက်နေမယ်။ ဒါကြောင့်မို့ လိုထိန်းညှိနိုင်ဖို့ မိမိတို့အလုပ်သမားတွေထဲမှာအလုပ်သမား ခေါင်းဆောင် တွေရွေးပါ။ အလုပ်သမားတွေဖဲ့ထုတ်တာကိုပါမသွားပါစေနဲ့ တစ်သံတည်းဖြစ်နေဖို့လိုပါတယ်။ မိမိတို့ လိုလားချက်တွေကိုစာရေးထားပါ။ နက်ဖြန်လူကြီးတွေလာတဲ့အခါခပြပါ။ညှိနှိုင်းပါ။ ကျနော်တို့ အကြောင်း ကြားထားပြီဖြစ်တဲ့အတွက် နောက်အကျဆုံးနက်ဖြန်ဆိုရင် ဒေသဆိုင်ရာအလုပ်သမားရုံးက အရာရှိတွေ ရောက်လာပါလိမ့်မယ်”ဟုပြောသည်။

တော်ဝင်ရွှေတံခါး Royal Golden Gate ကုမ္ပဏီမှ Lee Heng Seafood Co.Ltd သို့MOUဖြင့်ကော့သောင်း
 ဘက်မှ အလုပ်သမား ၃သုတ်တင်ပို့ထားပါသည်။ ၂၅.၆.၂၀၁၂ နေ့က ၃၇ဦးသွင်းလာခဲ့ပါသည်။ ယခုကျန် သူ၉ဦး( ကျား၅+မ၄)။ ၂၉၊၈၊၂၀၁၂နေ့က ၃၆ဦး သွင်းလာခဲ့ပါသည်။ ယခုကျန်သူ ၁၆ဦး(ကျား၆+မ၁၀) နှင့် မ၂၈ဦးတို့အား ၄၊၅၊၂၀၁၃ နေ့ကတင်သွင်းလာခဲ့သည်။ (ယခု ကျန်သူမ၁၇ဦး) တို့ဖြစ်ကြပါသည်။ အထက်ပါ စါ ရင်းအရ အလုပ်သမား၃သုတ်(စုစုပေါင်း ၁၀၁ ဦး) တင်ပို့ခဲ့ရာတွင် လက်ရှိတွင် အလုပ်သမားပေါင်း ၄၂ဦးသာ ကျန်ရှိတော့သည်။

အလုပ်ရုံက ၂၀၁၂ ခုနှစ်က တင်သွင်းထားသည့် အလုပ်သမားများအား ပတ်စပို့အတွက် ဘတ်ငွေ ၁၂,၀၀၀ စီဖြတ်တောက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် တင်သွင်းသည့် အလုပ်သမားများကိုမူ ၁၆,၀၀၀စီ ဖြတ် တောက် ထားပါသည်။ အလုပ်ထွက်သွားသူများသည် ဘတ် ၃,၀၀၀ စီထပ်ပေးမှ ပတ်စပို့စာအုပ်ကို ရရှိသွားကြပါ သည်။ Royal Golden Gate ကုမ္ပဏီသို့ အလုပ်သမားတစ်ဦးလျှင်ကျပ်ငွေ နှစ်သိန်းရှစ် သောင်းစီ ပေးခဲ့ကြ ရသည်ဟု အလုပ်သမားများကပြောသည်။အလုပ်သမားများအား အချိန်ပိုခိုင်းစေသော်လည်း အချိန်ပိုကြေး မပေးပဲခိုင်းစေလာခဲ့သည်မှာ ၆လရှိပြီဖြစ်သည်။ အဆိုပါ အလုပ်ရုံတွင် ၆နှစ်ကြာသည့်အလုပ်သမားဟောင်း များပင်ရှိသည်ဟုသိရသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော် သောင်း က“ထိုင်းလုပ်ငန်းရှင်တွေကထိုင်းအလုပ်သမားဥပဒေကိုမလိုက်နာတာဖြစ်တယ်။ ထိုင်းမှာ ILO တို့ နိုင်ငံ တကာအိုင်အင်ဂျီအိုအဖွဲ့တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းစဉ်အောက်က လုပ်နေကြတာ နှစ်ပေါင်းနှစ်ဆယ်ကျော်နေပြီ။ ထိုင်းလုပ်ငန်းရှင်တွေ အလုပ်သမားဥပဒေချိုးဖေါက်နေတာကို မဖေါက်ရဲ အောင်ခုထိမလုပ်နိုင်ကြဘူး။ မြန်မာအစိုးရဘက်ကလည်း အလုပ်သမားသံအရာရှိထားပြီးလုပ်ခဲ့တာ ၃နှစ် ရှိခဲ့ပြီးဘာမှဖြစ်မလာဘူး။ မြန်မာအလုပ်သမားတွေက အခံဘက်ကချည်းပဲ။ ဒီလိုဥပဒေမလိုက်နာတဲ့ ကုမ္ပဏီတွေကို မတရားလုပ်တတ်တဲ့အကျင့်ရှိတဲ့ အေဂျင်စီတွေ လူလိမ်ပွဲစားတွေနဲ့ ပေါင်းပြီး MOU တင်သွင်းခွင့် Demand Letter ကို ထုတ်ပေးလိုက်တော့ ကိစ္စပြတ်သွား တာပေါ့” ဟုပြောသည်။

တရားမ၀င် လူကုန်ကူးမှု လျှော့နည်းစေရေးနှင့်အလုပ်သမားအခွင့်အရေးတန်းတူရရှိရေးဟူသည့် ရည်ရွယ်ချက်ဖြင့် MOU အလုပ်သမားတင်သွင်းခြင်းကို နှစ်နိုင်ငံအစိုးရတို့က ခွင့်ပြုခဲ့သည်။ သို့ရာတွင် အလုပ်သမားတင်ပို့သည့်ကုမ္ပဏီများနှင့်ကြားခံအေဂျင်စီများ တို့၏ မသမာမှုတို့ကြောင့် MOU အလုပ် သမားအတော်များများတို့မှာ နေ့စဉ် ဒုက္ခရောက်နေကြရသည်။ ယခုအခါ အလည်ဗီဇာများဖြင့် အလုပ် သမားတင်ပို့နေခြင်းတို့ရှိနေသည်ကို MATအဖွဲ့က အထောက်အထားများဖြင့် အလုပ်သမားဝန်ကြီးထံ သို့တင်ပြခဲ့သည်။ နည်းမှန်လမ်းမှန်မကျဖြစ်နေသည့် MOUဖြင့်အလုပ်သမားတင်သွင်းခြင်းကို တရားဝင် လူကုန်ကူးမှုဟု MAT က အမည်ပေးကင်ပွန်းတပ်ထားခဲ့ဖူးသည်။