25 April 2014

လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဂေဟာဖွင့်




ဧပြီ ၂၅  ရက်

မြတ်ညို(အလွတ်သတင်းထောက်)
      ဂျပန်အစိုးရ၏ အကူညီဖြင့် လူကုန်ကူးခံရသူများယာ ယီစောင့်ရှောက်ရေး   ဂေဟာတစ်ခုကို ကော့သောင်းမြို့တွင်ယမန်နေ့ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
ယခုဖွင့်လှစ်သည့် ပြန်လည်စောင့်ရှောက်ရေး ဂေဟာမှာ ဒုတိယမြောက်ဖြစ်ပြီး ပထမဂေဟာကို၂၀၀၉နှစ်  က တရုတ်နယ်စပ် မူဆယ်မြို့မှာ ပထမ ဖွင့်လှစ် ခဲ့ကြောင်း တာဝန်ရှိသူများပြောပြချက်အရသိရသည်။ ကော့သောင်းခရိုင် ဒုရဲမှူးမင်းခိုင် က ကျနော်တို့နိုင်ငံသားတွေ လူကုန်ကူးခံရသူတွေကို ပြန်လည်   စောင့် ရှောက်ပြီးတော့ အမြန်ဆုံပြန်လည်ပို့ဆောင်ရေးအတွက်ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက လုပ်သွား မှာဖြစ်ပါတယ်။” ဟုပြောသည်။
   ယခုဂေဟာဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း  ဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က  နယ်စပ်မှာ  ဒီလို ကယ်ဆယ်ရေး စခန်းတစ်ခု ပေါ်လာ တာကြိုဆိုပါတယ်” ဟုပြောသည်။
ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်  ထိုင်းအစိုးရ၊ မြန်မာအစိုးရ၊ FEDတို့နဲ့ ပူးပေါင်း၍၊ ၂၀၁၂ ခုနှစ်က လူကုန်ကူးမှုနှိမ်နင်းခြင်း ၁၉ကြိမ်တွင်  မြန်မာအလုပ်သမား ပေါင်း ၂၉၂ဦး။ ၂၀၁၃ခုနှစ်က  လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၂ကြိမ်အတွင်း ပြည်တန်ဆာ အဖြစ်ရောင်းစားခံနေရသည့်  မြန်မာအလုပ်သမား ၁၀ဦးအပါအ၀င် ၂၆၄ဦးအား ကယ်ထုတ်နိုင်ခဲ့သည်။

             MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က လူကုန်ကူး ခံခဲ့ရတဲ့   မြန်မာတွေကို မြန်မာ ဘက်အခြမ်းမှာ မြန်မာ အစားအစာ စားသောက်ပြီး အမှုအခင်းပြီးတဲ့ အထိ နေထိုင်းခွင့်ရမယ်ဆိုရင် ထိုင်းဘက်မှာထက်တော့ ကောင်း သွားမှာပေါ့။ ထိုင်းနိုင်ငံနွန်ထဘူရီ ကယ်ဆယ်ရေးစခန်းထဲမှာတော့ ကိုယ်ဝန်အငှါး ဆောင်ခိုင်း တာတွေ  ရှိခဲ့တယ်လို့ ၂၀၁၁ ခုနှစ်က ကျနော်ကယ်ထုတ်ဖူးတဲ့ စက်ချုပ်အလုပ်သမ  ၉ ယောက်က ပြောခဲ့ဖူးတဲ့VDO အင်တာဗျူး ကျနော့်လက်ထဲမှာ ယခုတိုင် ရှိနေဆဲပဲဖြစ်တယ်။    ကယ်ဆယ်ရေးစခန်းဟာ နှိပ်ကွပ်တဲ့နေရာမဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်” ဟု အတွေ့အကြုံများနှင့်ယှဉ်၍ ရှင်းပြသွားသည်။