25 April 2014

“အလုပ်သမား၅ဦးရောင်းစားခံရာကထွက်ပြေးလွတ်မြောက်”



             

၂၀၁၄ ခုဧပြီလ ၂၅|    စောမောင် 
          သံရုံးမှာလုပ်နေပါသည်ဟု ပြောဆိုသုံးနုန်း၍ အလုပ်သမား၅ငါးဦးတို့ အား ဘန်ကောက်မြို့အနီး နကပထုန်နာရီစင်အနီးရှိ သစ်ရွက်အမှုန့်ကြိတ် စက်ရုံတွင်ရောင်း စား ခံခဲ့ရသည့် အလုပ်သမားများထွက်ပြေးလွတ်မြောက်သွား ပြီ ဖြစ်ကြောင်း အလုပ် သမားများကပြောသည်။
           သံရုံးမှဟု ပြောဆိုသူအသက်၄၀၀န်း ကျင်ခန့် ကိုဝင်း (မွတ်ဆလင်)ကအလုပ်
 သွင်းပေး ခအဖြစ်အလုပ်သမားငါးဦးအတွက် ဘတ်၉,၀၀၀ ဖြင့် ပို့ပေးခဲ့သည်သည်။ သို့ရာတွင်လုပ်ငန်းရှင်ထံမှ ဘတ်၆,၀၀၀ ထုတ်ယူသွားကြောင်း အလုပ်သမားများ ကပြောသည်။
           MAT အဖွဲ့က မြန်မာသံရုံး သံမှူးကြီးအား ဖုန်းဖြင့်ဆက် သွယ်မေးမြန်း ခဲ့ရာ ကိုဝင် ဆိုသည့် မွတ်ဆလင် အမျိုးသားအား မြန်မာသံရုံးတွင်မရှိကြောင်း   ပြန်လည်ဖြေကြားခဲ့ပါသည်။ 

           ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “သူတို့ ကျနော့်ကို တစ်နေ့က အကူညီတောင်း လာ တယ်။ သူတို့ရောက်နေတဲ့နေရာ အခြေအနေတွေကို မေးမြန်းပြီးတော့ ကျနော် က သူတို့ကိုရှင်းပြတယ်။ ကျနော်တို့ လူကုန်တားရဲတွေနဲ့ ၀င်ဖမ်းရရင် ကယ်ဆယ်ရေး စခန်းထဲမှာ လနဲ့ချီပြီးကြာမယ်။ ပိုက်ဆံလည်းမရဘူး။ အမှုပြီးရင် နယ်စပ်ကို ပြန် ပို့ခံရမယ်။ မိသားစုတွေရှိရင် ဆက်သွယ်ပြီးတော့ ထွက်ပြေးတာဟာ အကောင်းဆုံး လို့ပြော လိုက်ပါတယ်” ဟုဆိုသည်။ 
      ကိုသန်းဇေါ်၊ အောင်ကျော်ဇော၊ ရဲမင်းအောင်၊ ယုဝါလှိုင်နှင့် စန်းစန်းမြင့်၊ ဆိုသူတို့ ယမန်နေ့ညဥ့်ကထွက်ပြေးလွတ်မြောက်ခဲ့ပြီးဖြစ်ကြသည်။
          မြန်မာအစိုးရက ယာယီ ပတ်စပို့လုပ်ငန်းနှင့် MOU အလုပ်သမားတင်သွင်းလာ ခဲ့ပြီးနောက်ပိုင်း ဘန်ကောက်မြို့ မြန်မာသံရုံးသည် ပွဲစားများနှင့်  ဆက်သွယ်လုပ်ကိုင် ခဲ့ရမှုများရှိလာခဲ့သည်။ နေရာအတော်များများတို့တွင် သံရုံးကပါ ဟူ၍ ပြောဆို လုပ်စား
နေကြသည့် ပွဲစားများစွာပေါ်ပေါက်နေပြီးဖြစ်ကြောင်း အလုပ်သမားများပြောပြ ချက် အရ သိရှိရသည်။