08 April 2014

“MOU အလုပ်သမားတစ်ဦးအား ပြည်နှင်ဒဏ်ပေး”

                  ၂၀၁၄ ခု ဧပြီလ ၈ ရက်၊ မင်းဘခက်
တစ်လလျှင် ဘတ်ငွေလေးထောင် ၃လတိုင်တိုင် အဖြတ်တောက်ခံရသည့်MOUအလုပ်သမားတစ် ဦး က မြန်မာသံရုံးသို့ တင်ပြအကူညီတောင်း ခံခဲ့ရာသက်ဆိုင်ရာကုမ္ပဏီကဘတ်ငွေ ၁,၇၀၀  ပေး၍ ပြည်နှင် ဒဏ် ပေးလိုက်ကြောင်း အလုပ်သမား  ကပြောသည်။
          ဘန်ကောက်မြို့မင်ဘူရီ၂၉လမ်းတွင်ရှိသော ကွန်ကရစ် ကျောက်ပြားထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ကိုကြည်လင်းခိုင်သည် တစ်လလျှင် ဘတ်ငွေ၎,၀၀၀နုန်းဖြင့်၃လတိုင်တိုင်ဖြတ်   တောက်ခဲ့သည်။ ထို့ကြောင့်အလုပ်သမားများကပတ်စပို့ကိုထောင်းခံရာ နောက်ထပ်  ဘတ်ငွေ ၅,၀၀၀   ထပ်မံပေးရမည်ဖြစ်ကြောင်း ပြန်ပြောသည်။ 
            ထို့ကြောင့် ကိုကြည်လင်းခိုင်အား ဧပြီလ၆ ရက်နေ့တွင် အလုပ်ရုံ ထဲမှ မောင်းထုတ်ခံသဖြင့် မိုးချုပ် ခါနီးအထိ လမ်းမပေါ်တွင် ထိုင်နေခဲ့ရသည်။  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ ကူညီပေးမှုဖြင့်လုံခြုံ သည့်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ယမန်နေ့က  မြန်မာအလုပ်သမားသံအရာနှင့် မဲဆောက် MCC ကုမ္ပဏီ မှ   ဒေါ်ပန်းချယ်ရီက ဘတ်ငွေ ၁,၇၀၀ပေး၍ မြ၀တီသို့ ပို့ဆောင်ပေးခဲ့သည်။


ကိုကြည်လင်းခိုင်က“ကျနော်လမ်းမပေါ်မှာစနေနေ့ညနေက မောင်းထုတ်ခံရတယ် အလုပ်သမားသံအရာရှိ ဖုန်း ၀၈၆ ၇၇၄ ၆၈၂၅ ကိုဆက်တယ်။ တနင်္လာနေ့မှ လာခဲ့လို့ပြောပါတယ်။ မှောင်လာရင် ကျနော် အခက် အခဲကြုံ လာနိုင်တာကြောင့် MAT အဖွဲ့ကို အကူညီတောင်းပြီးတော့ လုံခြုံတဲ့နေရာ တစ်ခုမှာ ကျနော် တည်းခိုလိုက်ပါတယ်။ မနေ့က ကျနော် တစ်ယောက်တည်း အလုပ်သမားသံအရာရှိရုံးကိုသွားပါတယ်။ ကျနော်ဆီကဘတ်ငွေ ၁၂,၀၀၀ လည်းဖြတ်ပြီးပြီ၊ မြန်မာပြည်မှာလည်း လေးသိန်းခွဲပေးခဲ့ရတယ်။ ဒီအလုပ် မှာ ကျနော် ဆက်လုပ်လို့မဖြစ်နိုင်တော့တာမို့ အလုပ်ပြောင်းပေးဖို့ ကျနော်   တောင်း ဆိုပါတယ်။ ဒါပေမယ့် ကျနော့်ကို မြန်မာပြည်ကို  ပို့လိုက်ပါတယ်” ဟုပြောသည်။
            ၂၀၁၄ ခု ဇန်န၀ါရီလ၇ ရက်နေ့က အလုပ်သမား၂၈ဦးအား ----- ကုမ္ပဏီမှ တင်သွင်းခဲ့သည်။ သို့ရာတွင် အလုပ်သမားမျာမှာ နေရာပေါင်းစုံသို့ ခွဲခြားပို့ဆောင်ပစ်ကြောင်းအလုပ်သမားများကပြောသည်။  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ဖြေရှင်းနည်းက  သဘာဝ မကျ ဘူး မမျှတဘူး။ အလုပ်သမားကို ရက်စက် ရာရောက်ပါတယ်။ MOU အလုပ်သမားတွေကို မူလ စာချုပ်ပါ ကုမ္ပဏီမှာသာ လုပ်ခွင့်ပြုတယ်လို့ဆိုရင် ထိုင်းမှာMOU နဲ့ပို့ထားတဲ့အလုပ်ရုံတွေကို ကျနော် စစ်ဆေးချင် တယ်။ 

မူလသတ်မှတ်တဲ့နေရာမှာအလုပ်သမားဘယ်နှစ်ရာခိုင်နုန်း ရှိမလဲ။ နောက် အရေးအကြီးဆုံး အချက်က အလုပ်သမားက မြန်မာပြည်မှာ လည်းကျပ်လေးသိန်းကျော်ကုန်ပြီးပြီ။ ထိုင်းမှာလည်း အစိုး ရသတ်မှတ်ထား တဲ့ဘတ်၁၀,၀၀၀ထက်ပိုပြီး၁၂,၀၀၀ တောင်အဖြတ်ခံထားရပြီးပြီ။ နောက်ထပ်ဘတ် ၅,၀၀၀ ပေးမှ စာအုပ် ကိုရမယ်တဲ့။ စာအုပ်ကို ဖျက်သိမ်းပြီး မြန်မာပြည်ပြန်ပို့တယ်ဆိုတာ မလုပ်သင့် မလုပ်အပ်ဘူး” ဟုပြော သည်။
           ထိုင်းနှင့်မြန်မာအစိုးရတို့  သတ်မှတ်ထားချက်မှာ အလုပ်သမားတစ် ဦးစီထံမှ မြန်မာပြည်တွင် ကျပ်ငွေတစ်သိန်းနှင့် ထိုင်းဘက်တွင် ဘတ်ငွေ တစ်သောင်း ထက်ပိုမယူရဟူပြဌာန်းထားပါသည်။  
“မှားတဲ့အလုပ်သမားကိုမှားသလိုအပြစ်ပေး၊ မတရားလုပ်တဲ့အေဂျင်စီကို သင့်တော်တဲ့အပြစ်ပေးပါ။ ဒါမှတရားနည်းလမ်းကျပါမယ်။  ခုဟာက အလုပ် သမားတွေကို အခွင့်အရေးတောင်းရဲရင်တောင်းကြည့် နယ်စပ်ကိုအပို့ခံရ မယ်ဆိုတဲ့ နှိပ်ကွပ်တဲ့ပုံစံမျိုးနဲ့ တောက်လျှောက်   ဖြေရှင်းနေကြတယ်။ အလုပ်သမားတွေ ခမျာလည်း လာတဲ့ပိုက်ဆံတွေ အတွက်   ငွေတိုးပေး ပြီးချေးလာကြရတာ။ နောက်ပိုင်းကမိသားစုက အဆင်မပြေ၊ ကြိတ်ခံနေ ကြရတာ၊ ဗမာအချင်းချင်းနှိပ်ကွပ်နေကြတာပါ”ဟု ဦးကျော်သောင်းက   ထောက်ပြသည်။   
       ပြည်နှင်ဒဏ်ခံလိုက်ရသော ကိုကြည်လင်းခိုင်နှင့်အတူ များမကြာမီက   ငွေကြိုးကြာကုမ္ပဏီအမည်ခံ၍ အလည်ဗီဇာဖြင့် တင်ပို့ခံခဲ့ရသည့် အလုပ်သမားများတို့သည် ရန်ကုန်မြို့တွင်ရှိသော အေဂျင်စီများအဖွဲ့ချုပ်သို့ ၎င်းတို့ပြဿနားအား ဖြေရှင်းပေးရန် ထွက်ခွာသွားကြပြီဖြစ်ကြောင်းသိရှိရသည်။